တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲ(HSK) ကို ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးကြိမ်ပြုလုပ်

ဇွန်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာ သင်ကြားရေး တက္ကသိုလ်တစ်ခုဖြစ်သည့် ရန်ကုန် တက္ကသိုလ်တွင် တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲ (HSK) ကို ဇွန်လ ၂၂ ရက်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်ဟု ရန်ကုန်မြို့ရှိတရုတ်သံရုံးလူမှုကွန်ယက်စာမျာက်နှာတွင် ဇွန်လ ၂၅ရက်ကဖော်ပြသည်။ စာမေးပွဲကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ဒုပါမောက္ခချုပ် များဖြစ်သည့် ‌ ဒေါက်တာခင်ချစ်ချစ်၊ ‌‌‌‌ဒေါက်တာသီတာအေး၊ ‌ဒေါက်တာသူဇာမြင့် တို့နှင့် စာမေးပွဲကျင်းပရေးရာကိစ္စရပ်များစီစဥ်သော Lehua International Education ၏ ကျောင်းအုပ်ကြီး Ms. Huang Jiaojiao တို့က တရုတ်ဘာသာကျွမ်းကျင်မှုစာမေးပွဲ စီမံခန့်ခွဲရေး အရည်အချင်းများ၊ တရုတ်-မြန်မာပညာရေးနှင့် ယဉ်ကျေးမှု အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အတူဆွေးနွေးခဲ့ပါသည်ဟုဆိုသည်။


ထိုနေ့တွင်ပင် ရန်ကုန်အရှေ့တိုင်းပိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ စီစဥ်ကျင်းပသော ယခုနှစ် တတိယအကြိမ်မြောက် တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲဖြေဆိုရာနေရာနှင့် အကြိမ်ရေများ တိုးလာခြင်းသည် ဒေသတွင်းလိုအပ်ချက်များကိုပြည့်ဝစေပြီး မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား သင်ယူသူ အများစုအတွက် အဆင်ပြေစေပါသည်ဟုထုတ်ပြန်ချက်ကဆက်လက်ဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *