မြန်မာပြည်ဘက်ပို့မယ့် လက်နက်ကြီးကျည်တွေ မဲဆောက်မှာဖမ်းမိထား

အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းမှာ မြန်မာပြည်ပို့ဖို့သယ်လာတဲ့ လက်နက်ကြီးကျည်တွေကို ထိုင်းအာဏာပိုင်တွေဘက်က ဖမ်းမိထားတယ်လို့ သိရပါတယ်။


မနေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်က မြန်မာပြည်အတွက် လက်နက်ကြီးကျည်တွေ သယ်ဆောင်လာတဲ့ ကားကို မဲ​ဆောက်အဝင် ​တာ့ခ်ခရိုင်၊ ဝှေးယားဟူးစစ်​ဆေး​ရေးဂိတ်မှာ ဖမ်းမိခဲ့တာလို့သိရပါတယ်။

“အဖွဲ့စုံနဲ့ မိသွားတာ။ ပစ္စည်းပိုင်ရှင် မြန်မာဘက်ကလူတွေ ရင်မောရတာပေါ့။

ကားကို မဲဆောက်ခေါ်လာပြီး အဖွဲ့စုံရှေ့မှာ သိမ်းလိုက်တာ။

ထိုင်းလူမျိုး၂ဦးကို လက်နက်မှောင်ခိုသယ်တဲ့အမှုနဲ့ အခု ဖမ်းဆီးစစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဖော်နေတယ်”လို့ ထိုင်းရောက်မြန်မာတဦးကပြောပါတယ်။

ဖမ်းမိထားတဲ့ ခဲယမ်းတွေက ၈၁ မီလီမီတာ လောင်ချာကျည် (၄၀)လုံး​၊ ၄၀ မီလီမီတာ အာပီဂျီကျည်ထိပ်ဖူး(၂၅) တောင့်၊ ပို့ယမ်း (၂၅) ခု၊ ၅.၅၆ မီလီမီတာကျည်(၁၆၄၀)တောင့် တို့ဖြစ်တယ်လို့သိရပါတယ်။

#သောင်ရင်းသတင်းလွှာ #မဲဆောက် #ထိုင်း #ခဲယမ်းတွေ #ဖမ်းမိ

By admin

Leave a Reply

Your email address will not be published. Required fields are marked *