ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLDပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း စန္ဒာမင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဘက်ပြောင်းသွားပြီး အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ စန္ဒာမင်းဟာ NLDပါတီက အမတ်ဟောင်းတဦးဖြစ်ပြီး မိခင်ပါတီကို တိုက်ခိုက်နေတာကြောင့်ပါတီ CECအဖွဲ့ကနေ ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့်အတုယောင်ရွေးကောက်ပွဲမှာ NDFပါတီဘက်ပြောင်းပြီး ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ အရွေးကောက်ခံမယ်လို့သိရပါတယ်။
“သူတော်ချင်းချင်းသတင်းလွှေ့လွှေ့ပေါင်းကြတာပေါ့။ စခလုပ်တဲ့အတုယောင်ရွေးကောက်ပွဲဝင်တဲ့ ဘယ်သူ့ကိုမဆို အာဏာရူး၊ နေရာရူးလို့တော်လှန်ပြည်သူတွေက သတ်မှတ်မှာ။ သူတို့ကတော့ သမိုင်းကွေးပြီပေါ့ဗျာ။ ရွှီးကတော့ မြောင်းထဲရောက်သွားပြီ”လို့သူနဲ့လုပ်ဖော်ကိုင်ဖက်တဦးကမှတ်ချက်ပြုပါတယ်။ NDFပါတီက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းမူပိုင်ခွင့်ရဖို့အရေး မန္တလေးက နာမည်ကြီး မြို့မအဖွဲ့ကသီချင်းတွေကို သွားတောင်းနေတာတွေရှိနေပြီး စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။
#သောင်ရင်းသတင်းလွှာ #NDF #စန္ဒာမင်း #စကစ #အတုယောင်ရွေးကောက်ပွဲဝင်ပြိုင်