တောင်ငူမြို့မှာငလျင်လှုပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်

စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၉:၄၇ မိနစ်အချိန်ခန့်မှာပဲခူးတိုင်း၊ တောင်ငူမြို့ရဲ့အနောက်မြောက်ဘက် ၁၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီးရစ်ခ်တာစကေး ၅.၁ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေလျော့နည်းစေဖ်ု့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုချက်တွေနဲ့အညီ နေထိုင်ကြဖို့အသိပေးအပ်တယ်လို့လည်းဆိုပါတယ်။ မှတ်ချက်။ မြေငလျင်တိုင်းတာစက်တွေကအသုံးပြုတဲ့ စကေးနဲ့တိုင်းတာတဲ့နည်းလမ်းတို့အပေါ်မူတည်ပြီးလည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *