မြန်မာ၏ကန့်ကွက်မှု

မြန်မာ၏ကန့်ကွက်မှုကို အရှေ့တီမောက ပယ်ချ

မြန်မာ၏ကန့်ကွက်မှုကို အရှေ့တီမောက ပယ်ချ

ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ၁၁ ခုမြောက် အဖွဲ့ဝင်ဖြစ်လာခြင်းအပေါ် ကန့်ကွက်ကြောင်း တီမော-လက်စ်တေက ပယ်ချလိုက်သည်ဟု UCA News ကဇူလိုင် ၃ရက်တွင်ဖော်ပြသည်။ မြန်မာစစ်အစိုးရက အရှေ့တီမော သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းဆိုင်ရာ အစုအဖွဲ့၏ အဓိကမူကို ချိုးဖောက်သည်ဟုဆိုကာအရှေ့တောင်အာရှဒေသတွင်း အစုအဖွဲ့သို့ ဝင်ရောက်ခွင့်ကို တရားဝင်ကန့်ကွက်ကြောင်း မီဒီယာများက ဇူလိုင် ၂ ရက်တွင် ဖော်ပြခဲ့သည်။ အရှေ့တီမော သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက အဆိုပါစွပ်စွဲချက်ကို အကျိုးမရှိဟု ငြင်းဆိုခဲ့ပြီး အာဆီယံအဖွဲ့ဝင် အပြည့်အ၀ဖြစ်ရေးလမ်းကြောင်းသည် လုံခြုံနေပြီဟု ထပ်မံအတည်ပြုခဲ့သည်။ မြန်မာနိုင်ငံက အတိုက်အခံတွေနဲ့ မသက်ဆိုင်ပါဘူး။ အာဆီယံအဖွဲ့ဝင် တီမောလက်စ်တေအတွက် တရားဝင် ဆုံးဖြတ်ချက်က ချမှတ်ထားပြီးသားဖြစ်ပြီး နောက်ဆုံး ကြေညာချက်မှာ ထင်ဟပ်နေပါတယ်” ဟု ရာမို့စ်က ပြောကြားပြီး “ကျွန်ုပ်တို့၏ အဖွဲ့ဝင် အပြည့်အဝ အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ် အောက်တိုဘာလတွင် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် စီစဉ်ထားပါသည်"ဟုလည်းဆိုသည်။ “အာဆီယံ သဘာပတိက ဆန္ဒရှိမယ်ဆိုရင် မြန်မာရဲ့ကန့်ကွက်ချက်ကို တုံ့ပြန်နိုင်ပေမယ့် တီမောလက်စ်တီကို ဝင်ခွင့်အတွက် ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ (more…)
Read More