စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
– မြစ်ကမ်းပါးရေလျှံ/ရေနစ်မြုပ်မှုဖြစ်ပွားနိုင်တဲ့နေရာတွေကတော်ဥတရာဒစ်၊ တာ့ခ် ပက်ချာဘွန်နဲ့ Loei ပြည်နယ်တွေဖြစ်ပါတယ်။
– လျှပ်တစ်ပြက်ရေကြီး/ရေတိုရေလျှံမှု- ထရတ် နဲ့ရနောင်းတို့ဖြစ်ပါတယ်။
-မြစ်ရေလျှံမှု/ ရေနစ်မြုပ်မှုဖြစ်ပွားနိုင်တဲ့နေရာတွေကတော့ ဆူခိုထိုင်း၊ ဖိစနုလို့၊ ဖီချစ်၊ ပက်ချာဘွန်၊ Loei၊ နောင်ဘွားလမ်ဖူ၊ ဥဒုံတာနီ၊နခွန်ဖနုမ်၊ ခွန်ကနိ၊ မဟာဆရကန်၊ မတ်ဒဟန်၊ရိုင်အက်၊အန်သောင်၊ ဖရာနခွန်ဆီ အယုဒ္ဓိယတို့ဖြစ်ပါတယ်။
– လှိုင်းကြီးပြီး လေပြင်းများနိုင်တဲ့နေရာတွေကတော့ ရနောင်း၊ ဖန်င၊ ဖူးခက်တို့ဖြစ်ပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ ရက် ကနေ ၃ ရက်အထိ နေရာအနှံ့ မိုးဆက်လက်ရွာသွန်းနိုင်ပြီး၊ အထူးသဖြင့် အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အချို့နေရာတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေမှာ မုတ်သုံလေ အားကောင်းနေပြီး အနောက်တောင်မုတ်သုံလေအားကောင်းနေပါတယ်၊ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာလည်း အားကောင်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာကနေ ၃ မီတာအထိ ရှိနိုင်ပြီး မုန်တိုင်းသင့်ဒေသတွေမှာ ၃ မီတာအထက် မြင့်တက်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်အောက်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာ ဝန်းကျင်ရှိနိုင်ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အတွင်း ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ ဘန်ကောက်မြို့အပါအဝင် အရှေ့မြောက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာမိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အရှေ့ပိုင်းဒေသတွေမှာလည်းမိုးသည်းထန်စွာရွာနိုင်ပါတယ်။ မုတ်သုံလေဟာတောင်ဘက်ကိုရွေ့လျားပြီး၊ အနောက်တောင်မုတ်သုံလေဟာ အားပျော့သွားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့တို့မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး မုန်တိုင်းသင့်ဒေသတွေမှာလှိုင်းအမြင့် ၁ ကနေ၂ မီတာအထိ မြင့်တက်လာနိုင်ပါတယ်။ နေထိုင်သူတွေနဲ့ခရီးသွားတွေအနေနဲ့နောက်ဆုံးထွက်ရှိမယ့် ခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ရန်၊ ရေကြီးလေ့ရှိတဲ့နေရာတွေကို ရှောင်ရှားရန်နဲ့ပြင်းထန်တဲ့လှိုင်းနဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် ကမ်းရိုးတန်းတစ်လျှောက် သတိထားနေထိုင်ကြဖို့အကြံပြုထားတယ်လို့ Thai Enwuirer သတင်းကဖော်ပြပါတယ် ။