ရွှေ့ပြောင်းလုပ်သားများထံ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား DSI သို့အတိုက်အခံအမတ်များကတိုင်ကြား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား DSI သို့အတိုက်အခံအမတ်များကတိုင်ကြား

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားများထံမှ ရဲများ၏ ငွေညှစ်ယူမှုဖြစ်စဉ်များအား အုပ်စုလိုက်ဒုစရိုက်မှုနှင့် နိုင်ငံတော် အကျင့်ပျက်ခြစားမှုတို့နှင့် ဆက်စပ်သည့် အထူးအမှုအဖြစ် သတ်မှတ်စစ်ဆေးရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ကို အဓိက အတိုက်အခံ နိုင်ငံပါတီ People’s Party ၏ လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုလိုက်ကြောင်း Thai Enquirer သတင်းက ဇူလိုင် ၄ရက်တွင် ဖော်ပြထားသည်။ သြဇာကြီးမားသော အဖွဲ့အစည်းများနှင့် အစိုးရအရာရှိများက အကာအကွယ်ပေးသည့် ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရန် People’s Party ပါတီ၏အမတ် ဝီရော့လခ်ခန် အာဆီဆွန်နှင့် တာ့ခ်ခရိုင်အမတ် ရာချာပွန် ဆရွိုင်ဆူဝမ်တို့က DSI အကြီးအကဲ ရဲမှူးကြီး ယွတ်ထာနဖယ်ဒန်ထံသို့ သက်သေအထောက်အထားများ တင်သွင်းခဲ့ကြသည်။ (more…)
Read More