ဇနီး၏အလုပ်ရှင်ကို သတ်ပြီး

ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

ဇနီး၏အလုပ်ရှင်ကို သတ်ပြီးနောက် မြန်မာအမျိုးသားတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ဇနီးရဲ့အလုပ်ရှင်အား အသေပစ်သတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဘန်ကောက်တွင် သုံးရက်ကြာ လိုက်လံရှာဖွေပြီးနောက် ဖမ်းဆီးရမိသည်ဟု Khaosod သတင်းကမေလ ၁၃ရက်နေ့ကဖော်ပြသည်။ Watthana ရပ်ကွက် ၆၅ တွင် ည ၈ နာရီ အချိန်တွင် စိုင်းဟန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ဟု မေလ ၁၂ရက်၌ ရဲအရာရှိများက အတည်ပြုခဲ့သည်။ အခင်းဖြစ်ပွားပြီးကတည်းက အာဏာပိုင်များက ၎င်းအား ခြေရာခံကာ ဖမ်းမိရန် သတင်းပေးနိုင်လျင်ခဲ့ဆုငွေ ဘတ်ငွေ ၂၀၀၀၀ ပေးခဲ့မယ်လို့ ဆုငွေထုတ်ခဲ့သည်ဟုလည်းသတင်းကဆိုသည်။ Bang Khae ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ရုံလုပ်ငန်းပိုင်ရှင် အသက် ၇၀ အရွယ် Yuttharot Suwansumet ကို သတ်ဖြတ်ခဲ့သည့် စိုင်းဟန်ကို မေလ ၁၀ ရက် နေ့တွင်ပင် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။ (more…)
Read More