ဖြစ်ပွား

ကန်ချနပူရီခရိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာအမျိုးသမီးနှစ်ဦး သေဆုံး

ကန်ချနပူရီခရိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာအမျိုးသမီးနှစ်ဦး သေဆုံး

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီခရိုင်တွင် ကုန်တင်ကားနှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ မြန်မာအမျိုးသမီးနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ နာရီခန့်က ကန်ချနပူရီခရိုင် သာမကာမြို့နယ် မောင်းစီမူးမြို့နယ်ခွဲ ထိုင်းစားသောက်ကုန် ကြက်သားစက်ရုံ အဝင်ပေါက်အနီးတွင်ဖြစ်ပွားခဲ့သည်ဟု The Thaiger သတင်းကမေလ ၁၂ရက်တွင်ဖော်ပြသည်။ အခင်းဖြစ်ရာနေရာ၌ အသက် ၂၀ နှင့် ၃၀ ကြားရှိ မြန်မာနိုင်ငံသား အမျိုးသမီး နှစ်ဦး၏ အလောင်းအား လမ်းဘေးတွင် လက် နှင့်ခြေထောက်များကျိုးနေသောဒဏ်ရာများနဲ့ တွေ့ရှိရကြောင်း သိရသည်။ (more…)
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသားကိုပစ်ခတ်မှု ဖြစ်ပွားခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသားတစ်ဦးက ထိုင်းအမျိုးသားကိုပစ်ခတ်မှု ဖြစ်ပွားခဲ့

မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိရာလုပ်ငန်းခွင်သို့ ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု The Thaiger သတင်းက မေလ ၁၁ရက်တွင်ဖော်ပြသည်။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လပ်ဆောင်းမြိုနယ်ခွဲ၊ရွမ်ဆိုင်း ၁၂ လမ်းကြားတွင် မေလ ၁၀ ရက်နေ့ ည ၇ နာရီက ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာသို့Phetkasem ရဲစခန်းမှ စုံစမ်းရေးမှူး ဒုတိယရဲမှူး Ekachai Yimnimitt နှင့်ရဲမှူး Pramot Chanboonkaew နှင့် တပ်စွယ်၉ မှ ရဲမှူး Thitipong Siya၊မှုခင်းဆေးပညာ အရာရှိ၊ Siriraj ဆေးရုံမှ မှုခင်းဆရာဝန်၊Ruamkatan ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း များနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပါသည်။ (more…)
Read More