အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးကာရံခြင်းသည် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်-ဟုအာသံရိုင်ဖယ် ညွှန်ကြားရေးမှူးချုပ်ကဆို
ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာတို့နှင့်နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုသည် နိုင်ငံ၏ နယ်မြေစိုးမိုးရေး၏ သော့ချက် ဖြစ်သည်။ ဤနေရာတွင် အာသံရိုင်ဖယ်တပ်များသည် ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီး အိန္ဒိယ၏ အရှေ့မြောက်နယ်နိမိတ်သည် လုံခြုံမှုပျက်ပြားဖခြင်းမရှိဘဲ ရှိနေသည်ကို မြင်တွေ့ရသည်ဟု India Today သတင်းက ဇူလိုဂ် ၂ ရက်တွင်ဖော်ပြသည်။ အာသံရိုင်ဖယ်တပ်များ၏ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Vikas Lakhera က ဗျူဟာမြောက် အရေးကြီးသော ဒေသတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ၎င်း၏ အရေးပါပုံကို ရှင်းလင်း ပြောကြားခဲ့ပြီး မဏိပူရပြည်နယ်မှ အကြမ်းဖက်မှု၊ အိန္ဒိယ-မြန်မာ နယ်စပ် ကာရံရေးနှင့် အရှေ့မြောက် ပြည်နယ်များကို ကာကွယ်ရန် စိန်ခေါ်မှုများ အပါအဝင် ခေါင်းစဉ် အမျိုးမျိုးကို ဟောပြောခဲ့သည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုသည် အိန္ဒိယအစိုးရအတွက် စိုးရိမ်စရာပြဿနာတစ်ခုဖြစ်ကာ ဗဟိုနှင့် အတိုက်အခံပါတီများကြား နိုင်ငံရေးအရ ရောင်ပြန်ဟပ်လာခဲ့သည်။ ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကို ကာရံထားရန် အရေးကြီးပြီး ယင်းသည် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး Lakhera က ပြောကြားခဲ့သည်။ "အိန္ဒိယ-မြန်မာနယ်စပ်မှာ တောတွေထူထပ်ပြီး စိန်ခေါ်မှုရှိတဲ့ မြေပြင်အနေအထားကြောင့် ကင်းလှည့်ရခက်ပါတယ်။ နယ်စပ်လုံခြုံရေးအတွက် အာသံရိုင်ဖယ်တပ်သားတွေဟာ နေ့ရောညပါ ကင်းလှည့်ဖို့ မပျင်းမရိ လုပ်ဆောင်နေပါတယ်" ဟု India Today TV နှင့် သီးသန့်စကားပြောဆိုမှုတွင်…