ထိုင်းနိုင်ငံကန်ချနပူရီခရိုင်တွင် မြန်မာနယ်စပ်ကိုဖြတ်ကျော်လာသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးကို ဖမ်းဆီး

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် ဆောင်ခလာဘူရီမြို့ တွင်မြန်မာဘက်မှအထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးကို ထိုင်းအာဏာပိုင်တွေက မေလ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်းဘန်ကောက်ပို့စ်ကမေလ၁၂ ရက်တွင်ဖော်ပြသည်။ အဆိုပါ စစ်ဆင်ရေးအား Surasee Task Force မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသတွင် တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများ ရှိနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ထိုင်း-မြန်မာနယ်စပ် ဘန်ဒေါင်ဆတ်မြို့နယ်ခွဲ ဝမ်ကာ အနီးတွင် ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မည်သူမျှ ခိုင်လုံသော သက်သေခံစာရွက်စာတမ်းများ မထုတ်ပြနိုင်ခဲ့ပါ။ အဆိုပါအဖွဲ့သည်မြန်မာနိုင်ငံဘုရားသုံးဆူမြို့မှ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် ဆိုင်ကယ်ဖြင်တောလမ်းများမှသဘာဝလမ်းများဖြင့်ထွက်ခွာလာကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *