မြန်မာ့နိုင်ငံရေး အကျဉ်းသားများအပေါ် အာဆီယံက နှုတ်ဆိတ်နေမှု
အရပ်ဝတ်ရဲများက သတိမေ့အောင်ရိုက်နှက်ကာ နာမည်ဆိုးဖြင့်ကျော်ကြားသော အိုးဘိုထောင်သို့ ပို့ခဲ့သည်။ အိုးဘိုထောင်တွင်သူသည်ရက်စက်ကြမ်းကြုတ်ဝေါညှဉ်းပန်းနှိပ်စက်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင် အရှက်ခွဲခံရခြင်းများကိုကြုံတွေ့ခဲရသည်။ အမျိုးသမီး အကျဉ်းသူများ၏အခြေအနေကို မေးသည့်အခါ သူသည်တုန်လှုပ်သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့သည်။ ခေတ္တရပ်ပြီး နောက်မှ ပြန်ပြောမယ်ဟုတိတ်တဆိတ် ပြောလိုက်သည်။ ထိုမှောင်မိုက်မှုထဲတွင်ပင် ခံနိုင်ရည်ရှိနေဆဲဖြစ်သည်- ကွန်ကရစ်နံရံများမှတဆင့် တိုးတိုးလာသော တော်လှန်ရေးသီချင်းများ၊ခိုးသွင်းထားသောကြက်ဥပြုတ်များကိုအချင်းချင်းလက်ဆင့်ကမ်းကြခြင်း၊"ငါတို့အတူတူဘဲ" ဆိုသည့် စကားလုံးပါသော စာရွက်တစ်ရွက်ကို လက်ဆင့်ကမ်းကြခြင်းများကြုံတွေ့ခဲ့ရသည်ဟုသူကပြောသည်။ "ဒါတွေဟာ ကြင်နာမှုကိုပြတဲ့ အမူအရာတွေ မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံတုတဲ့ အပြုအမူတွေပါ"ဟုသူကဆက်ပြောသည်။ အောင်ထွန်းဦးရဲ့ ဇာတ်လမ်းက မထူးဆန်းပါ။ အကျဉ်းသား ၇၀၀ အတွက် ဒီဇိုင်းထုတ်ထားသော အကျဉ်းထောင်များသည် မကြာခဏ ၁၂၀၀ ကျော်ရှိသည်။ အညစ်အကြေး ပိုများလာသည်။ ကူးစက်ရောဂါများပို များလာသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အကျဉ်းသားများအား ဂျင်းပြုတ်ရေ (သို့) ငါးပိများကိုသာ "ဆေး" အဖြစ် ပေးထားသည့် အခြေခံစောင့်ရှောက်မှုကို ငြင်းပယ်ခံခဲ့ရသည်။ ၂၀၂၁ခုနှစ်မှစ၍ အချုပ်ထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၀ သေဆုံးခဲ့ရပြီး အများစုမှာ ညှဉ်းပန်းနှိပ်စက်မှု၊ မကုသရသေးသော နာမကျန်းမှု သို့မဟုတ် ကွပ်မျက်ခြင်းများကြောင့် ဖြစ်သည်။ ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကွာလာလမ်ပူတွင် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင် သံတမန်ရေးရာ ယဉ်ကျေးသိမ်မွေ့မှုနှင့် ဇာတ်ညွှန်းရေးထားသော ကြေညာချက်များထက် ကျော်လွန်ရမည့် ကိစ္စရပ်မှာ- မြန်မာ့…