မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာပညာရှင် ဆိုဖီယာထွေးသည် မတ်လနှောင်းပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဩစတေးလျနိုင်ငံရှိ၎င်း၏နေအိမ်သို့ဖုန်ခေါ်ရန် နာရီပေါင်းများစွာ ကြိုးစားခဲ့ရပြီး ငယ်သူငယ်ချင်းတစ်ဦးမှာ အပျက်အစီးများထဲတွင် ပိတ်မိနေကြောင်း သိရှိရသည်။ မန္တလေးမြို့အနောက်မြောက်ဘက်စစ်ကိုင်းမြို့မှ သူငယ်ချင်းဖြစ်သူက သူ့ကိုပြောပြသည်မှာ အဆိုပါသူငါ်ချင်းမှာလွတ်မြောက်လာသော်လည်း ဆေးကုသမှုမခံယူဘဲ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်ဟုဆိုသည်။ “ဒါက တကယ်ပဲကျမကို ကြေကွဲစေတယ်… ဒါက စစ်အာဏာရှင်တွေနဲ့စစ်တပ်က အာဏာသိမ်းမှုရဲ့ရှုံးနိမ့်မှုပဲ” ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး သူမက ပြောကြားခဲ့သည်။
လူပေါင်း ၃၇၀၀ ကျော် သေဆုံးပြီး ၅၀၀၀ ဒဏ်ရာရခဲ့သည့် ငလျင်သည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆရာဝန်နှင့် သူနာပြုများ ပြင်းထန်စွာနှင့်သိသိသာသာ ကျဆင်းသွားသည့်ကျန်းမာရေးစနစ်အား လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိန်းဂဏန်းများက ဖော်ပြသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးနောက် စစ်တပ်က ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်ဘက်များကို ဖယ်ရှားရန် ကြိုးပမ်းနေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို တိုက်ခိုက်မှုအပေါ် လူအများက အပြစ်တင်ကြသည်။
ငလျင်ဒဏ်ခံစားရသူ အများအပြားသည် ချက်ချင်း ဆေးကုသမှု ခံယူရန် သို့မဟုတ် လိုအပ်သော စောင့်ရှောက်မှု ခံယူရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည်ဟု ငလျင်ဇုံတွင် အလုပ်လုပ်သော ဆရာဝန် နှစ်ဦး၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုကို စောင့်ကြည့်နေသည့် လူ့အခွင့်အရေး အဖွဲ့နှစ်ဖွဲ့က ဆိုသည်။ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သောHuman Rights Watch နှင့် Human Rights for Physicians မှ ဆရာဝန်များသည် ဆေးဝါးနှင့် ဝန်ထမ်းများ ပြတ်လပ်မှုနှင့် ဆေးကုသမှု မရှိတော့သည့် အချိန်တွင် လူနာများစွာမှာဒဏ်ရာများ ပုပ်ပွသွားခဲ့ကြသည်ဟုဖော်ပြခဲ့သည်။ ဧပြီလ ၂၉ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် စစ်တပ်၏ “ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့် ကျန်းမာရေးလုပ်သားများအား နှစ်ပေါင်းများစွာ ဥပဒေမဲ့ တိုက်ခိုက်မှုများ” သည် အရေးပေါ်တုံ့ပြန်မှုကို ပြင်းထန်စွာ ဟန့်တားခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အခြေအနေ များကရှုတ်ထွေးနေပါသည်၊တချို့ ဆေးဘက် ဆိုင်ရာ ဝန်ထမ်းများကစစ်အစိုးရ ထိန်းချုပ်သည့်နယ်မြေများ၌အလုပ်လုပ်ရန်အတွက်အဖမ်းခံရမည်ကို ကြောက်ရွံ့နေကြခြင်း သို့မဟုတ်လိုအပ်သည့်နေရာများဆီသို့ သွားရောက်ရန်စစ်ဆေးရေး ဂိတ်များကိုဖြတ်ကျော်ရန်ကြောက်ရွံ့နေကြသည်။ ငလျင်ဒဏ်ခံရသော အချို့နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့တွေနှင့် စစ်အစိုးရတပ်များရယ် ၎င်းတို့၏ တွဲဖက်ပြည်သူ့စစ်များက ပြိုင်ဆိုင်နေကြပြီး တင်းမာမှုနှင့် သံသယရှိသော ပတ်ဝန်းကျင်ကို ဖန်တီးကြသည်။ ဧပြီလ ၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း စစ်အစိုးရက အရပ်သားများကို သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် ဆက်လက်လုပ်ဆောင်နေကြောင်း ခွဲခြမ်းစိတ်ဖြာသည့် အချက်အလက်များအရ သိရသည်။
အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း တိုက်ခိုက်မှုပေါင်း ၁၇၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ၇၃ကြိမ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော ဒေသများတွင်ဖြစ်သည်။ ယင်းအကြောင်းကိုမှတ်ချက်ပေးရန် တောင်းဆိုချက်အများအပြားကို စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ပြည်တွင်းစစ်မီးမတောက်မီ ၊အာဏာသိမ်းမှုမတိုင်မီအချိန်က ကျန်းမာရေးဝန်ထမ်းဦးရေမှာ တိုးလာခဲ့သည်။ ၎င်းမှာ ၂၀၁၆ မှ ၂၀၂၀ခုနှစ်အတွင်း လူပေါင်း ၁၀၀၀၀ လျှင် ဆရာဝန် ခြောက်ဦးနှင့် သူနာပြု ကိုးဦးခန့်အထိ ၁၃.၃% တိုးလာသည်ဟု WHO မှ ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် ဆရာဝန် ၁.၀၁ဦးနှင့် သူနာပြု ၁.၉၆ဦးသို့ ကျဆင်းသွားခဲ့သည်ာ WHO မှ အကြံပြုထားသော အနိမ့်ဆုံး စံနှုန်းဖြစ်သော လူ၁၀၀၀၀လျှင် ကျန်းမာရေးဝန်ထမ်း ၂၂.၈ဦး နှင့်အလှမ်းကွာနေသည်။
ဆေးဘက်ဆိုင်ရာလုပ်သားများသည် စစ်အစိုးရအား အာဏာဖီဆန်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အစိုးရ လည်ပတ်နေသော ဆေးခန်းများတွင် အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများကို ခြေရာခံသည့် ဆွစ်ဇာလန်မှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Insecurity Insight ၏အဆိုအရ မြန်မာစစ်သားများသည် အနည်းဆုံး ကျန်းမာရေး အဆောက်အအုံ ၂၆၃ ခုကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ကျန်းမာရေး ဝန်ထမ်း ၇၄ ဦး သေဆုံးခဲ့ကာ အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း၈၀၀ ကျော်ကို ဖမ်းဆီး တရားစွဲဆိုခဲ့သည်ဟုသိရသည်။ CDM ဝန်ထမ်းအချို့ကအလုပ်ပြန်ဝင်ကြသော်လည်း ကျန်းမာရေးလုပ်သားရှားပါးမှုမှာ အလွန်ဆိုးရွားနေဆဲဖြစ်ကြောင်း WHO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ Thushara Fernando က ပြောသည်။
ယခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင်က အချို့သော ဆေးရုံများတွင် ဆရာဝန် တစ်ဦးပင်မရှိဟု နိုင်ငံပိုင် မီဒီယာသို့ ဝန်ခံခဲ့သည်။ ကျွမ်းကျင်ကျန်းမာရေးလုပ်သားများ နည်းပါးခြင်းနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ တင်သွင်းရာတွင် စစ်အစိုးရက ချမှတ်ထားသော ပြင်းထန်စွာ ကန့်သတ်ချက်များကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း WHO မှ ပြောကြားခဲ့ပါသည်။ ငလျင်မလှုပ်မီက မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံရှစ်ရုံကို စစ်တပ်က ပိတ်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ် ပြန်ထားသည်။ ငလျင်ကြောင့် အနည်းဆုံး ကျန်းမာရေး အဆောက်အအုံ ၅ ခု ပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ထိခိုက်မှု ၆၁ ခုရှိကြောင်း WHO မှ ပြောကြားခဲ့သည်။ စစ်အစိုးရကိုဆန့်ကျင်သောအတိုက်အခံများနှင့် ပူးပေါင်းထားသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများသည် မြေအောက်ကွန်ရက်များမှတစ်ဆင့် အသက်ကယ်စောင့်ရှောက်မှုကို ပံ့ပိုးပေးနေကြသော်လည်း “သူတို့သည် အလွန်အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့် လည်ပတ်နေပြီး ၎င်းတို့၏ဘေးကင်းရေးမှာ စိုးရိမ်စရာဖြစ်နေဆဲဖြစ်သည်” ဟု အခြေအနေ၏ ထိလွယ်ရှလွယ်မှုကြောင့် အမည်မဖော်လိုသူ NUG မှအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
စစ်အစိုးရသည် အတိုက်အခံများနှင့် ပူးပေါင်းသောဆရာဝန်များကို “အကြမ်းဖက်သမားများ” ဟု သတ်မှတ်သည်။ မြေငလျင်ဇုန်သို့ သွားရောက်ခဲ့သည့်လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် ဆရာဝန်နှစ်ဦးကလည်း လူအင်အားဆိုင်ရာ ပြဿနာများကို ဖော်ပြခဲ့သည်။ ငလျင်ဒဏ်သင့်သူများကို ကုသပေးနေသည့် ဆေးဝန်ထမ်းများတွင်လည်းကျွမ်းကျင်မှု နည်းပါးနေပြီးယင်းမှာတစ်ချိန်က သင်တန်းကို ဦးဆောင်ခဲ့ဖူးသော အကြီးတန်းဆရာဝန်များသည် ဘေးအန္တရာယ်ဇုန်သို့ သွားရောက်မည်ဆိုပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်းလည်းတစ်ဦးက ပြောကြားခဲ့သည်။ နာတာရှည်ဖျားနာနေသူများသည် အရေးကြီးသောဆေးဝါးများကို မရနိုင်ကြောင်း၊ ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများသည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားဆိုင်ရာရောဂါများကိုခံစားနေကြရပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ မြင့်တက်လာသည့်အတွက် နာတာရှည်ဖျားနာနေသူများသည် အပူဒဏ်ကြောင့် အပူရှုပ် ခြင်းတို့ကို ခံစားနေရကြောင်း အခြားတစ်ဦးက ပြောကြားခဲ့သည်။
“ငလျင်လှုပ်တုန်းက လူတွေက သူတို့ အရမ်းလိုအပ်နေတဲ့ အကူအညီတွေကို ချက်ချင်း မရခဲ့ကြဘူး” ဟု ၎င်းက ဆိုသည်။ အသက်ရှင်ကျန်ရစ်သူများကို ကူညီပေးနေသူများကို အာဏာပိုင်များက မကြာခဏ စစ်ဆေးမေးမြန်းလေ့ရှိကြောင်း ၎င်းကဆိုသည်။ ငလျင်ဒဏ်ခံခဲ့ရသောဒေသအားလုံးကိုစစ်တပ်ကထိန်းချုပ်ထားခြင်းမရှိသော်လည်းအတော်များများကိုထိန်းချုပ်ထားပြီးသဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးကတည်းက ၎င်း၏ ဆက်သွယ်ရေး တားမြစ်ချက်များ သို့မဟုတ် တင်းကြပ်သော အကောက်ခွန် စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး အကြီးအကဲ James Rodehaver က ပြောကြားခဲ့သည်။အာဏာပိုင်များနှင့် မြေငလျင် ကယ်ဆယ်ရေး လုပ်ကိုင်သူအားလုံးယင်းတို့ထံမှတ်ပုံတင်ကြရမည်ဟူသောစည်းကမ်းချက်ကြောင့်လုပ်ဆောင်နေသည့် အဖွဲ့အစည်းအားလုံးသည် မြေအောက်သို့ရောက်ရှိသွားခဲ့ကြရပြီးအထောက်အထားမရှိသော်လည်း စစ်အစိုးရ၏ တောင်းဆိုချက်တစ်ခုတွင် တပ်မတော်က ရှေ့တန်းတွင်တိုက်ခိုက်နေသည့် တပ်ဖဲ့များအားအကူအညီများ ပေးအပ်ရန် ဖြန့်ကျက်ထားကြောင်း ၎င်းက ပြောသည်။
နှေးကွေးနေသည့် စီးပွားရေးကို မြှင့်တင်ရန်အတွက် ချေးငွေများထုတ်ချေးရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဘတ်ဂျက်မှ ရန်ပုံငွေကို စစ်အစိုးရကပေးအပ်လိုက်ကြောင်း ၂၀၂၂ ခုနှစ်တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ယခင် အရပ်သားအစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်တန်းအရာရှိ ဦးဝင်းမြတ်အေးက အရေးပေါ်ထောက်ပံ့ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။ ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးသွားခဲ့သူစစ်ကိုင်းမြို့က ကိုညီညီတင်က သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကြေး ၆၁ဒေါ်လာ နဲ့ ဒဏ်ရာရသူတချို့အတွက် လျော်ကြေးငွေကို တရားဝင် ထောက်ပံ့ပေးထားတာ မရရှိဘူးဟုပြောသည်။ လူထောင်ပေါင်းများစွာသည် ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်ပြီး မုတ်သုံမိုးရွာသွန်းမှုကြောင့်ကူးစက်ရောဂါများ ပြန့်ပွားမှုကို စိုးရိမ်ကြောင်း WHO မှ ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါ အပါအဝင် ယခင်ကကြုံခဲ့ရသော ကပ်ဘေးများအတွက် ကြီးမားသော လူထုတုံ့ပြန်မှုများနှင့် နှိုင်းယှဉ်ပါကယခုအခါ အရပ်ဘက်အဖွဲ့အစည်းများနှင့် အာဏာပိုင်များကြား ပူးပေါင်းဆောင်ရွက်မှုအနည်းငယ်သာ ရှိပါသည်ဟုကိုညီညီတင်က ပြောသည်။ “စည်းလုံးညီညွတ်မှု ပျောက်ကွယ်သွားတာကတော့ လူတွေက ကြောက်လို့လို့ ကျနော်ထင်တယ်” ဟု သူက ဆက်ပြောသည်။
အဲမောင်း
Reuter သတင်းကဖော်ပြသော ဝလုံး၊ရွှန်းနိုင်နှင့် Poppy Mpcherson တို့ရေးသားသည့် Health care crisis follows Myanmar quake as junta drives medics underground ကိုပြန်ဆိုပါသည်။