ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”

ဇန်နဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

ပြည်တွင်းအင်အားကိုတည်ဆောက်ရမည်ဖြစ်ပြီး၊နိုင်ငံတစ်ကာအစီအစဉ်ကို ပုံဖော်ချမှတ်နိုင်မှသာ စိန်ခေါ်မှု့များကိုဖြေရှင်းနိုင်မည်ဖြစ်သည်”ဟုဆိုထားရာ အမေရိကန်မိတ်ဂရိပ်အဂိမ်းပင်ဖြစ်သည်။စာတန်းပါအသေးစိတ်လုပ်ငန်းစဉ်များသည် ယခုထရန့်လုပ်ဆောင်နေသည်များနှင့်သဘောသဘာဝအတူတူပင်ဖြစ်သည်။ အမေရိကန်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးနှင့်ပက်သက်၍ အိုဘားမားပေါ်လစီမှာ”လိုအပ်လျင် အများသဘောမလို၊တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိ့သည်”ဆိုသည့်အတွက်လိုအပ်လျင် တစ်ကိုယ်တော်ကြိတ် အင်အားသုံးရန်ဝန်မလေးဆိုသည့်သဘောဖြစ်သည်။ ဒီမိုကရက်သမ္မတ ကလင်တန်၏ဝါဒမှာလည်း”ဖြစ်နိုင်သမျှအများနှင့်လက်တွဲဆောင်ရွက်မည်၊လိုအပ်လျင်တစ်ဦးတည်းလုပ်မည်”(together when possible, alone when necessary) ပင်ဖြစ်သည်။ အမေရိကန်၏ ကမ္ဘာ့အစီအစဉ်ကိုလိုက်နာရန်မလိုအပ်သည့် “လိုအပ်လျှင်တစ်ကိုယ်ကြိတ်ဝါဒကျင့်သုံးမှု့ပေါ်လစီ”ကို အမေရိကန်တစ်နိုင်ငံတည်းသာမက ရုရှားကဲ့သို့ အခြားစူပါပါဝါနိုင်ငံများကလည်း လက်တွေ့ကျင့်သုံးလာကြသည်မှာ လက်တွေ့ပင်ဖြစ်နေသည်။ယခုသမ္မတထရန့်လက်ထက်တွင်လည်း လက်တွေ့ကျင့်သုံးနေရာ ယခု ဗင်နီဇွဲလား ကိစ္စမှာ လတ်တလောဖြစ်စဉ်ပင်ဖြစ်သည်။ အမေရိကန်၏ ပထဝီနိုင်ငံရေးပညာရှင် ရေတပ်ပဲ့သူကြီး မဟန်းမှ သမုဒ္ဒရာနှစ်စင်းကို တူးမြောင်းဖောက်ဆက်သွယ်ရန်ကြိုတင် ဖော်ထုတ်ခဲ့သည်။အလယ်ဗဟိုအမေရိကတိုက်ရှိ့ပနားမားဒေသအား ကိုလံဘီယာနိုင်ငံမှခွဲထွက်ရေးကို အမေရိကန်မှ ကူညီခဲ့ပြီး ပနားမားနိုင်ငံသစ်ကို ထူထောင်စေခဲ့သည်။ထို့နောက် အမေရိကန်မှ ပနားမားတူးမြောင်းကို ဖောက်လုပ်ခဲ့သည်။ ပနားမားတွင် လက်ဝဲဝါဒီ ဒုဗိုလ်မှုးကြီး တိုရီဂျိုးက အာဏာသိမ်းပြီး ပနားမားတူးမြောင်းကို ပြည်သူပိုင်သိမ်းရန်နှင့်အမေရိကန်တောတွင်းတိုက်ခိုက်ရေးကျောင်းကိုပိတ်သိမ်းရန်အားထုတ်လာသည်။ဤတွင် အ‌မေရိကန် CIA သတင်းပေးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနော်ရီရေးဂါးအားအာဏာသိမ်းစေခဲ့သည်။တိုရီဂျိုးမှာလည်း လေယဉ်ပျက်ကျကာ သေဆုံးခဲ့သည်။ နော်ရီရေးဂါးသည် အမေရိကန် CIAနှင့်DEA အတွက်ဆက်လက်လုပ်ကိုင်ပေးနေသော်လည်း စစ်အေးတိုက်ပွဲအပြီးတွင် နော်ရီရေးဂါးကို ဖယ်ရှားရန်ဖိ့အားပေးလာသည်။

ဗင်နီဇွဲလားသမ္မတကို ဘာ့ကြောင့် အရှင်ဖမ်းတာလည်းနှင့်(Monroe Doctrine)” မွန်ရိုးအခြေခံမူ”
—————————————————–

“ကမ္ဘာသစ်ခေါ် အမေရိကတိုက်များပေါ်ရှိ နိုင်ငံများအရေးအခင်းတွင် ဥရောပနိုင်ငံများစွတ်ဖက်ခွင့်မရှိ့”ဟု ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတမွန်ရိုးက အတိအလင်းကြေငြာလိုက်သည်။ (Monroe Doctrine)” မွန်ရိုးအခြေခံမူ”ဟုခေါ်ဆိုကြသည်။ ဥရောပနပိုလီယံစစ်ပွဲများကာလတွင် စပိန်၊ပေါ်တူဂီစသဖြင့်နိုင်ငံများသည် ၎င်းတို့၏လက်တင်အမေရိက ကိုလိုနီနယ်များကို လက်လွတ်ဆုံးရှုံးခဲ့ကြသည်။နပိုလီယံစစ်ပွဲများပြီးဆုံးသွားပြီးနောက် စပိန်သည် ၎င်းဆုံးရှုံးထားသော လက်တင်အမေရိက ကိုလိုနီနယ်များကို ပြန်လည်ရယူလိုသော်လည်း ဗြိတိန်ကကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးသက်တမ်းနုသေးသော အမေရိကန်သည် ဗြိတိန်၏ကန့်ကွက်မှု့ကို မူတည်၍ အမေရိကတိုက်များပေါ်ရှိနိုင်ငံများအရေးအခင်းတွင် ဥရောပနိုင်ငံများစွတ်ဖက်ခွင့်မရှိဆိုသည့် မွန်ရိုးဝါဒကို ရဲရဲတင်းတင်းချမှတ်ခဲ့သည်။ ကမ္ဘာသစ်စွန့်စားရှာဖွေသူများ အမေရိကတိုက်ကြီးကို တွေ့ရှိ့ပြီးနောက် ဥရောပနိုင်ငံများသည် အမေရိကတိုက်ကို အပြိုင်အဆိုင်နယ်ချဲ့ခဲ့ကြသည်။ရေကြောင်းသွားလာရေး၊နယ်သစ်ရှာဖွေရေးတွင် လက်ဦးခဲ့သည့် မြေထဲပင်လယ်နိုင်ငံများဖြစ်သည့် စပိန်၊ပေါ်တူဂီတို့သည် လက်တင်အမေရိကနှင့်တောင်အမေရိကတိုက်များတွင် ကိုလိုနီနယ်များထူထောင်ခဲ့ကြသည်။ ဥရောပကုန်းမနိုင်ငံကြီးများသည် မြောက်အမေရိကတိုက်တွင် ကိုလိုနီနယ်သစ်များထူထောင်ခဲ့သည်။ ကိုလိုနီဆိုသည့် အဓိပ္ပါယ်မှာ စိုက်ကွင်းကျယ်ကြီးများ ဖြစ်သည်။စပိန်ကိုလိုနီနယ်များသည် ရွေနှင်ငွေသတ္တုများ အကြီးအကျယ် ထွက်ရှိခဲ့သည်။ထိုစဉ်က ဥရောပ နိုင်ငံတစ်ကာလှည့်လည်သုံးစွဲငွေမှာ ငွေသတ္တုဖြစ်၍ စပိန်သည် ဥရောပငွေသတ္တုဈေးကွက်ကိုချုပ်ကိုင်ထားခြင်းကြောင့်ကြီးပွားချမ်းသာခဲ့သည်။ မကြာမီအမေရိက ကိုလိုနီနယ်များတွင်လည်း ရွေနှင့်ငွေသတ္တုမိုင်းသစ်များဖော်ထုတ်လာနိုင်သည့်အတွက် စပိန်၏ ငွေသတ္တုလက်ဝါးကြီးအုပ်စီးပွားရေးဆုံးရှုံးလာခဲ့သည်။

စပိန်ဘုရင်သည် အမေရိက ငွေသတ္တုတွင်းများတူးဖော်ခွင့်၊သယ်ယူရောင်းချခြင်းများအပေါ်တွင် အခွန်ကောက်ခံခဲ့သည်။မူလက ၅၀ ရာခိုင်နှုန်းနီးပါးအခွန်ကောက်ခံရာမှ အခြားမိုင်းများမှ ငွေသတ္တုများကြောင်း ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာသည့်အတွက်ကြောင့် အခွန်လျော့ကောက်လာရသည်။နောက်ပိုင်းကာလများတွင် ၁၀ရာခိုင်နှုန်းအောက်သို့ပင်လျော့ကျလာတော့သည်။ စက်မှု့တော်လှန်ရေးကြောင့် အင်္ဂလန်နှင့်ဥရောပကုန်းမနိုင်ငံများ၏ အမေရိကကိုလိုနီများသည် မြေယာစီးပွားဖွံ့ဖြိုးလာပြီး စီးပွားရေးအခြေခိုင်လာကြသည်။အမေရိကန်ဖြစ်လာမည့် ကိုလိုနီများသည် မိမိကိုယ်တိုင်ရပ်တည်လာနိုင်သည့်အခါ ခွဲထွက်၍ နိုင်ငံသစ်ထူထောင်ရင်းဖြင့် အမေရိကန်ပြည်ထောင်စုဖြစ်လာခဲ့သည်။  စပိန်ကိုလိုနီအပါအဝင် အခြားအမေရိက ကိုလိုနီနယ်များသည် လည်း ငွေနှင့်ရွေသတ္တုဈေးပျက်ပြီး မိခင်နိုင်ငံများမှ စီးပွားရေးထောက်ကူမှုမရသည့်အပေါ်မူတည်၍ နိုင်ငံအသီးသီးခွဲထွက်ထူထောင်လာကြသည်။ အင်္ဂလိပ်စကားပြော အမေရိကနိုင်ငံများနှင့်စပိန်စကားပြော အမေရိကနိုင်ငံများဟူ၍ နိုင်ငံသစ်များပေါ်ထွန်းလာခဲ့သည်။စပိန် စကားပြောနိုင်ငံအများစုမှာ ကတ်သလစ်ဘာသာဝင်ကိုးကွယ်သူအများစုဖြစ်ကြပြီး အင်္ဂလိပ်စကားပြောနိုင်ငံများမှာ အမေရိကန်နှစ်ခြင်း သာသနာသည် ဗာတီကန်ကျောင်းတော်သာသနာနှင့်အပြိုင်ဖြစ်လာသည်။ အမေရိကန်သည် ကာရစ်ဘီယန်ပင်လယ်ကွေ့နှင့်ပစိဖိတ်ကမ်းခြေ တစ်ဆက်တစပ်တည်းဖြစ်စေရန် မက္ကစီကိုနှင့်စစ်ဆင်နွဲခြင်းဖြင့် နယ်မြေများချဲ့ထွင်သိမ်းပိုက်ခဲ့သည်။ ဤတွင် မက္ကစီကိုပင်လယ်ကွေ့နှင့်ပစိဖိတ်ကြားရှိ စပန်းနစ်ရှ်အနွယ်ကိုလိုနီနယ်များသည် အမေရိကန်ပြည်ထောင်စုဝင်ပြည်နယ်များဖြစ်လာကြသည်။ အမေရိကန်နိုင်ငံအတွင်းပိုင်း ကိုလိုနီနယ်များသည် အမေရိကန်အညာ၊အမေရိကန် မဘသ ပြည်နယ်များဖြစ်ကြသော်လည်း ပစိဖိတ်နှင့်မက္ကစီကိုပင်လယ်ကွေ့ဝန်းကျင်ပြည်နယ်များသည် စပန်းနစ်ရှ်အနွယ်များနှင့်လူမျိုးစုံအခြေချမှုများပြားသည်။


အဆိုပါ စပန်းနစ်ရှ်အခြေခံပြည်နယ်များသည် ဘာသာရေး၊ယဉ်ကျေးမှုကွဲပြားပြီး ခွဲခြားခံရသည့်အပေါ်မူတည်၍ အချိန်မရွေးပေါက်ကွဲနိုင်သော ဗီဇပါရှိပြီးဖြစ်သည်။ အမေရိကန်သည် အမေရိကတစ်တိုက်လုံးနှင့်ပက်သက်၍ မွန်ရိုးဝါဒကိုထုတ်ပြန်ခဲ့သော်လည်း စစ်အေးကာလအပြီးထိ့ အပြည့်အဝ အကောင်အထည်မဖေါ်နိုင်သေးဟုဆိုရမည်ဖြစ်သည်။ စစ်အေးကာလအတွင်း လက်တင်အမေရိက နိုင်ငံများအတွင်း လက်ဝဲ၊လက်ယာအားပြိုင်မှုများအတွင်း အမေရိကန်သည် ဆိုဗီယက်နှင့်အပြိုင်အဆိုင်ကစားခဲ့ကြသည်။စစ်အေးကာလအတွင်း အမေရိကန်နှင့်မျက်နှာချင်းဆိုင်ကျူးဘားတွင် လက်ဝဲအစိုးရအနိုင်ရပြီး ကျူးဘားဒုံးပျံအရေးအခင်းကဲ့သို့ ကမ္ဘာစစ်အထိဦးတည်သော အားပြိုင်လွန်ဆွဲများကို ရင်ဆိုင်ခဲ့ရသည်။ စစ်အေးကာလပြီးဆုံးပြီးနောက် ကမ္ဘာစူပါပါဝါနိုင်ငံကြီးများသည် တစ်ကိုယ်ကြိတ်ဝါဒကို ကျင့်သုံးလာနေကြသည်။ကမ္ဘာ့အစီအစဉ်သစ် NEW WORLD ORDER ရှာဖွေနေကြဆဲကာလဖြစ်သည်။
ရဲဘော်ဗိုလ်ကြင်မောင်မှ ကမ္ဘာ့အစီအစဉ်သစ်တစ်ခု အထိုင်မကျမီ အားပြိုင်နေဆဲရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် အနေတတ်ရန်၊ကြားမညှပ်ရန်၊လူပေါင်းမမှားရန် သတိ့ပေးခဲ့သည်။
မြေကြီးမြေပုံ မဆုံးရှုံးရေး ပြည်ချစ်ဝါဒ လမ်းစဉ်ကို ၂၀၀၁ ခုနှစ်တွင် ထုတ်ပြန် အဆိုတင်ခဲ့သည်။ ကမ္ဘာ့အစီအစဉ်သစ်တစ်ခု ပေါ်ပေါက်ရန်ဆိုသည်မှာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပြီးမှဖြစ်လိမ့်မည်။ကမ္ဘာစစ်ကြီးဖြစ်ရန်ဆိုလျှင် စစ်ပြင်ဆင်ကြလိမ့်မည်။G 7,G 20 စသဖြင့်စီးပွားကိစ္စများဆွေးနွေးကြလိမ့်မည်မဟုတ် ဟုဆိုခဲ့သည်။ ယနေ့ကမ္ဘာ့အခင်းအကျင်းတွင် G 7,G 20 အစည်းအဝေးများသာမက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး၊ပစိဖိတ်ကမ်းခြေနိုင်ငံများပူးပေါင်းဆောင်ရွက်ရေး စသဖြင့် ဒေသအလိုက်၊ဇုန်အလိုက် စီးပွားရေး ဆွေးနွေးပွဲများက မရပ်မနားကျင်းပနေကြသည်။ ထရန့်နှင့်ရှီကျင်းဖျင်သည်လည်း ကိုရီးယားတွင် တွေ့ဆုံ၍ ကုန်သွယ်ရေးစစ်ပွဲ ပြေငြိမ်းခဲ့သည်။တက်စ်စလာကားသည်လည်း တရုတ်တွင် စီးရေ ၄ သန်းမြောက်ထုတ်လုပ်ခြင်းအထိမ်းအမှတ်ပွဲကျင်းပခဲသည်။ ကမ္ဘာ့အစီအစဉ်သစ်မပေါ်ထွက်သေးသော်လည်း သံတမာန်ကဝေကြီး ကစ်ဆင်းဂျားက သမိုင်းတစ်လျောက်ကမ္ဘာ့အစီအစဉ်ကို သရုပ်ခွဲရင်း WORLD ORDER ကိုချပြခဲ့သည်။

ကမ္ဘာ့အစီအစဉ်ကို ၁-ဥရောပအစီအစဉ်၊၂-အစ္စလန်ကမ္ဘာအစီအစဉ်၊ ၃-တရုတ်ယဉ်ကျမှု့အစီအစဉ်တို့က သမိုင်းတစ်လျောက် ချယ်လှယ်ခဲ့ကြောင်း အဆိုထုတ်ထားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ဖက်မှ ကမ္ဘာတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် အမေရိကန်နှင့်ဆိုဗီယက်နှစ်နိုင်ငံမှ ပူးပေါင်းလုပ်ကိုင်ရန် ကနဦးကြံဆခဲ့သည်။နောက်မှ ကြီး ၄ ကြီး၊ထို့နောက် ကြီး ၅ ကြီး ကမ္ဘာအစီအစဉ်ဖြစ်လာသည်။ လက်တွေ့တွင် စစ်အေးကာလတစ်လျောက်လုံး အမေရိကန်ဦးဆောင်သော ဝင်ရိုးနှင့်ဆိုဗီယက်ဦးဆောင်သောဝင်ရိုးအပေါ်အခြေခံလယ်ပတ်ရသော နှစ်နိုင်ငံဦးဆောင်ကမ္ဘာ့အစီအစဉ်သာ စစ်အေးတိုက်ပွဲပြီးသည်အထိ့ ဖြတ်သန်းခဲ့ရသည်။ စစ်အေးခေတ်ပြီးသည့်နောက် အမေရိကန်သည် အမေရိကန်ဗဟိုပြု့ကမ္ဘာ့အစီအစဉ်ကို ကြိုးပန်းနေသော်လည်း လက်တွေ့တွင် ခုခံမှု့မျိုးစုံဖြင့် လက်တွေ့ဖြစ်နိုင်ရန်မျော်လင့်ချက် ဝေးကွာလာသည်။ စစ်ပြီးခေတ် UN ကမ္ဘာ့အစီအစဉ်မှာ လက်တွေ့အသုံးမဝင်တော့သည့် အခြေအနေသို့ရောက်ရှိ့သွားသည်။အလားတူ ကမ္ဘာ့အစီအစဉ်သစ်မှာလည်း ပီပီပြင်ပြင် မပေါ်ထွက်နိုင်သေးပဲ အားပြိုင်နေကြဆဲဖြစ်သည်။ ကမ္ဘာ့အစီအစဉ်သစ်ကို အမေရိကန်ဝင်ရိုးအခြေပြု့လည်ပတ်သည့် အစီအစဉ်ကို အမေရိကန်သမ္မတ အိုဘားမားလက်ထက်ကထဲက အမေရိကန်မိတ်ဂရိပ်အဂိမ်း ပေါ်လစီကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အစဉ်အလာ အစိုးရသစ်များတင်သွင်းရသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာစတမ်းတွင် ထည့်သွင်းခဲ့ပြီးဖြစ်သည်။ ယခု သမ္မတထရန့် ကြွေးကြော်(ကြွယ်) နေသည့် အမေရိကန်မိတ်ဂရိပ်အဂိမ်းနှင့်လတ်တလောလုပ်ဆောင်ချက်များသည် သမ္မတအိုဘားမားလက်ထက်တင်သွင်းခဲ့သော ၅၁ မျက်နှာပါ အမေရိကန် အမျိုးသားလုံခြုံရေးမဟာဗျူဟာစာတမ်းအချက်အလက်များကို ဆက်လက်အကောင်အထည်ဖော်နေခြင်းသာဖြစ်သည်။ အိုဘားမား၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာ၏ ရည်ရွယ်ချက်မှာ”၂၁ ရာစုတွင် အမေရိကန်အကျိုးစီးပွားများထိရောက်စွာ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် အမေရိကန်၏ကမ္ဘာ့ခေါင်းဆောင်နေရာကို ပြန်လည်မွန်းမံပုံစံဖော်ရန်အဓိကထားရမည်။

ပြည်တွင်းအင်အားကိုတည်ဆောက်ရမည်ဖြစ်ပြီး၊နိုင်ငံတစ်ကာအစီအစဉ်ကို ပုံဖော်ချမှတ်နိုင်မှသာ စိန်ခေါ်မှု့များကိုဖြေရှင်းနိုင်မည်ဖြစ်သည်”ဟုဆိုထားရာ အမေရိကန်မိတ်ဂရိပ်အဂိမ်းပင်ဖြစ်သည်။စာတန်းပါအသေးစိတ်လုပ်ငန်းစဉ်များသည် ယခုထရန့်လုပ်ဆောင်နေသည်များနှင့်သဘောသဘာဝအတူတူပင်ဖြစ်သည်။ အမေရိကန်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးနှင့်ပက်သက်၍ အိုဘားမားပေါ်လစီမှာ”လိုအပ်လျင် အများသဘောမလို၊တစ်နိုင်ငံတည်း ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိ့သည်”ဆိုသည့်အတွက်လိုအပ်လျင် တစ်ကိုယ်တော်ကြိတ် အင်အားသုံးရန်ဝန်မလေးဆိုသည့်သဘောဖြစ်သည်။ ဒီမိုကရက်သမ္မတ ကလင်တန်၏ဝါဒမှာလည်း”ဖြစ်နိုင်သမျှအများနှင့်လက်တွဲဆောင်ရွက်မည်၊လိုအပ်လျင်တစ်ဦးတည်းလုပ်မည်”(together when possible, alone when necessary) ပင်ဖြစ်သည်။ အမေရိကန်၏ ကမ္ဘာ့အစီအစဉ်ကိုလိုက်နာရန်မလိုအပ်သည့် “လိုအပ်လျှင်တစ်ကိုယ်ကြိတ်ဝါဒကျင့်သုံးမှု့ပေါ်လစီ”ကို အမေရိကန်တစ်နိုင်ငံတည်းသာမက ရုရှားကဲ့သို့ အခြားစူပါပါဝါနိုင်ငံများကလည်း လက်တွေ့ကျင့်သုံးလာကြသည်မှာ လက်တွေ့ပင်ဖြစ်နေသည်။ယခုသမ္မတထရန့်လက်ထက်တွင်လည်း လက်တွေ့ကျင့်သုံးနေရာ ယခု ဗင်နီဇွဲလား ကိစ္စမှာ လတ်တလောဖြစ်စဉ်ပင်ဖြစ်သည်။ အမေရိကန်၏ ပထဝီနိုင်ငံရေးပညာရှင် ရေတပ်ပဲ့သူကြီး မဟန်းမှ သမုဒ္ဒရာနှစ်စင်းကို တူးမြောင်းဖောက်ဆက်သွယ်ရန်ကြိုတင် ဖော်ထုတ်ခဲ့သည်။အလယ်ဗဟိုအမေရိကတိုက်ရှိ့ပနားမားဒေသအား ကိုလံဘီယာနိုင်ငံမှခွဲထွက်ရေးကို အမေရိကန်မှ ကူညီခဲ့ပြီး ပနားမားနိုင်ငံသစ်ကို ထူထောင်စေခဲ့သည်။ထို့နောက် အမေရိကန်မှ ပနားမားတူးမြောင်းကို ဖောက်လုပ်ခဲ့သည်။ ပနားမားတွင် လက်ဝဲဝါဒီ ဒုဗိုလ်မှုးကြီး တိုရီဂျိုးက အာဏာသိမ်းပြီး ပနားမားတူးမြောင်းကို ပြည်သူပိုင်သိမ်းရန်နှင့်အမေရိကန်တောတွင်းတိုက်ခိုက်ရေးကျောင်းကိုပိတ်သိမ်းရန်အားထုတ်လာသည်။ဤတွင် အ‌မေရိကန် CIA သတင်းပေးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနော်ရီရေးဂါးအားအာဏာသိမ်းစေခဲ့သည်။တိုရီဂျိုးမှာလည်း လေယဉ်ပျက်ကျကာ သေဆုံးခဲ့သည်။ နော်ရီရေးဂါးသည် အမေရိကန် CIAနှင့်DEA အတွက်ဆက်လက်လုပ်ကိုင်ပေးနေသော်လည်း စစ်အေးတိုက်ပွဲအပြီးတွင် နော်ရီရေးဂါးကို ဖယ်ရှားရန်ဖိ့အားပေးလာသည်။

ဤတွင်နော်ရီရေးဂါးသည် တရုတ်နှင့်ချိတ်ဆက်လုပ်ကိုင်လာရာမှ ရွေးကောက်ပွဲ မသမာမှု့နှင့်မှုးယစ်ဆေးဝါးရာဇဝတ်မှုအကြောင်းပြချက်ဖြင့် ပနားမားနိုင်ငံတွင်းဝင်ရောက်၍ နော်ရီရေးဂါးကို အမေရိကန်သို့ဖမ်းဆီးခေါ်ဆောင်သွားပြီး ရာသက်ပန်အကျဉ်းချထားလိုက်သည်။ ယခုဗင်နီဇွဲလားသမ္မတ မာဒူရိုသည်လည်း ရွေးကောက်ပွဲ မဲမသမာမှု့၊မှုးယစ်ဆေးဝါးမှု့တို့ဖြင့် အကြောင်းပြက အမေရိကန်သို့ အသက်ရှင်လျက်ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်သည်။ ပနားမားနိုင်ငံမှ နော်ရီရေးဂါးသည် အမေရိကန် CIA,DEA တို့နှင့် ဆယ်စုနှစ်ချီလက်တွဲလုပ်ကိုင်ခဲ့၍ CIA လူဟောင်းတစ်ဦးကို အရှင်ဖမ်းခေါ်ပြန်သိမ်းခြင်းဖြစ်သည်ဟု ယူဆနိုင်ရန်ရှိ့သည်။ ယခု ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အဘယ်ကြောင့် အမေရိကန်သို့ အသက်ရှင်လျက် ဖမ်းဆီးခေါ်ဆောင်သွားသနည်းဟူသည်မှာ စိတ်ဝင်စာစဖွယ်မေးခွန်းပင်ဖြစ်သည်။ အမေရိကန်သည် ၎င်းအတွက်မလိုအပ်ပါက တောင်ဗီယက်နမ်သမ္မတ ငိုဒင်းဇင်တို့ညီအစ်ကိုကိုပင် လေဆိပ်အသွားတွင်အပြတ်ရှင်းလေ့ရှိသည့် ဥပမာကဲ့သို့ သာဓကများစွာရှိ့သည်။ ကမ္ဘာ့အစီအစဉ်သစ်ကို အမေရိကန်ကို ဗဟိုပြု့လည်ပတ်ရေးအတွက်ပြန်လည်ပုံဖော်ချမှတ်ရမည်ဆိုသည့် အမေရိကန်မိတ်ဂရိပ်အဂိမ်းပေါ်လစီအရ အမေရိကတိုက်ကြီးတစ်ခုလုံးအပေါ် မွန်ရိုးဝါဒ ရှေ့တစ်လှမ်းတိုးအကောင်အထည်ဖော်ခြင်းပင်ဖြစ်နိုင်မည်ဖြစ်သည်။ ခေတ်သစ်မွန်ရိုးဝါဒ အရ အမေရိကတိုက်နိုင်ငံများအရေးတွင် ကမ္ဘာ့မည်သည့်နိုင်ငံကမျှစွတ်ဖက်ခွင့်မရှိ့ ဆိုသည့် ပေါ်လစီရှေ့တစ်လှမ်းတိုးခြင်းဖြစ်မည်ဟု အဆိုပြု့ချက်ထုတ်လိုက်ရပါသည်။ အဆိုပါ ခေတ်သစ်မွန်ရိုးပေါ်လစီအတွက်ပနားမားမှ အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့သော နော်ရီရေးဂါးသည် ဈေးဦးပေါက်ခဲ့ပြီးနောက် ယခု ဗင်နီဇွဲလားသမ္မတ မာဒူရို အလှည့်ကျခြင်းဖြစ်မည်။မွန်ရိုးဝါဒ ခရီးဆက်ပါက နောက်ထပ်အင်အားနည်းသော လက်တင်အမေရိကနိုင်ငံများအလှည့်ဆက်လာနိုင်ဦးမည်ဖြစ်သည်။ ဗင်နီဇွဲလားဖြစ်စဉ်နှင့်အပြိုင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှ မြန်မာစစ်တပ်သို့ သတိ့ပေးနှစ်သစ်စကားထွက်ပေါ်လာသည်။အလားတူကျားဖျန့်နိုမ်နင်းရေးအထူးအဖွဲ့နှင့်ငွေကြေးလိမ်လည်မှု့တိုက်ဖျက်ရေးဥပဒေပြဌာန်းထားပြီးဖြစ်သည်။ ပထဝီနိုင်ငံရေးအခြေအနေအရ နော်ရီရေးဂါးနှင့်မာဒူရိုတို့ကဲ့သို့ အမေရိကန်သို့ အရှင်ဖမ်းဆီးခေါ်ဆောင်သွားရေးမှာ ဖြစ်နိုင်ဖွယ်နည်းလှသည်။သို့သော် တောင်ဗီယက်နမ်မှ ငိုဒင်းဇင်ညီအစ်ကို၊အိုစမာဘင်လာဒင်၊ကဒါဖီ စသဖြင့် အရှင်ဖမ်းဆီးခေါ်ဆောင်ရန်မလိုသည့် နည်းသည်လည်း ဇော်မင်းထွန်းပြောသည့် Hidden Agenda ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ်ကစ်ဆင်းဂျား၏ CHINA ORDER တရုတ်အစီအစဉ်အရတရုတ် တစ်ကိုယ်တော်ကြိတ်ကိုလည်း မီးစိမ်းပြနိုင်သည်။ စိတ်ကူးနှင့်ဖဲရိုက်၍ကောင်းသလို၊ဘာမဆိုလည်းဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စု၏ လမ်းပြမြေပုံပေါ်သို့ အမေရိကန်ဒီမိုကရက်များကအတင်းအကြပ်ခုန်တက်စေပြီးနောက်-
အိုဘားမားမြန်မာပြည်သို့ အူရားဖားရားအပြေးလာစဉ် လေယာဉ်ပေါ်တွင် ဒေါ်အောင်စုကြည်နှင့်ဖုန်းပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှ အိုဘားမားအား

“ခွေးလေး ဘို အခြေအနေကောင်းရဲ့လား”ဟု သေသေချာချာမေးခဲ့ပါသည်။

စိမ်းမောင်

မှက်ချက်။။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။

ကိုးကား။ ။၁-အချိန်အခါလိုက်ပြောင်းလဲနေသော ဂျီအိုပေါ်လက်တစ်၊(မကြင်ဌေး။)
၂-အမေရိကန်သမ္မတများနှင့် အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာ အပြောင်းအလဲများ၊(ညီမြန်မာ)

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.