မြန်မာ့နိုင်ငံရေး အကျဉ်းသားများအပေါ် အာဆီယံက နှုတ်ဆိတ်နေမှု

အရပ်ဝတ်ရဲများက သတိမေ့အောင်ရိုက်နှက်ကာ နာမည်ဆိုးဖြင့်ကျော်ကြားသော အိုးဘိုထောင်သို့ ပို့ခဲ့သည်။ အိုးဘိုထောင်တွင်သူသည်ရက်စက်ကြမ်းကြုတ်ဝေါညှဉ်းပန်းနှိပ်စက်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင် အရှက်ခွဲခံရခြင်းများကိုကြုံတွေ့ခဲရသည်။ အမျိုးသမီး အကျဉ်းသူများ၏အခြေအနေကို မေးသည့်အခါ သူသည်တုန်လှုပ်သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့သည်။ ခေတ္တရပ်ပြီး နောက်မှ ပြန်ပြောမယ်ဟုတိတ်တဆိတ် ပြောလိုက်သည်။ ထိုမှောင်မိုက်မှုထဲတွင်ပင် ခံနိုင်ရည်ရှိနေဆဲဖြစ်သည်- ကွန်ကရစ်နံရံများမှတဆင့် တိုးတိုးလာသော တော်လှန်ရေးသီချင်းများ၊ခိုးသွင်းထားသောကြက်ဥပြုတ်များကိုအချင်းချင်းလက်ဆင့်ကမ်းကြခြင်း၊”ငါတို့အတူတူဘဲ” ဆိုသည့် စကားလုံးပါသော စာရွက်တစ်ရွက်ကို လက်ဆင့်ကမ်းကြခြင်းများကြုံတွေ့ခဲ့ရသည်ဟုသူကပြောသည်။ “ဒါတွေဟာ ကြင်နာမှုကိုပြတဲ့ အမူအရာတွေ မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံတုတဲ့ အပြုအမူတွေပါ”ဟုသူကဆက်ပြောသည်။ အောင်ထွန်းဦးရဲ့ ဇာတ်လမ်းက မထူးဆန်းပါ။ အကျဉ်းသား ၇၀၀ အတွက် ဒီဇိုင်းထုတ်ထားသော အကျဉ်းထောင်များသည် မကြာခဏ ၁၂၀၀ ကျော်ရှိသည်။ အညစ်အကြေး ပိုများလာသည်။ ကူးစက်ရောဂါများပို များလာသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အကျဉ်းသားများအား ဂျင်းပြုတ်ရေ (သို့) ငါးပိများကိုသာ “ဆေး” အဖြစ် ပေးထားသည့် အခြေခံစောင့်ရှောက်မှုကို ငြင်းပယ်ခံခဲ့ရသည်။ ၂၀၂၁ခုနှစ်မှစ၍ အချုပ်ထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၀ သေဆုံးခဲ့ရပြီး အများစုမှာ ညှဉ်းပန်းနှိပ်စက်မှု၊ မကုသရသေးသော နာမကျန်းမှု သို့မဟုတ် ကွပ်မျက်ခြင်းများကြောင့် ဖြစ်သည်။

ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကွာလာလမ်ပူတွင် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင် သံတမန်ရေးရာ ယဉ်ကျေးသိမ်မွေ့မှုနှင့် ဇာတ်ညွှန်းရေးထားသော ကြေညာချက်များထက် ကျော်လွန်ရမည့် ကိစ္စရပ်မှာ- မြန်မာ့ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်က်စ္စဖြစ်သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းမှုအပေါ် ပထမဆုံး အရေးပေါ် တုံ့ပြန်မှုအဖြစ် အာဆီယံမှ စတင်ချမှတ်ခဲ့သည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်သည်။ ထိုအစည်းအဝေးတွင် ခေါင်းဆောင်အများအပြားက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အတိအလင်း တောင်းဆိုခဲ့ကြသော်လည်း တောင်းဆိုချက်အချက်ငါးချက်ပါ သဘောတူညီမှု မရခဲ့ပေ။ ယင်းချန်လှပ်မှုသည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို စောင့်ထိန်းသူအဖြစ် အာဆီယံ၏ ယုံကြည်ကိုးစားမှုအပေါ် ရှည်လျားပြီး ဆိုးရွားသော အရိပ်တစ်ခု သက်ရောက်စေသည်။ အချို့သော အာဆီယံခေါင်းဆောင်များသည် ကိုယ်ကျင့်တရားဆိုင်ရာရှင်းလင်းပြတ်သားမှုကို ပြသခဲ့ကြသည်။ ၂၀၂၁ခုနှစ် မတ်လတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အကြမ်းဖက်မှုရပ်တန့်ရန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် စစ်အစိုးရအား လူသိရှင်ကြား တိုက်တွန်းခဲ့သည်။ Retno သည် အာဆီယံ၏ တုံ့ပြန်မှုကို ထင်ဟပ်စေမည့် ဤတောင်းဆိုချက်အား ခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ပင်ပန်းနွမ်းနယ်သော သံတမန်ရေးရာကို ဦးဆောင်ခဲ့သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း အလားတူ ငြိမ်းချမ်းစွာဖြေရှင်းမှုသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးမှသာလျှင် စတင်နိုင်သည်ဟု ပါလီမန်၌ မတ်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် ကြေညာခဲ့သည်။ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ၅၄ ကြိမ်မြောက် AMM တွင် နိုင်ငံရေးအရ ချုပ်နှောင်ခံထားရသော အမျိုးသမီးများ၊ ကလေးများနှင့် ပြည်ပနိုင်ငံသားများကို လွှတ်ပေးရန် အတိအလင်း တိုက်တွန်းခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထိန်းသိမ်းခံထားရသော ခေါင်းဆောင်များကို “ချက်ချင်း ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်” တောင်းဆိုချက်ကို ပဲ့တင်ထပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်သြဂုတ်လတွင် ၅၅ကြိမ်မြောက် AMM တွင် စင်္ကာပူသည် အကျဉ်းကျခံနေရသူများ အပါအဝင် ပါတီအားလုံးနှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် ဝင်ရောက်ခွင့်ရရေး အရေးကြီးကြောင်း ထပ်မံ အလေးပေး ပြောကြားခဲ့ပါသည်။ သို့သော်လည်း ဤအခြေခံကျသော ကြေငြာချက်များသည် ပျက်ပြယ်သွားခဲ့သည်။ မကြာသေးမီက အာဆီယံ ဥက္ကဌ သည် အဆိုပါတောင်းဆိုမှုကို ပြန်လည်အသက်သွင်းခဲ့ခြင်း မရှိပေ။ စဉ်ဆက်မပြတ်ဖိအားများနောက်သို့ လိုက်ခြင်းမျိုးမရှိပါ။ အာဆီယံ အထူးသံတမန်သည် ထိန်းသိမ်းရေး စခန်းတစ်ခုခုသို့ မရောက်ဖူးပါ။ ကျန်သည်ကတော့ ထောင်နဲ့ချီသောအသံများသံတိုင်များနောက်တွင် တိတ်သွားကြသည်။ တချိန်တည်းတွင် မြန်မာစစ်အစိုးရသည် အကျဥ်းချဖမ်းဆီးမှုအားတရားမျှတမှု လက်နက်သဖွယ်မဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်မှု လက်နက်အဖြစ် ဆက်လက်အသုံးပြုနေပါသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသည့် အချက်အလက်များအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကို တွန်းလှန်ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၉,၀၀၀ ကျော်ရှိသည်။ ချင်းမိုင်အခြေစိုက် တွေးခေါ်ပညာရှင် အင်စတီကျု ၏ အဆိုအရ အမှန်တကယ်ကိန်းဂဏန်းမှာ ယင်းထက်ပိုများနိုင်သည်ဟုဆိုသည်။ ဤအကျဉ်းသားများသည် ရာဇ၀တ်ကောင်များမဟုတ်ပါ။ ၎င်းတို့သည် ရွေးကောက်ခံလွှတ်တော်အမတ်များ၊ ကျောင်းသားများ၊ သတင်းစာဆရာများ၊ ဆေးမှူးများ၊ ကဗျာဆရာများနှင့် သာမာန်ပြည်သူများဖြစ်သည်။ ၎င်းတို့၏ တစ်ခုတည်းသော “ရာဇ၀တ်မှု” မှာ လွတ်လပ်၍ ဒီမိုကရေစီနည်းကျသော မြန်မာနိုင်ငံကို အိပ်မက်မက်ခြင်းဖြစ်သည်။ နိုင်ငံတော်အားလပ်ရက်များ သို့မဟုတ် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးများနှင့် တိုက်ဆိုင်သည့် အချိန်များတွင် ၂၂၁ မှ ၂၂၅ ခုနှစ်များအတွင်း အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ခုထက်မနည်း ပြုလုပ်ခြင်းဖြင့် ၎င်း၏ဖိနှိပ်မှုများကို ဖုံးကွယ်ရန် စစ်အစိုးရက ကြိုးပမ်းခဲ့သည်။ လွတ်မြောက်လာသူများအနက် ၁၀ ရာခိုင်နှုန်းထက်နည်းသော သူမျာသာနိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း AAPP က ဖော်ပြသည်။ ဖိနှိပ်ချုပ်ချယ်မှု၏ လှည့်ပတ်နေသော တံခါးတစ်ချပ်ဖြစ်သော ဖမ်းဆီးမှုများသည် မရပ်တန့်ဘဲ ဆက်လက်ရှိနေပါသည်။ ဥပမာအားဖြင့်၊ ၂၀၂၃ ခုနှစ် မေလတွင်၊ အများစုမှာ “လှုံ့ဆော်မှု” ဖြင့် စွဲချက်တင်ခံထားရသော ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ဖမ်းဆီးခံထားရသူ ၂၁၀၀ ကို လွှတ်ပေးရန် စစ်အစိုးရက ကြေညာခဲ့သည်။

အာဆီယံနှင့် ကုလသမဂ္ဂ အစည်းအဝေးများ မတိုင်မီက ဖြစ်ပေါ်ခဲ့သော အဆိုပါ လှုပ်ရှားမှုသည် သံတမန်ရေးရာ အမြင်များကို ခြယ်လှယ်ရန် ပွင့်လင်းမြင်သာသော ကြိုးပမ်းမှု ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်-မြန်မာ (PPNM) က ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀ သာ လွတ်မြောက်ခဲ့ပြီး စစ်အစိုးရကဖော်ပြထားသူ ၆၀၀ ထက် အနည်းငယ် နည်းပါးကြောင်း ဖော်ပြသည်။ အထူးသဖြင့် ၂၀၂၅ မတ်လ ငလျင်အပြီးတွင် အကျဉ်းထောင်များအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။ စားနပ်ရိက္ခာ ခွဲတမ်းများလည်း ဖြတ်တောက်ထားသည်။ မြင်းခြံအကျဉ်းထောင်မှ အကျဉ်းသားများ အများအပြား လမ်းမလျှောက်နိုင်လောက်အောင် ပြင်းထန်သော အာဟာရချို့တဲ့မှု ဖြစ်ပွားကြောင်း သိရသည်။ နိုင်ငံတစ်ဝှမ်းတွင် အသားများကို ထောင်အစားအစာများမှ ဖယ်ထုတ်ပြီး ကြက်ဥနှင့် အစားထိုးခြင်း သို့မဟုတ် အစားထိုးရန်မလုံလောက်ခြင်းတို့ကြောင့် ဖြစ်သည်။ အချို့သော အဆောက်အဦများတွင် အကျဉ်းသားများသည် ပရိုတင်း လုံးဝ မရရှိပါ။ အညစ်အကြေးစွန့်ထုတ်မှုစနစ်များသည် လူမဆန်သောအဆင့်အထိ ဆိုးရွားနေပြီဖြစ်သည်။ ၂၀၂၅ ခုနှစ် မေလတွင် မဲဆောက်မြို့သို့ အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေး (APHR) မှ စီစဉ်သည့် အချက်အလက်ရှာဖွေရေးမစ်ရှင်အတွင်း အရပ်ဘက်အဖွဲ့အစည်းများ၊ အကျဉ်းသားဟောင်းများနှင့် စကားပြောဆိုခဲ့သည်။ သက်သေခံချက်များကို မျှဝေခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် အောင်ထွန်းဦး (အမည်လွှဲ) သည် ၂၀၂၁ ခုနှစ် မတ်လတွင် မန္တလေးမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအတွင်း ဖမ်းဆီးခံခဲ့ရသည်။

အရပ်ဝတ်ရဲများက သတိမေ့အောင်ရိုက်နှက်ကာ နာမည်ဆိုးဖြင့်ကျော်ကြားသော အိုးဘိုထောင်သို့ ပို့ခဲ့သည်။ အိုးဘိုထောင်တွင်သူသည်ရက်စက်ကြမ်းကြုတ်ဝေါညှဉ်းပန်းနှိပ်စက်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင် အရှက်ခွဲခံရခြင်းများကိုကြုံတွေ့ခဲရသည်။ အမျိုးသမီး အကျဉ်းသူများ၏အခြေအနေကို မေးသည့်အခါ သူသည်တုန်လှုပ်သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့သည်။ ခေတ္တရပ်ပြီး နောက်မှ ပြန်ပြောမယ်ဟုတိတ်တဆိတ် ပြောလိုက်သည်။ ထိုမှောင်မိုက်မှုထဲတွင်ပင် ခံနိုင်ရည်ရှိနေဆဲဖြစ်သည်- ကွန်ကရစ်နံရံများမှတဆင့် တိုးတိုးလာသော တော်လှန်ရေးသီချင်းများ၊ခိုးသွင်းထားသောကြက်ဥပြုတ်များကိုအချင်းချင်းလက်ဆင့်ကမ်းကြခြင်း၊”ငါတို့အတူတူဘဲ” ဆိုသည့် စကားလုံးပါသော စာရွက်တစ်ရွက်ကို လက်ဆင့်ကမ်းကြခြင်းများကြုံတွေ့ခဲ့ရသည်ဟုသူကပြောသည်။ “ဒါတွေဟာ ကြင်နာမှုကိုပြတဲ့ အမူအရာတွေ မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံတုတဲ့ အပြုအမူတွေပါ”ဟုသူကဆက်ပြောသည်။ အောင်ထွန်းဦးရဲ့ ဇာတ်လမ်းက မထူးဆန်းပါ။ အကျဉ်းသား ၇၀၀ အတွက် ဒီဇိုင်းထုတ်ထားသော အကျဉ်းထောင်များသည် မကြာခဏ ၁၂၀၀ ကျော်ရှိသည်။ အညစ်အကြေး ပိုများလာသည်။ ကူးစက်ရောဂါများပို များလာသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အကျဉ်းသားများအား ဂျင်းပြုတ်ရေ (သို့) ငါးပိများကိုသာ “ဆေး” အဖြစ် ပေးထားသည့် အခြေခံစောင့်ရှောက်မှုကို ငြင်းပယ်ခံခဲ့ရသည်။ ၂၀၂၁ခုနှစ်မှစ၍ အချုပ်ထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၀ သေဆုံးခဲ့ရပြီး အများစုမှာ ညှဉ်းပန်းနှိပ်စက်မှု၊ မကုသရသေးသော နာမကျန်းမှု သို့မဟုတ် ကွပ်မျက်ခြင်းများကြောင့် ဖြစ်သည်။

ကိန်းဂဏာန်းများကကြောက်မက်ဖွယ်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တစ်ခုတည်းတွင် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါများကြောင့် သေဆုံးခဲ့သည်။ PPNM သည် ထိုနှစ်အတွင်း အကျဉ်းထောင်အသီးသီးတွင် ညှဉ်းပန်းနှိပ်စက်မှု ၁၄၈ မှုအား မှတ်တမ်းတင်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသား ခုနစ်ဆယ့်ခြောက်ဦးကို နှစ်ရှည် တိုက်ပိတ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ၁၉၀၀ နီးပါးကို ဝေးလံခေါင်သီသော ထောင်များသို့ လွှဲပြောင်းပေးခဲ့ပြီး မိသားစုဝင်ရောက်တွေ့ဆုံခွင့်၊ ဥပဒေဆိုင်ရာ အကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဖြတ်တောက်ခဲ့သည်။ အာဆီယံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျဉ်းသားများကို ဆက်စပ်စိုးရိမ်စရာအဖြစ် မဆက်ဆံနိုင်တော့ပါ။ ၅၈ ကြိမ်မြောက် AMM တွင် နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြတ်ပြတ်သားသား မယိမ်းယိုင်သော တောင်းဆိုချက်တစ်ရပ်ကို တောင်းဆိုရမည်ဖြစ်သည်။ ဤတောင်းဆိုချက်ကို ဘေးသို့ မဆင်းစေရ သို့မဟုတ် မရေမတွက်နိုင်သော သံတမန်ဘာသာစကားဖြင့် ဆက်လက်၍ရမည်။ ဤကိစ္စသည်ရှေ့တန်းတွင်ထားကာနှင့်ဗဟိုပြုရမည်၊ အလျှော့မပေးစတန်း ညှိနှိုင်း၍မရစတန်းဖြစ်ရမည်။ “လွတ်လပ်မှုမရှိရင် တရားမျှတမှု မရှိနိုင်သလို နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေချိန်မှာ မြန်မာနိုင်ငံမှာ လွတ်လပ်မှု ရှိလာမှာ မဟုတ်ဘူး” ဟု အောင်ထွန်းဦးက ဆိုသည်။

အဲမောင်း
The Jakata Post တွင်ဖော်ပြသော Yuyun Wahyuningrum ရေးသားသော ASEAN’s silence on Myanmar’s political prisoners.ကိုပြန်ဆိုပါသည်။

*** စာရေးသူသည် ASEAN Parliamentarians for Human Rights (APHR) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *