မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဇနီးရဲ့အလုပ်ရှင်အား အသေပစ်သတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဘန်ကောက်တွင် သုံးရက်ကြာ လိုက်လံရှာဖွေပြီးနောက် ဖမ်းဆီးရမိသည်ဟု Khaosod သတင်းကမေလ ၁၃ရက်နေ့ကဖော်ပြသည်။ Watthana ရပ်ကွက် ၆၅ တွင် ည ၈ နာရီ အချိန်တွင် စိုင်းဟန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ဟု မေလ ၁၂ရက်၌ ရဲအရာရှိများက အတည်ပြုခဲ့သည်။ အခင်းဖြစ်ပွားပြီးကတည်းက အာဏာပိုင်များက ၎င်းအား ခြေရာခံကာ ဖမ်းမိရန် သတင်းပေးနိုင်လျင်ခဲ့ဆုငွေ ဘတ်ငွေ ၂၀၀၀၀ ပေးခဲ့မယ်လို့ ဆုငွေထုတ်ခဲ့သည်ဟုလည်းသတင်းကဆိုသည်။ Bang Khae ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ရုံလုပ်ငန်းပိုင်ရှင် အသက် ၇၀ အရွယ် Yuttharot Suwansumet ကို သတ်ဖြတ်ခဲ့သည့် စိုင်းဟန်ကို မေလ ၁၀ ရက် နေ့တွင်ပင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
အခင်းမဖြစ်ပွားမီတွင် စိုင်းဟန်သည် ၎င်း၏ ၁၈ နှစ်အရွယ် ကိုယ်ဝန် ဆောင်ဇနီး မစ္စPongအား အလုပ်ရှင်၏အိမ်တွင်လာရှာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ကိုယ်ဝန်ငါးလရှိပြီဖြစ်သော မစ္စ Pong သည် ယခင်က ခင်ပွန်းဖြစ်သူ၏ မတော်မတရားပြုကျင့်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီး ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အလုပ်ရှင်ထံ အကြောင်းကြားခဲ့သည်။ စိုင်းဟန် ရောက်ရှိလာပြီး အိမ်ထဲသို့ တက်လာသောအခါ Yuttharotက .38 အမျိုးအစား သေနတ်တစ်လက်ကိုင်ဆောင်ကာမစ္စPong ကို တွေ့ခွင့်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ယင်းနောက်ခိုက်ရန်ဖြစ်မှုတွေ ဖြစ်ပွားခဲ့ပြီး အသက်ကြီးသော ထိုင်းအမျိုးသားကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူမှာ အိမ်သူအိမ်သားများပိုင်ဆိုင်သည့် ခဲနှင့်အနက်ရောင် Honda CR-Vဆိုင်ကယ်၊သေဆုံးသူ၏ သေနတ်နှင့်အတူ အခင်းဖြစ်ပွားရာနေရာမှထွက်ပြေးသွားကြောင်း သိရသည်။
တစ်နာရီကျော်အကြာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ဆွေမျိုးများကသာ တွေ့ရှိခဲ့ရပြီး မြန်မာအမျိုးသားလွတ်မြောက် ရန် အချိန်ရသွားခဲ့သည်။ စုံစမ်းစစ်ဆေးမှုအတွင်း မစ္စ Pong သည် ၎င်း၏အလုပ်ရှင်နှင့် အလုပ်လုပ်ကိုင်ရန် ယခင်က ကတိပြုထားသောကြောင့် ခင်ပွန်းဖြစ်သူက ဒေါသထွက်ခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။ သူသည် Yuttharot၏ သက်ကြီးရွယ်အိုမိခင်အတွက် အိမ်စောင့်အဖြစ် အလုပ်လုပ်ခဲ့သည်။ သို့သော်လည်း ခင်ပွန်းဖြစ်သူကအရက်သောက်ပြဿနာရှာပြီး အရက်မူးနေချိန်တွင် ကြမ်းတမ်းသောအပြုအမူများအကြောင်း Yuttharotအား ရိုးသားစွာ ပြောပြခဲ့သဖြင့်အလုပ်ရှင် Yuttharotက စိုင်းဟန်အားအိမ်ထဲဝင်ခွင့်ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ “ဒီအဖြစ်ဆိုးအတွက် ကျွန်တော့်အလုပ်ရှင်ရဲ့ မိသားစုကို တောင်းပန်ချင်ပါတယ်” မစ္စPongကပြောသည်၊သူသည်တရားမဝင် ဝင်ရောက်လာခဲ့သည်ကို ရဲတပ်ဖွဲ့က တွေ့ရှိသဖြင့် အခက်အခဲများ တိုးလာကာ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးက ပြောသည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူအား CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံခဲ့ပြီး Chatuchak မြို့နယ်ရဲတပ်ဖွဲ့ က နယ်မြေ ၁Vibhavadi Rangsitလမ်းရှိတိုက်ခန်းရှေ့တွင် ခိုးယူသွားသည့် ယာဉ်အားတွေ့ရှိကြောင်း သတင်းပေးပို့လာချိန်တွင် ရဲတပ်ဖွဲ့က သတိပေးခဲ့ခြင်းဖြစ်သည်။ ယာဉ်သည် အများအပြားတိုက်ထားသည့် လက္ခဏာများတွေ့ရှိခဲ့ပြီး ယာဉ်မောင်းသည် Rangsit ဆီသို့သွားသည့်ရထားပေါ်တက်သွားသည်ကို မျက်မြင်သက်သေများက တွေ့ရှိခဲ့သည်။ ယင်းနောက် စိုင်းဟန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေသည်။