ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အာဏာလုစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi အား ဇူလိုင်၂ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)ကဇူလိုင် ၄ရက်တွင်သတင်းထုတ်ပြန်သည်။
တွေ့ဆုံစဥ်အတွင်းနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပါအဝင် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြသည်ဟုလည်းကြေညာချက်ကဆက်လက်ဖော်ပြသည်။