မြန်မာနိုင်ငံအွန်လိုင်းငွေလိမ်စင်တာများ ကမ္ဘောဒီးယားသို့ရွှေ့သွားဟု ထိုင်းဝန်ကြီးချုပ်ဆို
ဇွန်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အွန်လိုင်းလိမ်လည်လှည့်စားသည့် အလုပ်စခန်းများမှ ကယ်ဆယ်နိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၀၀ ကျော်သည် စစ်ဘေးသင့် ထိုင်းနယ်စပ်တွင် သောင်တင်နေဆဲဖြစ်ကြောင်း ၎င်းတို့၏ နေရပ်ပြန်ပို့ရေး ကြီးကြပ်ကွပ်ကဲနေသည့် ဒေသခံလက်နက်ကိုင်အဖွဲ့မှ သိရသည်ဟု ဘန်ကောက်ပို့စ်ကဇွန်လ ၂၃ရက်တွင်ဖော်ပြသည်။ ရာဇ၀တ်မှုကွန်ရက်များသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တရားမဝင်အွန်လိုင်းအစီအစဥ်များဖြင့် အတင်းအဓမ္မအလုပ်ခိုင်းစေသည့်နေရာအပါအဝင် အရှေ့တောင်အာရှတစ်ဝှမ်းရှိ လူထောင်ပေါင်းများစွာကို လိမ်လည်လှည့်ဖြားရန်အတွက် လူထောင်ပေါင်းများစွာကို နှစ်ပေါင်းများစွာ လူကုန်ကူးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်း မြဝတီမြို့ရှိ လိမ်လည်လှည့်စားသည့်အလုပ်စခန်းများမှ ကယ်ဆယ်ပြီးနောက် ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံသားများအပါအဝင် လူပေါင်း ၂၁၆ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကရင်အမျိုးသားတပ်မတော် (KNA) က ပြောသည်။ “ဒီလူတွေကို စားနပ်ရိက္ခာနဲ့ဆေးဝါးပစ္စည်းတွေ ပေးနေပါတယ်”ဟုKNAပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က ဇွန်လ ၂၃ရက်နေ့တွင် ရိုက်တာ သို့ ပြောကြားခဲ့သည်။ “တချို့က ကိုယ်ဝန်ရှိနေပြီ၊ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်"ဟုလည်းသူကဆက်ပြောသည်။ (more…)