တီမော ကို အာဆီယံအဖွဲ့ဝင်အဖြစ် မထောက်ခံကြောင်း မြန်မာစစ်ကောင်စီ အရေးဆို

ဇူလိုင်လ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံသစ် အဖြစ် လာမည့်အောက်တိုဘာလတွင်တရားဝင်လက်ခံမည့်ကိစ္စကို မထောက်ခံပါဟုစစ်ကောင်စီက ပြောလိုက်တဲ့အကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြသည်။ စစ်ကောင်စီက အာဆီယံအလှည့်ကျဥက္ကဋ္ဌကို တရားဝင်ပေးပို့သောစာတွင်တီမောသည်အာဆီယံပဋိညာဉ်တွင်ပါဝင်သော ပြည်တွင်းအရေးကို မစွက်ဖက်ရဆိုသည့်စည်းမျဉ်းကို လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟုပြောထားသည်ဆိုပြီး သတင်းက ဆိုသည်ဟု BBC ကဖော်ပြသည်။ အာဆီယံဥက္ကဋ္ဌကို စစ်ကောင်စီက ပေးပို့သောစာတွင် တီမောအနေနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနှင့်ပဋိပက္ခဖြစ်နေခြင်း သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို ဆန့်ကျင်နေသည့်အစုအဖွဲ့မှားနှင့်ထိတွေ့ ဆက်ဆံခြင်း မလုပ်ရန်လည်း တိုက်တွန်းထားသည်ဟုဆိုသည်။

လက်ရှိတွင် တီမောအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေခြင်းဖြစ်သောကြောင့်စစ်ကောင်စီပြောသောအစုအဖွဲ့သည် NUG ကို ရည်ညွှန်းခြင်းဟုနားလည်ရပါသည်ဟုလည်း BBCကဖော်ပြသည်။ တီမောကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်အဖြစ်လက်ခံသည့်လုပ်ငန်းစဉ် စတင်လုပ်ဆောင်ရန် ပြီးခဲ့သည့်မေလတုန်းက ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် အဖွဲ့ဝင်ခေါင်းဆောင်များက သက်ဆိုင်ရာ အရာရှိများကို လမ်းညွှန်ထားသည်။ အာဆီယံသည် စစ်ကောင်စီကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီးယင်း အအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ခွင့်ပြုထားပါသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း မြန်မာစစ်ကောင်စီကအာဆီယံထိပ်သီးဆွေးနွေးပွဲများကို ကိုယ်စားလှယ်မလွှတ်ခဲ့သော်လည်း၂၀၂၄ ခုနှစ်ဆန်းပိုင်းတွင်အာဆီယံအလှည့်ကျ လာအိုနိုင်ငံတွင်ပြုလုပ်သော အစည်းအဝေးကစ၍နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးများကို တက်ရောက်စေခဲ့သည်။ ထိုအချိန်ကစ၍ ပြီးခဲ့သည့်မေလက ပြုလုပ်သောအာဆီယံထိပ်သီးဆွေးနွေးပွဲများကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါသည်။ စစ်ကောင်စီက ကန့်ကွက်သည်ဆိုသောပြောဆိုချက်နှင့်ပတ်သက်ပြီးတီမော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်စစ်ကောင်စီကို ဆက်သွယ်မေးမြန်းရန်ကြိုးစားနေသည်ဟုလည်း BBC ကဖော်ပြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *