မေလ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်က မေလ (၁၂) ရက်နေ့တွင် တိုက်ခိုက်ခဲ့မှု့ကြောင့် ကလေးငယ်များအဓိကပါဝင်သည့် လူဒါဇင်ပေါင်းများစွာ သေဆုံးမှု့ဖြစ်ပွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည့် တိုက်ခိုက်မှု့ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်ဟု မြန်မာနိုင်ငံရှိပြင်သစ်သံရုံးက မေလ ၁၄ ရက်တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး ယခုအရပ်သားများကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု့အသစ်သည် မြန်မာစစ်အစိုးရဗုံးကြဲတိုက်ခိုက်မှု့ ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မြန်မာစစ်တပ်သည် ထိုဗုံးကြဲတိုက်ခိုက်မှု့မျိုးကို လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ကြောက်မက်ဖွယ်မြေငလျင်လှုပ်ခတ်ခဲ့သော နေရာဒေသများတွင် လည်းပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှု့ကြောင့် သေဆုံးသူခဲ့ရများ၏ မိသားစုဝင်များနှင့် ၎င်းတို့၏ ချစ်ခင်ရသူများအားကို ပြင်သစ်နိုင်ငံက စာနာပါကြောင်းနှင့် ဝမ်းနည်းပါကြောင်းပြောကြားလိုပါသည်။ ပြင်သစ်နိုင်ငံသည် မြန်မာပြည်သူများနှင့် အတူ မားမားမတ်မတ်ရပ်တည်လျှက်ရှိပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု့ ဥပဒေကို လေးစားလိုက်နာကြရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ကြရန်နှင့် ပဋိပက္ခတွင် ပါဝင်သူများအားလုံးအကြား တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖွေကြပါရန် ထပ်မံ တောင်းဆိုလိုက်သည်ဟုကြေညာချက်ကဆက်လက်ဖော်ပြသည်။