ဖမ်းဆီးလိုက်

သူပုန်အဖွဲ့နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲခံထားရသောအင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီးလိုက်

သူပုန်အဖွဲ့နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲခံထားရသောအင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီးလိုက်

ဇူလိုင်လ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သူပုန်အဖွဲ့နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲခံထားရသော အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီးလိုက်သည်ဟု Indonisia Business Post သတင်းက ဇူလိုင် ၁ ရက်နေ့တွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံမှ လူငယ်တစ်ဦးအား မြန်မာအစိုးရ ဆန့်ကျင်ရေး သူပုန်များကို ပံ့ပိုးကူညီသည်ဟု သံသယဖြင့် မြန်မာစစ်အစိုးရမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အင်ဒိုနီးရှား လွှတ်တော်အမတ်များ စိုးရိမ်ပူပန်မှု မြင့်တက်လာကာ သံတမန်ရေးအရ ချက်ချင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို အောက်လွှတ်တော် (DPR) မှ I member of Foreign Affairs Commission (DPR) မှ Abraham Sridjaja က ဇွန်လ ၃၀ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကြားနာမှုအတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ဆိုရှယ်မီဒီယာ၌လွှမ်းမိုးမှုရှိသူ တစ်ဦးသည် သူပုန်အဖွဲ့များကို ငွေကြေးထောက်ပံ့မှုဖြင့် စွပ်စွဲခံခဲ့ရပြီး အထောက်အထားမခိုင်လုံဟု ဖော်ပြထားကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ “သူပုန်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကျနော်တို့နိုင်ငံသားတွေထဲက တယောက်ရှိတယ်။ သူက ကျနော်နဲ့ အသက် ၃၃ နှစ်ပဲရှိသေးတဲ့ လူငယ်တယောက်ပါ။ (more…)
Read More