ကန်ချနပူရီခရိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာအမျိုးသမီးနှစ်ဦး သေဆုံး

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကန်ချနပူရီခရိုင်တွင် ကုန်တင်ကားနှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ နာရီခန့်က ကန်ချနပူရီခရိုင် သာမကာမြို့နယ် မောင်းစီမူးမြို့နယ်ခွဲ ထိုင်းစားသောက်ကုန် ကြက်သားစက်ရုံ အဝင်ပေါက်အနီးတွင်ဖြစ်ပွားခဲ့သည်ဟု The Thaiger သတင်းကမေလ ၁၂ရက်တွင်ဖော်ပြသည်။ အခင်းဖြစ်ရာနေရာ၌ အသက် ၂၀ နှင့် ၃၀ ကြားရှိ မြန်မာနိုင်ငံသား အမျိုးသမီး နှစ်ဦး၏ အလောင်းအား လမ်းဘေးတွင် လက် နှင့်ခြေထောက်များကျိုးနေသောဒဏ်ရာများနဲ့ တွေ့ရှိရကြောင်း သိရသည်။


အသက်အရွယ်တူ မြန်မာအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။ Khun Rattanawut Foundation မှ အရေးပေါ် ဝန်ဆောင်မှုများသည် သူမအား ဆေးရုံသို့ မပို့မီ ကနဦး ရှေးဦးသူနာပြုများ ဆောင်ရွက်ပေးခဲ့ပါသည်။ အနီးနားတွင် Yamaha အနက်ရောင် မော်တော်ဆိုင်ကယ်တစ်စီး တွေ့ရှိခဲ့ပြီး ပြင်းထန်စွာ ပျက်စီးခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုတွင် လိုက်ပါလာသည့် အနက်ရောင် Ford ပစ်ကပ်ထရပ်ယာဉ်သည် လမ်းဘေးတွင် ရပ်ထားကာ ရှေ့မျက်နှာစာပြင်းထန်စွာပျက်စီးသွားကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *