ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အာဏာလုအကြမ်းဖက်စစ်အုပ်စုရဲ့ နောက်လိုက် ကြံ့ဖွံ့ပါတီနဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ MoU လက်မှတ်ထိုးခဲ့တယ်လို့ ကြံ့ဖွံ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ရက်နေ့က ကြံံ့ဖွံ့ပါတီ (USDP) နဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)တို့ဟာ နှစ်နိုင်ငံ ပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (MoU) လက်မှတ်ရေးလိုက်တယ်လို့ သိရပါတယ်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) ရုံးချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကြံံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ခင်ရီ နဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)ဥက္ကဋ္ဌ ဟွန်ဆန်တို့တက်ရောက်ခဲ့တာလို့ ကြံ့ဖွံ့ဘက်က ထုတ်ပြန်ထားပါတယ်။
#သောင်ရင်းသတင်းလွှာ #ကြံ့ဖွံ့ #ခင်ရီ #ကမ္ဘောဒီးယား #ဟွန်ဆန်