ဇန်နဝါရီ လကုန်မှာ မြန်မာနိုင်ငံစစ်တမ်းရလဒ်ကို လို့ ရွေးကောက်ပွဲအရာရှိကဆို

  • စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

    မြန်မာမှာ ဒီနှစ်ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲရဲ့ ရလဒ်ကိုလာမယ့်နှစ် ဇန်နဝါရီလကုန်မှာ ထွက်ပေါ်လာမယ်လိုမျှော်လင့်ထားကြောင်း စစ်အစိုးရကခန့်အပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတစ်ဦးကစက်တင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့တယ်လို့ CNA သတင်းကဖော်ပြပါတယ်။ “နောက်ဆုံး ရွေးကောက်ပွဲရလဒ်ကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်မှာ မျှော်မှန်းထားပါတယ်” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အမည်မဖော်လိုသူ အရာရှိတစ်ဦးက AFP ကိုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်မှာရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုဆိုတဲ့ မခိုင်လုံတဲ့စွပ်စွဲချက်နဲ့စစ်တပ်က ဖြုတ်ချပြီးကတည်းက ပြည်တွင်းစစ်တောက်လောင်နေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်က သွေးထွက်သံယို ပဋိပက္ခအတွက် ထွက်ပေါက်လမ်းကြောင်းတစ်ခုအဖြစ် ကြွေးကြော်ထားပြီး ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မှာဖြစ်ပြီးတစ်လလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။ ကော်မရှင်က စက်တင်ဘာ ၁၁ရက်နေ့ကနေပြည်တော်မှာ သုံးနာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့အကြောင်းကိုတစ်ကြိမ်မျှ ပြောကြားခဲ့တာမရှိပါဘူး။ အမျိုးသားလွှတ်တော်ရဲ့အမတ်နေရာအတွက် ပါတီခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုပါတယ်။ “တနိုင်ငံလုံးအတွက် နိုင်ငံရေးပါတီ ခြောက်ပါတီနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၅၁ ပါတီ ရှိတယ်။ စုစုပေါင်း ရွေးကောက်ပွဲဝင်ဖို့ ၅၇ ပါတီရှိတယ်” လို့UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။


ရွေးကောက်ပွဲကို အဆင့်သုံးဆင့်နဲ့ကျင်းပမှာဖြစ်ပြီး အဆင့်တစ်ခုစီအကြား နှစ်ပတ်ကြာ ကျင်းပမှာဖြစ်တယ်လို့UEC က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ နယ်မြေအများအပြားဟာ ဒီမိုကရေစီတော်လှန်ရေးပြောက်ကျားတွေနဲ့အင်အားကြီးမားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့အုပ်ချုပ်မှုအောက်မှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုထက် ကျော်လွန်နေပြီး ၎င်းတို့ရဲ့ နယ်မြေတွေတွင် ရွေးကောက်ပွဲတွေကို ပိတ်ဆို့သွားမယ်လို့ကတိပြုထားကြပါတယ်။ “ကျနော်တို့မှာ လုံခြုံရေးအန္တရာယ်ရှိတဲ့ နေရာ ၆၃ ခုလောက်ရှိတယ်” ဟးလို့ ဦးခင်မောင်ဦးက ပြောပါတယ်။ “ဒါပေမယ့် မဲပေးပြီးတဲ့အထိ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ”လို့လည်းသူကဆက်ပြောပါတယ်။ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာအကျဉ်းချခံနေရဆဲဖြစ်ပြီး နိုင်ငံတကာကစောင့်ကြည့်လေ့လာသူတွေနဲ့လေ့လာသုံးသပ်သူတွေက ရွေးကောက်ပွဲဟာ စစ်တပ်ဆက်လက် ချုပ်ကိုင်နိုင်ရေးအတွက်လို့ဆိုကြပေမယ့်လည်းစစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲကို ပဋိပက္ခအဆုံးသတ်ရေးနည်းလမ်းအဖြစ် အမွှမ်းတင်ပြီးတောက်လျှောက် ကြွေးကြော်နေပါတယ်။ စစ်တပ်က မဲနယ်ပယ်ချဲ့ထွင်ဖို့ကြိုးစားနေချိန်မှာ အတိုက်အခံအဖွဲ့တွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုတွေပြုလုပ်နေချိန်မှာ ပဋိပက္ခစောင့်ကြည့်လေ့လာသူများက အကြမ်းဖက်မှုနဲ့မငြိမ်မသက်မှုများ မြင့်တက်လာမယ်လို့ ခန့်မှန်းကြပါတယ်။

ရွေးကောက်ပွဲကို ဝေဖန်သူ သို့မဟုတ် ဆန္ဒပြသူတွေကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေသစ်ကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။ ပြန့်ကျဲနေတဲ့ ဒီမိုကရေစီတော်လှန်ရေးပြောက်ကျားအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ စတင်တိုက်ခိုက်ပြီးနောက် နယ်မြေအနိုင်ရလဒ်တွေဆက်တိုက်မရရှိမီ စစ်တပ်ကို ဦးတည်အနိုင်ယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်၎င်းတို့ရဲ့အရှိန်အဟုန်ဟာ ရပ်တန့်နေပြီး မဲမပေးရမီမှာ စစ်အစိုးရက အကန့်အသတ်နဲ့ အောင်မြင်တဲ့တန်ပြန်ထိုးစစ်တွေကို ပြုလုပ်ခဲ့ပြီး မြောက်ဘက်က အများစုဖြစ်ဖတဲ့သေးမြို့ငယ်လေးတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်​ရျွစးကောက်ပွဲဟာ အကန့်အသတ်နဲ့သာ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ပြုလုပ်ခဲ့တဲ့သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၁ သန်းမှာ ၁၉ သန်းရဲ့ အချက်အလက်တွေကို ကောက်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ ယာယီတွေ့ရှိချက်တွေအရ ချို့တဲ့မှုရဲ့အကြောင်းရင်းတစ်ခုအဖြစ် “သိသာထင်ရှားတဲ့လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေ” ကို ကိုးကားပြီး တွေ့ရှိချက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၄ ခုအနက် ၇၀ ကျော်က တနိုင်ငံလုံးအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *