မန္တလေးမှာ ငလျင်လှုပ်ပြီး ဒေသခံတွေ စိုးရိမ်နေကြ

ဇန်နဝါရီ ၉၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
မန္တလေး အနီးတဝိုက်မှာ ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့ရာ မြို့ခံပြည်သူတွေ ကြောက်လန့် လမ်းပေါ်ပြေးထွက်ခဲ့ရပြီး အထပ်မြင့် အဆောက်အဦတွေရှိ ပြည်သူတွေစိုးရိမ်နေကြတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။ မနေ့ည ၉ နာရီ ၂၆ မိနစ် အချိန်တွင် မန္တလေးမြို့ အနီးကို မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြုကာ ရစ်ခ်တာစကေး ၄.၅ အဆင့်ရှိ အင်အား အတော်အသင့် ငလျင်တစ်ခု လှုပ်ခတ်သွားတာလို့သိရပါတယ်။

“ငလျင်ထပ်လှုပ်ပြန်ပြီ၊ သိသိသာသာ ခံစားလိုက်ရတာက မန္တလေး၊ အမရပူရနဲ့ ပြင်ဦးလွင်တို့မှာ ငလျင်ဒဏ်ခံရတာ။ လူတွေကတော့ ကြောက်နေကြတာပေါ့။ အထပ်မြင့်ကလူတွေ ကလည်းကြောက်တာပေါ့”လို့မြို့ခံတဦးကပြောပါတယ်။ မန္တလေးကပြည်သူတွေဟာ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့ကငလျင်ကြီး လှုပ်ခတ်ပြီးနောက် အပျက်အစီး အထိခိုက်များပြားခဲ့သလို နောက်ဆက်တွဲ ငလျင်တွေကြောင့် စိုးရိမ်ပူပန်မှုတွေ မြှင့်တက်နေတာဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.