NCGUB ဝန်ကြီးချုပ်၊အာဇာနည် ဦးဘဝင်းသား၊ ဒေါ်အောင်ဆန်းစုကြည်စုရဲ့အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်း ကွယ်လွန်

ဖေဖော်ဝါရီ ၇၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

NCGUB ဝန်ကြီးချုပ်၊အာဇာနည် ဦးဘဝင်းသား၊ ဒေါ်အောင်ဆန်းစုကြည်စုရဲ့အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဒီနေ့ အမေရိကန်စံတော်ချိန် နံနက် ၇ နာရီမှာ ဒေါက်တာစိန်ဝင်းဟာ မေရီလင်း ပြည်နယ်၊ ဘာသက်စ်ဒါမြို့၊ Suburban ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့သိရပါတယ်။
“အာဇာနည်မျိုး သေရိုးမရှိပါ။ ဆရာဟာ 88မှာ NCGUB ရဲ့ပဲ့ကိုင်ပါ။ ကျနော်တို့ ကျောင်းသားလိုင်းက ရဲဘော်တွေ အားလုံး မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုမှာ ဆရာတာဝန်ယူ လုပ်ဆောင်ခဲ့တာတွေကို အမြဲအမှတ်ရနေမှာပါ”လို့ ၈၈မျိုးဆက် တဦးကပြောပါတယ်။


NCGUB ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဒေါက်တာစိန် ဝင်း(အာဇာနည် ဦးဘဝင်းရဲ့သား)ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂နှစ်အရွယ်ရှိနေပြီလို့သိရပါတယ်။ ၁၉၉၀ ပြည့်အထွေထွေရွေးကောက်ပွဲမှာ ဒေါက်တာစိန်ဝင်းဟာ NLD ပါတီဝင်အမတ်အဖြစ် ပေါက်ခေါင်းမြို့နယ်ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ် အာဏာလွဲမပေးတာကြောင့် ပြည်ပရောက်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB)ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ခဲ့သူဖြစ်ပါတယ်။

#သောင်ရင်းသတင်းလွှာ #NCGUB #ဒေါက်တာစိန်ဝင်း #ဦးဘဝင်း #ဒေါ်အောင်ဆန်းစုကြည်

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.