မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြင်းအား ၄ ဒသမ ၀ အဆင့်ရှိ ငလျင်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် Mueang အနောက်မြောက်ဘက် ၁၉၂ ကီလိုမီတာခန့် အနက် ၁၀ ကီလိုမီတာ (ထိုင်းစံတော်ချိန်) နံနက် ၆ နာရီ ၄၂ မိနစ်တွင် ဖြစ်ပွားခဲ့သည်ဟု The Nation ဖော်ပြသည်။
ယင်းမှာ Mueang မြို့၏အနောက်မြောက်ဘက် ကီလိုမီတာ ၂၅၀ အကွာရှိမြန်မာနိုင်ငံ၌ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာပထမအကြိမ်အား ပြင်းအား ၃.၀ ဖြင့် နံနက် ၉ နာရီ ၅၁ မိနစ်တွင် မှတ်တမ်းတင်ခဲ့ပြီး ဒုတိယမှာ ၃ ဒသမ ၈ ရှိပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မှတ်တမ်းတင်ခဲ့ပြီးနောက်ထိုင်းနိုင်ငံအတွင်းထပ်မံလှုပ်ခဲ့ခြင်းဖြစ်သည်။အစောပိုင်းကလည်း မြန်မာနိုင်ငံတွင် အသေးစားငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ပထမအကြိမ်သည် ပြင်းအား ၂ ဒသမ ၄ နှင့် အနက် ၁၀ ကီလိုမီတာတွင်လှုပ်ခဲ့ခြင်းဖြစ်ကာမယ်ဟောင်ဆောင်ခရိုင် ပန်မာဖာခရိုင်အနောက်မြောက်ဘက် ၇၁ ကီလိုမီတာအကွာတွင် နံနက် ၀.၃၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။