ဇန်နဝါရီ ၃၀၊ ၂၀၂၅/ သောင်ရင်းသတင်းလွှာ
ကရင်နီပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ ၅၃၁က အရာခံဗိုလ်တဦး စစ်အုပ်စုဘက်ကနေ တော်လှန်ရေးဘက်ကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ KNDF ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ရက်နေ့က စစ်မှုထမ်းသက် နှစ်၄၀ကျော်ရှိနေတဲ့ အရာခံဗိုလ်ဟာ အကြမ်းဖက်စစ်အုပ်စုဆီမှာ ဆက်လက်အမှုထမ်းလိုတာကြောင့် KNDFထံအလင်းဝင်ရောက်ခဲ့တာလို့သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ အရာခံဗိုလ်က MA3တလက်၊ ကျည်နဲ့စစ်သုံးပစ္စည်းတွေကို KNDFတာဝန်ရှိသူထံအပ်နှံခဲ့ပါတယ်။
စစ်အုပ်စုဝင်တွေအနေနဲ့ အာဏာရှင်လူတစုအစား အလုပ်လုပ်ပေးနေတာတွေကို ရပ်တန့်ပြီး ပြည်သူဘက်ခိုဝင်ကာ လူထုနဲ့ အမြန်ဆုံးလက်တွဲကြဖို့ KNDFဘက်က သတိပေးထားပါတယ်။
#သောင်ရင်းသတင်းလွှာ #ကရင်နီ #KNDF #စကစ #အရာခံဗိုလ် #လက်နက်နဲ့အလင်းဝင်