မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု အာဆီယံမှသူဌေးကြီးများက ကူညီနေဟု JFM ကထုတ်ပြန်
မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာအရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အာဆီယံဒေသတွင်းရှိ သူဌေးကြီးများက ကူညီပံ့ပိုးပေးနေကြောင်း Justice For Myanmar ကမေလ ၁၂ ရက်တွင်ထုတ်ပြန်လိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ၎င်းတို့၏ ဘုံသဘောထား ၅ ရပ်မှတဆင့် မြန်မာ့ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ဟန့်တား ထိန်းချုပ်ရန် ပျက်ကွက်ရုံသာမက ၎င်းတို့အချုပ်အခြာအာဏာအောက်ရှိ ကုမ္ပဏီများကို မြန်မာစစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများ ဆက်လက်ခွင့်ပြုပေးခဲ့သဖြင့် အာဆီယံအစိုးရများနှင့် သူဌေးကြီးများသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါနေမှုကို ပြသနေသည်ဟု JFM ကြေညာချက်ကဖော်ပြသည်။ ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူများ” စာရင်းပါ သူဌေးကြီး ၁၂ ဦးတို့သည် အရှေ့တောင်အာရှတလွှားရှိ ဩဇာတိက္ကမကြီးမားသူများဖြစ်ပြီး ၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန် ဆောင်မှုများ ပေးအပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများထံမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်သည် ဟုလည်းဆိုသည်။ ၎င်းအပြင် စစ်အုပ်စုနှင့် ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ၊ ခရိုနီကြီးများနှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသလို အဆိုပါအကြမ်းဖက်စစ်ဆင် ရေးတွင် ၂၀၂၁ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပါဝင်သည်ဟုလည်း JFM က ဆိုထားသည်။ (more…)