မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှာ နောက်ထပ် ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပွားနေပါတယ်။ နေ့ခင်းကြောင်တောင်တွင် ကလေးများနှင့် ပြည့်နေသော ကျောင်းတစ်ကျောင်းကို စစ်အစိုးရ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနီးနားတွင် တိုက်ပွဲမရှိ။ ဤသည်မှာ လူထုကြားတွင် ထိတ်လန့်ပျံ့နှံ့စေရန် ရည်ရွယ်၍ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်သည်။ ကျောင်းအဆောက်အဦ ပျက်ဆီးခဲ့သည်။ ယခုအချိန်အထိ မြေပြင်မှ သတင်းများအရ ကျောင်းသားများနှင့် ဆရာတစ်ဦးအပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူ ၅၀ ခန့်ရှိပြီး အချို့မှာ ပြင်းထန်သည်။
ယင်းမှာငလျင်လှုပ်ပြီး လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးဟုခေါ်သည့် စစ်အစိုးရ ကျူးလွန်ခဲ့သော တစ်ခုတည်းသော ရာဇ၀တ်မှု မဟုတ်ပါ။ ငလျင်လှုပ်ပြီးကတည်းက အရပ်သားများအပေါ် အလားတူ လေကြောင်းတိုက်ခိုက်မှု ၃၀၀ နီးပါး ရှိခဲ့သည်။ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများသည် မြန်မာ၏ အိမ်နီးချင်းများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အာဆီယံမှ မှားယွင်းသော ချဉ်းကပ်မှု၏ တိုက်ရိုက် အကျိုးဆက်ဖြစ်သည်။ မကြာသေးမီလများအတွင်းတွင် အဆိုပါနိုင်ငံများနှင့် အာဆီယံတို့သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သံတမန်ရေးအရ လက်ခံရန် ကမ်းလှမ်းခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများအပြားကို စစ်အစိုးရထံ တိုက်ရိုက်လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ “ညှိနှိုင်းဖြေရှင်းရေး၊” “အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး” နှင့် “ငြိမ်းချမ်းရေးရရှိရန် မရှိမဖြစ်လိုအပ်သည်” ဟူသောပြောဆိုချက်အတုအယောင်များဖြင့် လွှမ်းခြုံထားသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် နိုင်ငံတော်အားဆန့်ကျင်ရန်အတွက် စစ်ပွဲများ အရှိန်မြှင့်ရန် စစ်အစိုးရအား တိုက်တွန်းအားပေးခဲ့သည်။ရှီ၊ အန်ဝါ၊ မိုဒီ၊ပက်တွန်တန်/သက်ဆင်တို့နှင့်စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုများနှင့် ကျောင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတို့ကြား တိုက်ရိုက်ဆက်စပ်မှုရှိသည်။ယင်းကြောင့် ယခုပုံများကို တွဲတင်ခြင်းဖြစ်သည်။
အဲမောင်း
Igor Blaževič ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြသည့် WELL DONE ANWAR, XI, MODI and THAKSIN See the fruits of your wrong policies of endorsing and encouraging a murderer ကိုပြန်ဆိုသည်။
ဤစာကိုရေးသားသူ Igor Blaževič သည် (၁၉၆၃ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံ၊ ဟာဇီဂိုဗီးနား၊ ဟာဇီဂိုဗီးနားဒေသ၊ Trebinje တွင်မွေးဖွားသည်) သည် ချက်သမ္မတနိုင်ငံ၌နေထိုင်သော ဘော့စနီးယားနွယ်ဖွားဥရောပလူ့အခွင့်အရေးလှုံ့ဆော်သူဖြစ်ပြီး One World ၏တည်ထောင်သူနှင့် သက်တမ်းကြာသောဒါရိုက်တာအဖြစ်၊ ဥရောပ၏အကြီးဆုံး လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် People in Need foundation ၏ဒါရိုက်တာဖြစ်သည်။ သူသည် ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ လက်ရှိတွင် သူသည် Prague Civil Society Centre တွင် ပရိုဂရမ်ဒါရိုက်တာတစ်ဦးဖြစ်သည်။ အခြားသော လှုပ်ရှားမှုများထဲတွင် သူသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအတွက် လေ့ကျင့်ရေး အစီအစဉ်၏ ဒါရိုက်တာလည်း ဖြစ်သည်။သူသည် မြန်မာနိုင်ငံတွင် ၂၀၁၂ မှ ၂၀၁၅ အထိ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဘာသာရပ်ကို ဟောပြောပို့ချခဲ့သူတစ်ဦးလည်းဖြစ်သည်။