ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
သို့သော်သတင်းဌာနအများ၏တင်ဆက်မှု့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အချက်ဖြင့်သတင်းတင်ဆက်ကြသည်။ထင်ရှားသူအချို့၏ ရေးသားဖြန့်ဝေမှု့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသာပါသည်ကိုတွေ့ရသည်။ UNSC Press Release တွင် It also urged the Myanmar military to immediately release all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi. ဟုဖော်ပြပါရှိ့ရာ သတင်းမီဒီယာများမှာ ထိုအပေါ်တွင်အခြေခံပုံရသည်။ VOA မှထုတ့်လွင့်သောဆွေးနွေးပွဲတွင် အမေရိကန်နှင့်အင်္ဂလန်သံအမတ်များအပါအဝင် သံအမတ်အချို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ညွှန်းဆိုထည့်သွင်းပြောကြားသွားကြသည်။ UNSC ၏ Statement နှင့်ဗြိတိန်မှတင်သွင်းသောအဆိုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို သီးခြားထည့်သွင်းထားခြင်းရှိ့မရှိ့မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ လူသိများပြီး၊ဖေ့ဘုတ်တွင်ထင်ရှားသူ NUG ဝန်ကြီးတစ်ဦး၏ UNSC ဆုံးဖြတ်ချက်အကြောင်းတင်ပြချက်တွင် ‘ နိုင်ငံရေးအကျဉ်းသားများအပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးရေး’ဟုထိမ်းထိမ်းသိမ်းသိမ်းရေးသားထားသည်ကိုတွေ့ရသည်။UNSC ၏ Statement အပြည့်အစုံကိုစောင့်နေရ၍ဟုမြင်မိ့သည်။ UNSC ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ညွန်းဆိုထားခြင်းပါမပါသည် ကြီးမားသည်နိုင်ငံရေးအကျိုးသက်ရောက်မှု့၊ရိုက်ခတ်မှု့ရှိ့သည့်ကိစ္စဖြစ်၍နေသည်။
Press Release နှင့် ဆွေးနွေးပြောဆိုချက်များအရဆိုလျှင်
အပြောကတော့ရွှေမန်းပင်ဖြစ်သည်။ထွက်လာတော့ချိုမိုင်မိုင် ဟုတ်မဟုတ်စောင့်ကြည့်ရန်လိုလာပုံရကြသည်။ ပြန်ဆက်ရလျှင် မြန်မာ့နိုင်ငံရေး၌ Daw Suu Factor သည်ယနေ့အထိ့ Bunning Question ဖြစ်နေဆဲ အင်အားစုများရှိ့သည်။ သဘာဝကျသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်လည်းသဘောထားကြသည်။ သို့သော် ကြီးမားသည့်အလှည့်အပြောင်း၊နိုင်ငံတစ်ကာအခြေအနေအပြင်၊ပြည်သူလူထုအများစုကြီး၏ထောက်ခံ(ကျောထောက်နောက်ခံ) ထားမှု့အရ ၊ လတ်တလောအခြေအနေအပေါ်အခြေခံ၍ဒေါ်အောင်စုကြည်အခန်းကဏ္ဍနှင့်ပက်သက်၍ အခြေခံမှုတစ်ရပ်ကို တစ်ဦးချင်းပုဂ္ဂလိကဖြစ်စေ၊အဖွဲ့အစည်းသဘောဖြစ်စေချမှတ်ထားကြမှသာ သင့်လျော်သည့်တုံ့ပြန်မှု့၊မူအပေါ်အခြေခံသည့်တုံ့ပြန်မှု့ပေါ်ထွက်နိုင်မည်ဖြစ်သည်။သိုမဟုတ်ပါက ပုဂ္ဂလိကစိတ်ခံစားချက်အခြေခံသည့် အတ္တနောမတိ များပွင့်အန်ထွက်လာပါက ပြည်သူအမြင်နှင့်ဖိလာဆန့်ကျင်ဖြစ်သွားနိုင်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ဆရာဦးလှရွှေ (အောင်သာပီသုံးလုံး) ဖြေကြားပေးခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအခြေအနေတစ်ရပ်လို့သဘောထားပေါ့ကွာ”သူရှိ့နေရင် သူနဲ့အတူယှဉ်တွဲရှိ့နေတဲ့ နိုင်ငံရေးအခြေတစ်ရပ်ရှိ့တယ်။ သူမရှိ့ရင်အဲ့ဒီနိုင်ငံရေးအခြေအနေတစ်ရပ်မရှိ့ဘူး။” ဆိုသည်ကို လက်ကိုင်ထား၍ ရပ်တည်နေရပါကြောင်း။
UNSC နှင့် Daw Suu Factor
———————————————-
၂၀၀၅ ခုနှစ်က အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာကာစ ဆရာဦးလှရွှေ(အောင်သာပီသုံးလုံး)အား သတင်းထောက်အနေဖြင့်မေးခွန်းတစ်ခုမေးခဲ့သည်။ဆရာ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုသဘောထားရမလဲ ဆိုသည့်မေးခွန်းဖြစ်သည်။ ဆရာဦးလှရွှေမှဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအခြေအနေတစ်ရပ်လို့သဘောထားပေါ့ကွာသူရှိ့နေရင် သူနဲ့အတူယှဉ်တွဲရှိ့နေတဲ့ နိုင်ငံရေးအခြေတစ်ရပ်ရှိ့တယ်။သူမရှိ့ရင်အဲ့ဒီနိုင်ငံရေးအခြေအနေတစ်ရပ်မရှိ့ဘူး။သူ့ကို နိုင်ငံရေးအခြေအနေတစ်ရပ်လို့သဘောထားပေါ့ကွာ။သူ့ကို လူ လိုသဘောထားရင် လူနဲ့ဆိုင်တဲ့ပြသနာအားလုံးရှိ့တယ် ဟကောင်ရ။အမျိုးသမီးလဲဖြစ်တော့ အမျိုးသမီးသဘာဝဖြစ်တတ်တဲ့ပြသနာပါအားလုံးရှိ့တယ်ဟုပြန်လည်ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူလို့သဘောမထားပဲ နိုင်ငံရေးအခြေအနေတစ်ရပ်လို့သဘောထားပေါ့ကွာ ဆိုသည့် အယူအဆအား သတင်းထောက်သက်တမ်းတစ်လျောက်လုံးကိုင်ဆွဲခဲ့ကာ Daw Suu Factor အကျပ်အတည်းကြားမှ ရှောင်ထွက်ခဲ့ရသည်။
ထိုစဉ်ကာလ ၂၀၀၅,၂၀၀၆ ဝန်းကျင်က BBC,VOA,RFA အပါအဝင်ပြည်ပအခြေစိုက် အသံလွင့်မီဒီယာများတွင် ဒေါ်စုမပါသောနိုင်ငံရေး (Without Lady) လိုင်းကိုအကြီးအကျယ် နေ့စဉ်ဆိုသလို တင်ဆက်ကြသည်။ ရန်ကုန်မြို့နှင့်မြန်မာနိုင်ငံတစ်နံတလျားမှ နိုင်ငံရေးကြိတ်ဝိုင်းများ၊နိုင်ငံရေးစားသောက်ဆိုင်ဝိုင်း၊လက်ဖက်ရည်ဆိုင်ဝိုင်းများတွင်လည်း Without Lady လိုင်းနှင့်ပက်သက်၍ ငြင်းကြ၊ခုံကြ၊စကားများကြ၊ရန်ဖြစ်ကြ၊ငါးကြင်းခွက်ဆွဲသူဆွဲကြဖြစ်နေကြသည့်ကာလဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မည် NLD မှခွဲထွက်မည့်သူများနှင့်NLD လက်ထက်ဝန်ကြီးချူပ်ဖြစ်လာမည့်သူများ ဝိုင်းတစ်ဝိုင်းတွင် တိုင်းဝန်ကြီးချူပ်ဖြစ်သွားသော စိတ်မြန် လက်မြန် ၉၀ အမတ်ဟောင်းတစ်ဦးမှ 2010 ရွေးကောက်ပွဲဝင် NLD ခွဲထွက် အမတ်ဟောင်းတစ်ဦးအား ငါးကြင်းခွက်ဖြင့် ကြွေးထည့်မည်လုပ်၍ ဝိုင်းဝန်းဖြန်ဖြေခဲ့ကြရသည်ဟုဆိုသည်။ 2010 ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်လက်ထက်၊ငြိမ်းချမ်းရေးဖိတ်ခေါ်မှု့၊ငြိမ်းချမ်းရေးဖြစ်စဉ်များ၊2012ကြားဖြတ်ရွေးကောက်ပွဲများနှင့်အတူဒေါ်စုမပါသောနိုင်ငံရေး(Without Lady) အုပ်စုကြီးတစ်ခုလုံးဦးသိန်းစိန်ဘေးရောက်လာကြသည်။ အဆိုပါ Without Lady အုပ်စုကြီးသည် ခေါင်းစဉ်မျိုးစုံဖြင့်တစ်ခေတ်ဆန်းခဲ့ကြသည်။CSO,NGO လုပ်ငန်းများအတွက် ဒိုနာချိတ်ဆက်ပေးနိုင့်ခွင့် ဩဇာအရ ဂိုဏ်းဂဏထူထောင်နိုင်ခဲ့ကြသည်။ အဆိုပါအုပ်စုကြီးသည် MPC,ဗဟု၊ယောမင်းကြီးဇရပ်၊ဗျူရိုကရေစီပြု့ပြင်ပြောင်းလဲရေး စသဖြင့် ဦးသိန်းစိန်အစိုးရ၏ လုပ်ငန်းခွင်အချို့နှင့်အရပ်ဖက်အဖွဲ့အစည်းများကြားတွင် တွင်ကျယ် ချယ်လှယ်ခဲ့ကြသည်။အဆိုပါအုပ်စုမှ ပင် ဒေါ်စုမရှိ့ခြင်းဖြင့် နတ္ထိပစ္စယော ကျေးဇူးပြုပါဟု့အထိပင်တောင်းဆိုခဲ့သည်ကို တွေ့ရသည်။
ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဦးအောင်မင်း၊ဦးစိုးသိန်းတို့၏ ခရီးလှည့်လည်စည်းရုံးမှု့နှင့်အတူ အောင်မင်း၊စိုးသိန်း သွင်းကုန်များ (သတင်းလောကအခေါ်)အဖြစ် မြန်မာပြည်သို့ငြိမ်းချမ်းရေးခေါင်းစဉ်၊လူမှု့ရေးခေါင်းစဉ်၊ပြည်တော်ပြန်ခေါင်းစဉ်များဖြင့်ပြန်ဝင်လာကြသည်။တစ်ချို့က အရှိန်လွန်ကာ ကားခေါင်းမိုးပေါ်သို့တက်၍ တက်ထောင်မောင်းနင်း၊အိုးနင်း၊ခွက်နင်း တွေဖြစ်ကုန်သည်။ အဆိုပါအောင်မင်း၊စိုးသိန်းသွင်းကုန်များနှင့် ရောက်နှင့်ပြီးသား Without Lady အုပ်စုများအတွဲအဖက် ညီညီဖြင့် Issues အလိုက်အတိုင်အဖောက်ညီညီလုပ်ကိုင်ခဲ့ကြသည်။ပွဲကခဲ့ကြသည်။ ပြည်တွင်းမှ နိုင်ငံရေးအင်အားစုအချို့မှအစိတ်အပိုင်းများသည်လည်း ဆွဲဆောင်မှု့နောက် မလွန်ဆန်နိုင်စွာ ကရွတ် ကင်းလျောက်လိုက်ပါခဲ့ကြရသည်။သို့သော် အခမဲ့လိုက်ပါခြင်းတော့ မတွေ့ရသလောက်ပင်ဖြစ်သည်။ ကြားထဲကဖြစ်စဉ်များကိုအသေးစိတ်မစမ်းစစ်တော့ပဲ 2020စစ်တပ်မှအာဏာသိမ်းပြီးနောက်အခြေအနေမှာကို အနည်းငယ်ပြန်လည်လေ့လာကြရန်ဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြမှု့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွတ်ရေး၊2020ရွေးကောက်ပွဲရလာဒ်အကောင်အထည်ဖော်ရေး ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရေး နိုင်ငံရေးအာဂျင်ဒါတစ်ခု နှင့်2008အခြေခံဥပဒေဖျက်သိမ်းရေးကိုအခြေခံ၍ 2020ရွေးကောက်ပွဲရလာဒ်ကိုပါ ငြင်းပယ်ရေး အာဂျင်ဒါတစ်ခု နှစ်ခုအပြိုင်ဖြစ်နေခဲ့သည်။ မည်သည့်အင်အားစုများက မည်သည့်လိုင်းတွင် စုစည်းမိ့ကြပြီး၊မည်သည့်အင်အားစုက မည်သည့်လိုင်းတွင်စုမိ့နေကြသည်ကို အသေအချာကြည့်လျင်မြင်သာမည်ဖြစ်သည်။မည်သည့်အစုအဖွဲ့နောက်တွင် မည်သည့်အင်အားစုက ကျောထောက်နောက်ခံပြု့ထားသည်ကိုလည်းမြင်သာကြမည်ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းသည် NUG,CRPH,NUCC စသဖြင့်အဖွဲများပေါ်ပေါက်လာသည်။Without Lady သမားများ၊ဗဟုများလည်းပြင်ပပြန်လည်ထွက်ခွာလာကြသည်။နေရာစုံတွင်ဖြန့်ခွဲ၍ ခြေကုတ်ယူခြင်း၊နောက်ကွယ်မှကြိုးကိုင်ခြင်း၊ထောက်ပံ့ကူညီခြင်းစသဖြင့် ပြန်လည်ခင်းကျင်းနေကြသည်။ တော်လှန်ရေးကာလဖြစ်စဉ်များတစ်လျောက် ဒေါ်စုဖယ်ထုတ်ရေး၊ဒေါ်စုမပါသောနိုင်ငံရေး၊2020ရလာဒ်ဖယ်ထုတ်ရေးမှာတိုးတိုးတစ်ဖုံ၊ကျယ်ကျယ်တစ်မျိုး လိပ်ခေါင်းသဖွယ်ဖြစ်နေကြသည်။NLD ၏2020ရွေးချယ်ခံအမတ်အချို့သည်လည်း အဆိုပါ Without Lady လိုင်းထဲဝယ်ခိုးကြောင်ခိုးဝှက်လိုက်ပါနေကြသည်။ နိုင်ငံရေးမျက်နှာသစ် 2020အမတ်တစ်ဦးမှ အဆိုပါ Without Lady NLD အမတ်မင်းများကိုကြည့်၍” သူတို့ဘာလို့ အဲ့လိုဖြစ်နေကြလဲမသိ့ဘူး။သူတို့ဟာသူတို့ မဲပုံးထောင်ရင် မဲတစ်ထောင်တောင်ကျော်ပါမလားပဲ၊ရွေးကောက်ပွဲမှာ ဒေါ်စုပုံနဲ့သူတို့ပုံတွဲပြီး ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတော့မှဝင်ခဲ့ပြီးတော့မှ၊ ကျွန်တော်ဆိုကိုယ်ဟာကိုယ်သာဆို ဘဲဥတောင်ကွဲပါ့မလားပဲ”ဟုပြင်မြင်းကတ်ဝေဖန်ခဲ့သည်။ ယခုကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမြန်မာအရေး မဲခွဲ ဆုံးဖြတ်ချက်နှင့်ပက်သက်၍ pressr release ထုတ်ပြန်ချက်ကို သတင်းဌာနများမှတင်ဆက်ကြသည်။အချို့မှ ၎င်းတို့၏ကြိုးပမ်းအားထုတ်မှု့အဖြစ် ဘာသာပြန်ကြသည်။အချို့မကင်းရာမကင်း ကြောင်းများမှ ငါ့တို့ဆရာကွဟူသည့်သဘောဖြင့် ဂုဏ်ယူကာ ရှယ်ကြ၊ဖြန့်ဝေကြသည်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အားဆေးတစ်ခွက်ဖြစ်၍ ပြည်သူအများဝမ်းမြောက်စေရန်ဖြန့်ဝေရမည်ပင်ဖြစ်သည်။

သို့သော်သတင်းဌာနအများ၏တင်ဆက်မှု့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရေးဆိုသည့် အချက်ဖြင့်သတင်းတင်ဆက်ကြသည်။ထင်ရှားသူအချို့၏ ရေးသားဖြန့်ဝေမှု့တွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသာပါသည်ကိုတွေ့ရသည်။ UNSC Press Release တွင် It also urged the Myanmar military to immediately release all arbitrarily detained prisoners, including President Win Myint and State Counsellor Aung San Suu Kyi. ဟုဖော်ပြပါရှိ့ရာ သတင်းမီဒီယာများမှာ ထိုအပေါ်တွင်အခြေခံပုံရသည်။ VOA မှထုတ့်လွင့်သောဆွေးနွေးပွဲတွင် အမေရိကန်နှင့်အင်္ဂလန်သံအမတ်များအပါအဝင် သံအမတ်အချို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ညွှန်းဆိုထည့်သွင်းပြောကြားသွားကြသည်။ UNSC ၏ Statement နှင့်ဗြိတိန်မှတင်သွင်းသောအဆိုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို သီးခြားထည့်သွင်းထားခြင်းရှိ့မရှိ့မသိ့ရသေးဟုဆိုရမည်ဖြစ်သည်။ လူသိများပြီး၊ဖေ့ဘုတ်တွင်ထင်ရှားသူ NUG ဝန်ကြီးတစ်ဦး၏ UNSC ဆုံးဖြတ်ချက်အကြောင်းတင်ပြချက်တွင် ‘ နိုင်ငံရေးအကျဉ်းသားများအပါအဝင်ဖမ်းဆီးခံထားရသူအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးရေး’ဟုထိမ်းထိမ်းသိမ်းသိမ်းရေးသားထားသည်ကိုတွေ့ရသည်။UNSC ၏ Statement အပြည့်အစုံကိုစောင့်နေရ၍ဟုမြင်မိ့သည်။ UNSC ၏ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ညွန်းဆိုထားခြင်းပါမပါသည် ကြီးမားသည်နိုင်ငံရေးအကျိုးသက်ရောက်မှု့၊ရိုက်ခတ်မှု့ရှိ့သည့်ကိစ္စဖြစ်၍နေသည်။
Press Release နှင့် ဆွေးနွေးပြောဆိုချက်များအရဆိုလျှင်
အပြောကတော့ရွှေမန်းပင်ဖြစ်သည်။ထွက်လာတော့ချိုမိုင်မိုင် ဟုတ်မဟုတ်စောင့်ကြည့်ရန်လိုလာပုံရကြသည်။ ပြန်ဆက်ရလျှင် မြန်မာ့နိုင်ငံရေး၌ Daw Suu Factor သည်ယနေ့အထိ့ Bunning Question ဖြစ်နေဆဲ အင်အားစုများရှိ့သည်။ သဘာဝကျသည့်ဖြစ်စဉ်တစ်ရပ်အဖြစ်လည်းသဘောထားကြသည်။ သို့သော် ကြီးမားသည့်အလှည့်အပြောင်း၊နိုင်ငံတစ်ကာအခြေအနေအပြင်၊ပြည်သူလူထုအများစုကြီး၏ထောက်ခံ(ကျောထောက်နောက်ခံ) ထားမှု့အရ ၊ လတ်တလောအခြေအနေအပေါ်အခြေခံ၍ဒေါ်အောင်စုကြည်အခန်းကဏ္ဍနှင့်ပက်သက်၍ အခြေခံမှုတစ်ရပ်ကို တစ်ဦးချင်းပုဂ္ဂလိကဖြစ်စေ၊အဖွဲ့အစည်းသဘောဖြစ်စေချမှတ်ထားကြမှသာ သင့်လျော်သည့်တုံ့ပြန်မှု့၊မူအပေါ်အခြေခံသည့်တုံ့ပြန်မှု့ပေါ်ထွက်နိုင်မည်ဖြစ်သည်။သိုမဟုတ်ပါက ပုဂ္ဂလိကစိတ်ခံစားချက်အခြေခံသည့် အတ္တနောမတိ များပွင့်အန်ထွက်လာပါက ပြည်သူအမြင်နှင့်ဖိလာဆန့်ကျင်ဖြစ်သွားနိုင်သည်။ သတင်းထောက်တစ်ဦးအနေဖြင့် ဆရာဦးလှရွှေ (အောင်သာပီသုံးလုံး) ဖြေကြားပေးခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအခြေအနေတစ်ရပ်လို့သဘောထားပေါ့ကွာ”သူရှိ့နေရင် သူနဲ့အတူယှဉ်တွဲရှိ့နေတဲ့ နိုင်ငံရေးအခြေတစ်ရပ်ရှိ့တယ်။ သူမရှိ့ရင်အဲ့ဒီနိုင်ငံရေးအခြေအနေတစ်ရပ်မရှိ့ဘူး။” ဆိုသည်ကို လက်ကိုင်ထား၍ ရပ်တည်နေရပါကြောင်း။
စိမ်းမောင်
မှတ်ချက်။ ။စာရေးသူ၏ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။