သူပုန်အဖွဲ့နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲခံထားရသောအင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီးလိုက်

ဇူလိုင်လ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

သူပုန်အဖွဲ့နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲခံထားရသော အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီးလိုက်သည်ဟု Indonisia Business Post သတင်းက ဇူလိုင် ၁ ရက်နေ့တွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံမှ လူငယ်တစ်ဦးအား မြန်မာအစိုးရ ဆန့်ကျင်ရေး သူပုန်များကို ပံ့ပိုးကူညီသည်ဟု သံသယဖြင့် မြန်မာစစ်အစိုးရမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အင်ဒိုနီးရှား လွှတ်တော်အမတ်များ စိုးရိမ်ပူပန်မှု မြင့်တက်လာကာ သံတမန်ရေးအရ ချက်ချင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို အောက်လွှတ်တော် (DPR) မှ I member of Foreign Affairs Commission (DPR) မှ Abraham Sridjaja က ဇွန်လ ၃၀ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကြားနာမှုအတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ဆိုရှယ်မီဒီယာ၌လွှမ်းမိုးမှုရှိသူ တစ်ဦးသည် သူပုန်အဖွဲ့များကို ငွေကြေးထောက်ပံ့မှုဖြင့် စွပ်စွဲခံခဲ့ရပြီး အထောက်အထားမခိုင်လုံဟု ဖော်ပြထားကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ “သူပုန်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကျနော်တို့နိုင်ငံသားတွေထဲက တယောက်ရှိတယ်။ သူက ကျနော်နဲ့ အသက် ၃၃ နှစ်ပဲရှိသေးတဲ့ လူငယ်တယောက်ပါ။

ကျနော်သိသလောက်တော့ သူက အဲဒီလို ရည်ရွယ်ချက်မျိုး တစ်ခါမှ မရှိခဲ့ဘူး” ဟု Abraham က ကြားနာမှုတွင်ပြောကြားသည်။ အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံရေး လုပ်ငန်းစဉ် မပါရှိဘဲ ဇာတ်ညွှန်းဖန်တီးသူ တစ်ဦးသာ ဖြစ်ပြီး အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ပြည်နှင်ဒဏ် ပေးဆောင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အစိုးရက ဖမ်းဆီးခံထားရသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း အွန်လိုင်းတွင် ထင်ကြေးပေးမှုများ ပြင်းထန်လာသည်။ အင်တာနက်အသုံးပြုသူအချို့က အဆိုပါပုဂ္ဂိုလ်သည် အငြင်းပွားဖွယ်ဒီဇိုင်နာနှင့် အွန်လိုင်းစွန့်စားသူဖြစ်သည့် Arnold Putra ဖြစ်နိုင်ကြောင်း အကြံပြုထားသည်။ ၂၀၂၄ ခုနှစ်စက်တင်ဘာလတွင် လူသိရှင်ကြားနောက်ဆုံးတင်ခဲ့သော လူမှုကွန်ရက်မီဒီယာတွင် ၎င်း၏ကြာရှည်စွာနှုတ်ဆိတ်နေခြင်းသည် တရားဝင်အတည်ပြုချက်မထုတ်ပြန်သေးသော်လည်း သံသယများတိုးစေခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီး Sugiono က အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက် မှတ်ချက်မပေးသော်လည်း အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခဇုန်များတွင် နိုင်ငံခြားသို့ ခရီးမထွက်မီ စေ့စေ့စပ်စပ် သုတေသနပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံသားများအတွက် ခိုင်မာသော အကြံပေးချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကြားတွင် ရှိနေပါသည်။ စစ်အစိုးရနှင့် ဆက်ဆံခြင်းသည် ဒေသအားလုံးတွင် ဘေးကင်းလုံခြုံမှုကို အာမမခံနိုင်ပါ။ နယ်မြေတစ်ခုစီသည် အံဝင်ခွင်ကျ ချဉ်းကပ်မှုတစ်ခု လိုအပ်သည်” ဟု Sugionoက ပြောကြားခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံရပ်ခြားရှိ အင်ဒိုနီးရှားနိုင်ငံသားအားလုံးကို Safe Travel Portal မှတစ်ဆင့် စာရင်းသွင်းရန်နှင့် အရေးပေါ်အခြေအနေများတွင် ပိုမိုလွယ်ကူစွာ ခြေရာခံနိုင်ရန် Peduli WNI ပလပ်ဖောင်းကို အသုံးပြု၍ ၎င်းတို့၏ တည်နေရာများကို သတင်းပို့ရန်လည်း သတိပေးထားသည်။ သီးခြားဖြစ်ရပ်တစ်ခုတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးကျေးရွာတွင် ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်သည်ဟု ယူဆရသော အခြား အင်ဒိုနီးရှားနိုင်ငံသား လေးဦးကို ပြန်လွှတ်ပေးရန် ဆက်လက်ကြိုးပမ်းနေကြောင်း အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား ကာကွယ်ရေးအေဂျင်စီ (KP2MI) က အတည်ပြုခဲ့သည်။ ဤပုဂ္ဂိုလ်များကို ဒေသတွင်း လည်ပတ်နေသော ရာဇ၀တ်ဂိုဏ်းများမှ အွန်လိုင်း လိမ်လည်သူများအဖြစ် အတင်းအကြပ် လူကုန်ကူးခံရသည်ဟု စွပ်စွဲခံထားရသည်။ KP2MI ၏ လက်ထောက်ဥက္ကဋ္ဌ Christina Aryani မှ အချက်အလက်ကို ကိုးကား၍ Abhraham က အင်ဒိုနီးရှားနိုင်ငံသား လေးဦးသည် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် မြန်မာစစ်တပ်ကြား သီးခြားပဋိပက္ခဇုန်တွင် ပိတ်မိနေကြောင်း၊ ၎င်းတို့၏ ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ရှုပ်ထွေးစေသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း Abhraham က ပြောကြားခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အတားအဆီးများကြားမှ ထိခိုက်ခံစားရသော နိုင်ငံသားအားလုံးကို ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း အာဏာပိုင်များက အာမခံထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *