ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှာ လူအသေအပျောက်များတဲ့ရေကြီးခြင်း၊ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းနဲ့ နေရာအနှံ့အပြားသို့ ရွှေ့ပြောင်းနေရခြင်းတွေကြောင့် အကြမ်းဖက်မှုတွေပြင်းထန်လာခြင်းနဲ့ သွားလာရေး ပိတ်ဆို့ခြင်းတွေကြောင့် အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်တွေမဖြည့်ဆည်းပေးနိုင်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၃၁ရက်နေ့မှာသတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က အတားအဆီးမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရန် လိုအပ်ကြောင်းနဲ့အကျပ်အတည်းမှ ငြိမ်းချမ်းသော လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ “အရပ်သားတွေနဲ့ အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်တဲ့ လေကြောင်း ဗုံးကြဲမှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂက စိုးရိမ်နေဆဲပါ” လို့ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ၎င်းက ပြောကြားခဲ့ပါတယ်။ “အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများအား အကာအကွယ်ပေးရမယ်”လို့သူကပြောပါတယ်။ ဆိုင်ကလုန်း Wipha ကြောင့် မုတ်သုံမိုးရွာသွန်းမှုနဲ့ရေကြီးရေလျှံမှုတွေ ပိုမိုဆိုးရွားလာပြီးနိုင်ငံတစ်ဝှမ်းရှိ ဒေသအချို့ကို ဖြတ်ကျော်ဝင်ရောက်ကာ ပဋိပက္ခနဲ့ မတ်လအတွင်း ငလျင်လှုပ်ခတ်မှုတွေကြောင့် မတည်မငြိမ်ဖြစ်ခဲ့တဲ့ ဒေသတွေပိုမိုတင်းမာလာပြီးသူရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။ အကျပ်အတည်းကြောင့် လူပေါင်း ၃.၃ သန်းကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ် ၁၈၂၀၀၀ဟါ ပြည်ပမှာခိုလှုံနေကြရတယ်လို့ကုလသမဂ္ဂရဲ့နောက်ဆုံးထုတ် ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာ အသိုက်အဝန်းကအဖွဲ့ဝင် အများစု ဖြစ်တဲ်၁.၂ သန်းကျော်ဟာ အကြမ်းဖက်မှု လှိုင်းလုံးတွေကြောင့် နိုင်ငံတွင်းကနေ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုနဲ့တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ တစ်သန်းနီးပါး ထွက်ပြေးလာချိန်မှာ အကြီးမားဆုံး အစုအပြုံလိုက် အစုအပြုံလိုက် ထွက်ခွာမှုဟာ အဲဒိအချိန်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ရဲ့“လူမျိုးတုံးသုတ်သင်မှုဆိုင်ရာ ပုံနှိပ်စာအုပ် နမူနာ” နဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေဘေးသင့်ဒေသတွေမှာ လူပေါင်း ၈၅,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး အိုးအိမ်တွေပျက်စီးကာ လမ်းတွေပြတ်တောက်ပြီး အရေးပေါ်ဝန်ဆောင်မှုတွေလည်းနှောင့်နှေးနေပါတယ်။ ကယ်ဆယ်ရေးလုပ်ဖော်ကိုင်ဖက်တွေကစားနပ်ရိက္ခာ၊ လုံခြုံသောသောက်သုံးရေနဲ့ ဆေးဝါးအထောက်အပံ့တွေသိသိသာသာ ပြတ်တောက်နေတယ်လို့အစီရင်ခံပါတယ်။ တောင်ငူခရိုင် (ပဲခူးတိုင်း) တစ်ခုတည်းမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃ ဦးရှိတယ်လို့အတည်ပြုနိုင်ခဲ့ပြီး ရှမ်းပြည်နယ်မှာမြေပြိုမှုကြောင့် သေဆုံးသူ ခြောက်ဦးရှိနာ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ လမ်းစက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Farhan Haqကဆက်ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ လမ်းကြောင်းဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ပြီး ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ အတွက် အတားအဆီးမဲ့ ဝင်ရောက်ခွင့် လိုအပ်ပါတယ်” လို့ မစ္စတာ Haq က အလေးအနက် ပြောကြားပြီး ကျန်းမာရေး စနစ်တွေဟာလည်း ပြင်းထန်တဲ့တင်းမာမှု အောက်မှာ ရှိနေတာကို သတိပြုမိပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီးမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးနောက် ရောဂါပြန်လည်ဖြစ်ပွားမှု မြင့်တက်လာတဲ့ကလေးတွေအတွက် ယာယီစာသင်ခန်း ဆောက်လုပ်နေတဲ့အလုပ်သမားကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်တဲ့ ကျန်းမာရေးအစုအဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စာစောင်တစ်ခုမှာရေကြီးမှုကြောင့် ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးနဲ့ငှက်ဖျားရောဂါတို့ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဝက်သက်လိုကာကွယ်ဆေး-ကြိုတင်ကာကွယ်နိုင်သောရောဂါတွေ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းစိုးရိမ်မှုများရှိနေပြီး ကာကွယ်ဆေးထိုးနှုန်းနိမ့်ကျမှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခတာကြောင့် ပိုလီယိုရောဂါဖြစ်ပွားမှုတိုးပွားလာနေပါတယ်။ WHO က ယခုနှစ်အထိ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေအပေါ် တိုက်ခိုက်မှု ၂၇ ခုကို အတည်ပြုထားပြီး အခြားစောင့်ကြည့်ရေးအဖွဲ့တွေက နောက်ထပ်ဖြစ်ရပ် ၁၄၀ ကျော်ကို အစီရင်ခံတင်ပြထားပါတယ်။ တစ်ချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် ပိုမိုဆိုးရွားလာတဲ့ရန်ပုံငွေပြတ်တောက်မှုဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဌာန ၆၅ ခုနဲ့ မိုဘိုင်းဆေးခန်း ၃၈ ခုမှာဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ နောက်ထပ် မိုဘိုင်းဆေးခန်း ၂၈ ခုရဲ့ဝန်ဆောင်မှုတွေကို လျှော့ချထားရပါတယ်။ နိုင်ငံရေးအခင်းအကျင်းဟာဆိုးရွားနေဆဲဖြစ်ပါတယ်။ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေ ဆက်တိုက် မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းမယ့် အစီအစဉ်ဟာ ကုလသမဂ္ဂအပါအဝင်အခြားအဖွဲ့တွေကို နက်နဲတဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
“ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြားမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပမာ့် အစီအစဉ်အပေါ် အထွေထွေအတွင်းရေးမှူးချုပ်က ၎င်းရဲ့စိုးရိမ်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ၎င်းတို့ရဲ့နိုင်ငံရေးအခွင့်အရေးတွေကို လွတ်လပ်စွာ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်စေမယ့်အခြေအနေတွေ မရှိပါဘူး “လို့ Mr. Haq က ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့အကျဉ်းသားအားလုံးကို ချက်ခြင်းပြန်လွှတ်ပေးရဖို့တောင်းဆိုခဲ့တဲ့ ၂၀၂၂ခုနှစ်က ချမှတ်ခဲ့တဲ့လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ပြန်လည် အမှတ်ရမိစေပါတာ်။ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးခြင်း၊ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ မတည်ငြိမ်မှုတွေနဲ့ဝင်ရောက်ရန် ကန့်သတ်ချက်တွေရှိနေပေမာ့်လည်း ကုလသမဂ္ဂအေဂျင်စီတွေကထိခိုက်ခံစားရသူတွေထံ ရောက်ရှိရန် ကတိကဝတ်ပြုထားဆဲဖြစ်ပါတယ်။ ဇူလိုင်လအထိ ငလျင်လှုပ်ခတ်ခဲ့တဲ့မြို့နယ် ၅၉ ခုက လူပေါင်း ၃၀၆,၀၀၀ နီးပါးဟာကျန်းမာရေး ဝန်ဆောင်မှုတွေကို လက်ခံရရှိခဲ့ပြီး ၊ရည်မှန်းချက်ထားထားတဲ့လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းသာ ရှိပြီး အကူအညီပေးရေးလုပ်သားတွေကြုံတွေ့နေရတဲ့ ရန်ပုံငွေနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရောင်ပြန်ဟပ်နေပါတယ်။ “ကုလသမဂ္ဂကမြန်မာနိုင်ငံမှာဆက်လက်နေထိုင်ပြီး ပို့ဆောင်ပေးဖို့သန္နိဋ္ဌာန်ချထားပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံနဲ့အခြားဒေသတွင်း ပါဝင်ဆောင်ရွက်သူတွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့လက်တွဲဆောင်ရွက်သွားဖို့ကတိပြုပါတယ်””လို့ကြေငြာချက်မှာဖော်ပြထားပါတယ်။