တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

စက်တင်ဘာ၅၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ

ရွေးကောက်ပွဲရာသီတွေရောက်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကို တပ်က အမတ်လောင်းတွေစေလွှတ်ယှဥ်ပြိုင်ခဲ့တဲ့အစဥ်အလာရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီဇင်ဘာလကုန်လုပ်မယ့် ရွေးကောက်ပွဲအတွက် စက်တင်ဘာလဆန်းအထိ စာရင်းမပို့သေးဘူးလို့ BBC ကစက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာ ၁ ရက်မှာ USDP ပါတီက စာရင်းချုပ်လိုက်ပြီဖြစ်ပေမဲ့ အဲဒီစာရင်းမှာ တပ်ကစေလွှတ်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ မပါသေးဘူးလို့ ပါတီတာဝန်ရှိသူတချို့ထံကနေ သိရပါတယ်။


“ပြည်သူ့လွှတ်တော်အတွက် စာရင်းပေးထားပေမဲ့ အမျိုးသားလွှတ်တော် ဒါမှမဟုတ် တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုလည်း ပြောင်းပြီးပြိုင်ရနိုင်တယ်လို့ ကြိုအသိပေးထားပါတယ်” လို့ USDP အမတ်လောင်းတစ်ဦးက ပြောပါတယ်။ ဒါက တပ်က အငြိမ်းစားယူပြီး ရောက်လာမယ့် စစ်ဗိုလ်ချုပ်တွေကို ဦးစားပေးဖို့ဆိုတာကို နားလည်ထားတဲ့အကြောင်း အဲဒီအမတ်လောင်းက ပြောပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်နေရာတွေအတွက် ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်စရာမလိုပေမဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်နေရာတွေကို ရွေးချယ်ပေးရမှာက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *