ဇွန်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းပြည်သူ့ကျန်းမာရေး၀န်ကြီး Somsak Thepsuthin သည် ဆေး”ခြောက်ကိုလွတ်လပ်စွာ” သို့မဟုတ် အပန်းဖြေရန်အတွက်အသုံးပြုမှုကို ထိထိရောက်ရောက် ထိန်းချုပ်ရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်ဟုKhaosod သတင်းကဇွန်လ ၂၄ရက်တွင်ဖော်ပြသည် ။ ယခုအခါ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက်သာ အသုံးပြုခွင့်ပေးရန် ကန့်သတ်ပါမည်။
အဓိကအချက်များ မှာ
၁။လိုင်စင်မရှိဘဲ ရောင်းချခြင်းမပြုရ- အွန်လိုင်းချန်နယ်များအပါအဝင် သင့်လျော်သောလိုင်စင်မရှိဘဲ ဆေးခြောက် သို့မဟုတ် ဆေးခြောက်မှရရှိသော ထုတ်ကုန်များကို ရောင်းချခြင်းအား တားမြစ်ထားသည်။
၂။ထိန်းချုပ်ထားသော ဆေးဖက်ဝင်အပင်များ/ ပြုပြင်ထားသော ထုတ်ကုန်များကို စီးပွားဖြစ် ရောင်းချခြင်းအား တားမြစ်ခြင်း – ထိန်းချုပ်ထားသော ဆေးဖက်ဝင်အပင်များ ထုတ်ကုန်များ သို့မဟုတ် ထိန်းချုပ်ထားသော ဟင်းသီးဟင်းရွက်များမှ ပြုပြင်ထားသော ထုတ်ကုန်များကို စီးပွားဖြစ်ရောင်းချခြင်းအား တားမြစ်ထားသည်။