ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသားကိုပစ်ခတ်မှု ဖြစ်ပွားခဲ့

မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိရာလုပ်ငန်းခွင်သို့ ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု The Thaiger သတင်းက မေလ ၁၁ရက်တွင်ဖော်ပြသည်။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လပ်ဆောင်းမြိုနယ်ခွဲ၊ရွမ်ဆိုင်း ၁၂ လမ်းကြားတွင် မေလ ၁၀ ရက်နေ့ ည ၇ နာရီက ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့Phetkasem ရဲစခန်းမှ စုံစမ်းရေးမှူး ဒုတိယရဲမှူး Ekachai Yimnimitt နှင့်ရဲမှူး Pramot Chanboonkaew နှင့် တပ်စွယ်၉ မှ ရဲမှူး Thitipong Siya၊မှုခင်းဆေးပညာ အရာရှိ၊ Siriraj ဆေးရုံမှ မှုခင်းဆရာဝန်၊Ruamkatan ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း များနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပါသည်။


အခင်းဖြစ်ရာနေရာသည် လူနေအိမ်များ အစုလိုက်အပြုံလိုက်ရှိသောနေရာဖြစ်ကာ ထိုင်းပုံစံအိမ်ရှေ့ရှိ ရေအိုင်ထဲတွင်လဲလျောင်း သေဆုံးနေသော Yuttharot ကို တွေ့ရှိရသည်။ အဖြူရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး ခန္ဓာကိုယ်အတွင်း .၃၈အမျိုးအစား ကာလီဘာသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီးသူ၏လည်ပင်း၌ ခြစ်ရာများလည်းတွေ့ရှိခဲ့သည်။ ပစ်ခတ်မှုဖြင့်သံသယရှိသူ စိုင်းသည် ၎င်း၏ ကိုယ်ဝန်ငါးလရှိ ဇနီးဖြစ်သူကYuttharot ၏မိခင်ကို ပြုစုစောင့်ရှောက်နေသည့် အိမ်ထဲသို့ ဝင်ရောက်လာကြောင်း စုံစမ်းသိရှိရသည်။ စိုင်းသည် ဇနီးဖြစ်သူအား အားလပ်ရက်တွင် လာလည်မည်ဟု အကြောင်းကြားခဲ့သော်လည်း ရောက်ရောက်ချင်း Yuttharot ကဝင်ရောက်ခွင့်ကို ငြင်းဆိုခဲ့သည်။

ထို့ကြောင့်စိုင်း သည် အုတ်နံရံပေါ်မှကျော်တက်ကာ ရေပေါ်ရှိ ထိုင်းစတိုင်အိမ်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။ သူ့ကိုတွေ့သည့်အခါ Yuttharot .38 ခြောက်လုံးပြူးတလက်ဖြင့်စိုင်းကိုချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။စိုင်းကသေနတ်ကိုလုယူစဥ် ကျည်နှစ်ချက်ထွက်သွားခဲ့ပြီး Yuttharotရင်ခွင်အားထိမှန်ပြီး သေဆုံးခဲ့ကြောင်း KhaoSod သတင်းဌာနက ဖော်ပြသည်။ အခင်းဖြစ်ပွားပြီးနောက် စိုင်းသည် အဆိုပါသေနတ်ကိုယူဆောင်ကာ နေအိမ်တွင်နေထိုင်သူ၏ မီးခိုးရောင် Honda CR-V အမျိုးအစား ဆိုင်ကယ်ဖြင့် အခင်းဖြစ်ပွားရာနေရာ မှထွက်ပြေးသွားကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *