မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု အာဆီယံမှသူဌေးကြီးများက ကူညီနေဟု JFM ကထုတ်ပြန်

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာအရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အာဆီယံဒေသတွင်းရှိ သူဌေးကြီးများက ကူညီပံ့ပိုးပေးနေကြောင်း Justice For Myanmar ကမေလ ၁၂ ရက်တွင်ထုတ်ပြန်လိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ၎င်းတို့၏ ဘုံသဘောထား ၅ ရပ်မှတဆင့် မြန်မာ့ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ဟန့်တား ထိန်းချုပ်ရန်  ပျက်ကွက်ရုံသာမက ၎င်းတို့အချုပ်အခြာအာဏာအောက်ရှိ ကုမ္ပဏီများကို မြန်မာစစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများ ဆက်လက်ခွင့်ပြုပေးခဲ့သဖြင့် အာဆီယံအစိုးရများနှင့် သူဌေးကြီးများသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါနေမှုကို ပြသနေသည်ဟု JFM ကြေညာချက်ကဖော်ပြသည်။

ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူများ” စာရင်းပါ သူဌေးကြီး ၁၂ ဦးတို့သည် အရှေ့တောင်အာရှတလွှားရှိ ဩဇာတိက္ကမကြီးမားသူများဖြစ်ပြီး ၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန် ဆောင်မှုများ ပေးအပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများထံမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်သည် ဟုလည်းဆိုသည်။ ၎င်းအပြင် စစ်အုပ်စုနှင့် ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ၊ ခရိုနီကြီးများနှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို အဆိုပါအကြမ်းဖက်စစ်ဆင် ရေးတွင် ၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပါဝင်သည်ဟုလည်း JFM က ဆိုထားသည်။


၂၀၂၅ မတ်လ၂၈ ရက်က ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီနောက်းပိုင်း စစ်အုပ်စုသည် ၎င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးကို ပို၍ပင် တိုးချဲ့လုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရသောဒေသများကိုပင်မချန် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀၀ ကျော်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ ယင်း ၁၂ ဦးအနက်အချို့မှာRobert Kuok (မလေးရှား) – ရှန်ဂရီလာဟိုတယ်များတည်ထောင်သူ။ မလေးရှား၏ အချမ်းသာဆုံးလူ။ Shangri-La Hotels တွင် မြန်မာစစ်တပ်နှင့် အကျိုးအမြတ်များသော မြေကွက်များ ငှားရမ်းထားသည်။ Charoen Sirivadhanabhakdi (ထိုင်းနိုင်ငံ) – Thai Beverage ကို တည်ထောင်သူ နှင့် TCC Group ၏ ဥက္ကဌ နှင့် Fraser & Neave ၊ အဖျော်ယမကာနှင့် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၁.၈ ဘီလီယံရှိသည်။ သူ၏စီးပွားရေးလုပ်ငန်းများက စစ်အစိုးရကို အခွန်ငွေ ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည်။

Nguyen Thi Phuong Thao (ဗီယက်နမ်) – VietJet Air ၏ CEO နှင့် HD Bank ၏ ဒုတိယဥက္ကဌ၊ ဗီယက်နမ်၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး ဘီလီယံနာ။ HD Bank သည် မြန်မာစစ်တပ်၏ အကျိုးအမြတ်များသော တယ်လီကွန်းအော်ပရေတာ Mytelကိုငွေကြေးထောက်ပံ့သည်။ Chatchai Yenbamroong (ထိုင်း) – စစ်အစိုးရနှင့်အတူ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းကို ဆောင်ရွက်နေသည့် Northern Gulf Petroleum ၏ အမှုဆောင်ဒါရိုက်တာသည် မြန်မာစစ်တပ်ကိုဝင်ငွေဒေါ်လာသန်းပေါင်းများစွာကို ပံ့ပိုးပေးခဲ့သည်။ Lee Tih Shih (စင်ကာပူ) – Oversea-Chinese Banking Corporation (OCBC) ၏ ဒါရိုက်တာနှင့် အစုရှယ်ယာရှင်များသည် စစ်အစိုးရကို ငွေလွှဲရန်နှင့် စီးပွားရေးလုပ်ငန်းကို လွှဲပြောင်းနိုင်စေခဲ့သည်။တို့ပါဝင်သည်ဟု JFM ကဖော်ပြထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *