မြန်မာဘက်သို့ လိမ်လည်ကာခေါ်ယူခြင်းခံခဲ့ရသူ

မြန်မာဘက်သို့ လိမ်လည်ကာခေါ်ယူခြင်းခံခဲ့ရသူ တရုတ်မော်ဒယ်တစ်ဦးကို ကယ်ဆယ်ခဲ့ရ

မြန်မာဘက်သို့ လိမ်လည်ကာခေါ်ယူခြင်းခံခဲ့ရသူ တရုတ်မော်ဒယ်တစ်ဦးကို ကယ်ဆယ်ခဲ့ရ

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်မော်ဒယ်တစ်ဦးဖြစ်သူ"Zhong" ’ ဆိုသူသည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိပြီးနောက် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးရမည်ဟု လိမ်လည်ခံရကာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်ကို The Nation Thailand သတင်းက ဇူလိုင် ၄ရက်တွင်ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ညီမဖြစ်သူက သူ၏အစ်ကိုအား မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် လှည့်ဖြားခေါ်ဆောင်သွားခဲ့ကြောင်း ပြောသည်ဟု Beijing News သတင်းဌာနက ဇူလိုင် ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ယခင်က အတူလုပ်ကိုင်ခဲ့ဖူးသော အလုပ်ရှင်တစ်ဦးက သူ၏ အစ်ကို Zhong"အား ဓာတ်ပုံရိုက်ရန်အတွက် ထိုင်းနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သူ၏အစ်ကိုသည် ဇွန်လ ၈ ရက်နေ့တွင် ကွမ်ကျိုးမှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် သူသည် ညီမဖြစ်သူထံသို့ ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ကာ သူ့အနေဖြင့် လိမ်လည်ခံရပြီး မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သော်လည်း ၎င်းရောက်ရှိနေသည့်နေရာကို တိတိကျကျ မပြောခဲ့ကြောင်း ညီမဖြစ်သူက ပြောသည်ဟုသတင်းကဆိုသည်။ ညီမဖြစ်သူ က ဘန်ကောက်နှင့် ကွမ်ကျိုးရှိ ရဲတပ်ဖွဲ့များကို အမြန်ဆက်သွယ် အကြောင်းကြားခဲ့ပြီးနောက် အာဏာပိုင်များက အမှုကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြသည်။ (more…)
Read More