ဆေးဘက်ပညာသည်များ

စစ်အစိုးရက ဆေးဘက်ပညာသည်များကို မြေအောက်ဆီသို့မောင်းထုတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း ဖြစ်လာ

စစ်အစိုးရက ဆေးဘက်ပညာသည်များကို မြေအောက်ဆီသို့မောင်းထုတ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်း ဖြစ်လာ

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာပညာရှင် ဆိုဖီယာထွေးသည် မတ်လနှောင်းပိုင်းတွင် ရစ်ခ်ျတာစကေး ၇.၇ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဩစတေးလျနိုင်ငံရှိ၎င်း၏နေအိမ်သို့ဖုန်ခေါ်ရန် နာရီပေါင်းများစွာ ကြိုးစားခဲ့ရပြီး ငယ်သူငယ်ချင်းတစ်ဦးမှာ အပျက်အစီးများထဲတွင် ပိတ်မိနေကြောင်း သိရှိရသည်။ မန္တလေးမြို့အနောက်မြောက်ဘက်စစ်ကိုင်းမြို့မှ သူငယ်ချင်းဖြစ်သူက သူ့ကိုပြောပြသည်မှာ အဆိုပါသူငါ်ချင်းမှာလွတ်မြောက်လာသော်လည်း ဆေးကုသမှုမခံယူဘဲ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်ဟုဆိုသည်။ “ဒါက တကယ်ပဲကျမကို ကြေကွဲစေတယ်… ဒါက စစ်အာဏာရှင်တွေနဲ့စစ်တပ်က အာဏာသိမ်းမှုရဲ့ရှုံးနိမ့်မှုပဲ” ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး သူမက ပြောကြားခဲ့သည်။ လူပေါင်း ၃၇၀၀ ကျော် သေဆုံးပြီး ၅၀၀၀ ဒဏ်ရာရခဲ့သည့် ငလျင်သည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆရာဝန်နှင့် သူနာပြုများ ပြင်းထန်စွာနှင့်သိသိသာသာ ကျဆင်းသွားသည့်ကျန်းမာရေးစနစ်အား လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကိန်းဂဏန်းများက ဖော်ပြသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆရာဝန်နှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီးနောက် စစ်တပ်က ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်ဘက်များကို ဖယ်ရှားရန် ကြိုးပမ်းနေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို တိုက်ခိုက်မှုအပေါ် လူအများက အပြစ်တင်ကြသည်။ (more…)
Read More