ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အတွေး၊ သူ့အမြင်)

တော်လှန်ရေးသမားတယောက်ရဲ့ အယူအဆကို မပြောခင် အဖြစ်အပျက်လေးတခုကို အရင်ဆုံး ပြောပြချင်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ PLA ယာယီစခန်းချထားတဲ့ တောစပ်ကနေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ရွာကလေးမှာ ကျနော် နေခဲ့ပါတယ်။ ဒီရွာကတော့ မိုင်းလုံမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့ ဖိုခနောက်ဆိုင်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး နမ့်ပိုင်ချောင်းနဲ့ နီးပါတယ်။နမ့်ပိုင်ချောင်းကိုကျော်ပြီး မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်က တောင်ပေါ်ကချင်ရွာတွေဘက်မှာ MOD ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ KIA နဲ့အတူ တွဲပြီး စခန်းချထားပါတယ်။ တနေ့တော့ ကျနော်ထိုင်ပြီး စာဖတ်နေတဲ့ ခြံထဲကို MOD ရင်းက ရဲဘော်လေးတွေ ဝင်လာပြီး ​ခြံဝင်းထဲပေါက်နေတဲ့ ဌက်ပျောပင်က ဌက်ပျောဖူးတွေ လာတောင်းခူးပါတယ်။သူတို့အတွက် ဟင်းစားအခက်အခဲရှိလို့ လာတောင်းတာ စသဖြင့်ပြောလို့ ကျနော်လည်း ရှိတဲ့ ငါးခြောက်တွေ တချို့ ကြာရှည်ခံအစားအစာတွေပါ ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အပိုချဲ့ကားပြောတာ ဘာတခုမှ မပါပါဘူး။တောထဲမှာနေတဲ့ ရဲဘော်တွေ တကယ်ငတ်တာပါ။ တော်လှန်ရေးသမားအချင်းချင်း ကိုယ်ချင်းစာပါတယ်။ကျနော်တို့လည်း ကောင်းကောင်းစားနေရတာမျိုး မဟုတ်လို့ပါ။တော်လှန်ရေးထဲမှာ အေးအေးဆေးဆေး ခံစားစံစားနေရတဲ့ ရေပေါ်ဆီတွေဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းတဲ့ကိစ္စလို့ ပြောရပါလိမ့်မယ်။

ဒီတော့ အိသဥ္ဇာမောင် တကယ်ပဲ ကော့စမတ်တစ် ဆာဂျရီလုပ်ပြီး မျက်နှာကို အနုစိတ်ပြင်ဆင်ထားသလားဆိုတာ ကျနော် အတိအကျမသိပါဘူး။တကယ်လို့များ( တကယ်လို့များလို့ စကားပလ္လင်ခံထားပါတယ်) ဟုတ်နေခဲ့ရင်တော့ တော်တော်ပြဿနာရှိတဲ့ကိစ္စဖြစ်ပါတယ်။ လစာမရှိတဲ့ ရဲဘော်တွေ စားရမဲ့သောက်ရမဲ့ဖြစ်နေတုန်းမှာ လစာရတဲ့ ဝန်ကြီး ဝန်ကလေးတွေက ဇိမ်ခံနေတယ်ဆိုရင် ကျနော်တို့ မေးခွန်းထုတ်ကြရပါလိမ့်မယ်။ဘယ်သူတွေက မေးခွန်းထုတ်ရမှာလဲ။ ကျနော်တို့လို တော်လှန်ရေးသမားအချင်းချင်းရော၊ တော်လှန်ပြည်သူတွေကပါ မေးခွန်းထုတ်ကြရပါမယ်။ ဘာမေးခွန်းတွေ ထုတ်မှာလဲဆိုတော့ တကယ်ပဲ မျက်နှာကို ခွဲစိတ်အလှပြင်ပါသလား၊ ဘယ်လောက်အကုန်ကျခံခဲ့ရပါသလဲ၊ ဘယ်ကရတဲ့ ဝင်ငွေနဲ့ အလှပြင်ထားပါသလဲ။ဒီမေးခွန်းသုံးခုကိုပဲ မေးမြန်းချင်ပါတယ်။

ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း
———————————————-

ရဲဘော်တယောက်က မက်ဆင်ဂျာမှာ ဓာတ်ပုံတပုံ ပို့လာပါတယ်။စတွေ့တွေ့ချင်း ဘယ်သူမှန်း ကျနော် မမှတ်မိပါဘူး။ဓာတ်ပုံထဲက စာသားတွေမြင်မှ အော် ဒါ ဝန်ကြီးဟောင်း မအိ ( အိသဥ္ဇာမောင်)ပါလားလို့ ပြန်သတိထားမိသွားတယ်။ ဓာတ်ပုံကို AI နဲ့ ပြင်ထားတာလားဆိုပြီး သံသယရှိလို့ မူရင်း ဗီဒီယိုဖိုင်ကို သွားကြည့်ပါတယ်။ဟုတ်ပါတယ် သူ့ရဲ့မျက်နှာကျဟာ အရင်တုန်းကလို ခပ်ဝိုင်းဝိုင်းမဟုတ်တော့ဘဲ V- shape ပုံစံ အသွင်ကူးပြောင်းသွားတာကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ ဒီနေရာမှာ ကြားရတဲ့ နောက်ဆက်တွဲအသံဗလံတွေ ဆူညံသွားပါတယ်။မျက်နှာတပြင်လုံး ခွဲစိတ်ပြုပြင်ပြီး အလှဆင်ထားတယ်ဆိုတဲ့ အသံဗလံကိုတော့ ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပါတယ်။

ကျနော့်တဦးတည်းသဘော
—————————————-

ကျနော့် တဦးတည်းသဘောကို အရင်ပြောပါမယ်။ အိသဥ္ဇာမောင် ဘယ်လိုနေနေ စိတ်မဝင်စားပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အိသဥ္ဇာမောင်ဆိုတဲ့ လူတယောက်ရဲ့ အကြောင်းကြီးငယ် အသွယ်သွယ်ဟာ ကျနော်နဲ့ ဘာမှမသက်ဆိုင်နေတဲ့အတွက် သူ့ကို ကျနော့်အနေနဲ့ ဝေဖန်စရာလည်း မရှိဘူး၊ ထည့်သွင်းစဥ်းစားစရာလည်း မလိုဘူးလို့ ယူဆပါတယ်။

နိုင်ငံရေးသမားတယောက်ရဲ့အမြင်
—————————————————-

အိသဥ္ဇာမောင်နဲ့ နိုင်ငံရေးအရ ဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ ဒါဟာလည်း ဟိုးရှေးရှေးတုန်းကလို့ ပြောရမလား။ဗကသများအဖွဲ့ချုပ်မှာ တာဝန်ယူစဥ်အချိန်ကဖြစ်ပါတယ်။ နောက်တော့ သူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထဲမှာ လူငယ်ခေါင်းဆောင်လုပ်နေတုန်းကလည်း အခေါ်အပြော အဆက်အဆံရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၆) လူထုချီတက်ပွဲမှာ ကျနော်တို့ သမိုင်းလမ်းဆုံကနေ လှည်းတန်းအထိ အတူတူလမ်းလျှောက်ချီတက်တုန်းကလည်း စကားပြောဖြစ်ပါတယ်။ ( ဒီချီတက်ပွဲရဲ့ ဦးဆောင်သူနေရာကို အိသဥ္ဇာမောင် တာဝန်ယူတယ်ဆိုတာ မဟုတ်ပါဘူး၊ FGWM အလုပ်သမားသမဂ္ဂက ရဲဘော်တွေ၊ရန်ကုန်တက္ကသိုလ်က ရဲဘော်တွေနဲ့ ကျနော်တို့ SDUF ရဲဘော်တွေ အလုပ်အဖွဲ့ပုံစံနဲ့ ပါဝင်လှုပ်ရှားခဲ့တာပါ။ ကိုမိုးထက်နေ (NUCC) နဲ့ ကိုကျော်နီ ( NUG) တို့ကို သွားမေးကြည့်လို့ရပါတယ်- ဤကားစကားချပ်။) နွေဦးတော်လှန်ရေးကာလမှာပဲ ပါတီစည်းမျဥ်းချိုးဖောက်မှုနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကနေ အိသဥ္ဇာမောင်ကို ထုတ်ပယ်အရေးယူပြီးနောက်ပိုင်း အစိုးရဝန်ကြီးခန့်အပ်ခံလိုက်ပြီးကတည်းက ကျနော်တို့ အဆက်အသွယ်မရှိကြတော့ပါ။ နိုင်ငံရေးသမားတယောက်အနေနဲ့ ကျနော်ကတော့ စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ မည်သူ့ကိုမဆို ရဲဘော်တယောက်လို သဘောထားပါတယ်။ ကိုယ့်ရဲဘော်တယောက်က မှန်မှန်ကန်ကန် လုပ်ဆောင်နေရင် အသိအမှတ်ပြု ဂုဏ်ယူစရာလိုပြီး လွဲချော်နေရင်တော့ ဝေဖန်ထောက်ပြရမှာ ဝတ္တရားပဲဖြစ်တယ်။

တော်လှန်ရေးသမားတယောက်ရဲ့ အယူအဆ
——————————————————————

တော်လှန်ရေးသမားတယောက်ရဲ့ အယူအဆကို မပြောခင် အဖြစ်အပျက်လေးတခုကို အရင်ဆုံး ပြောပြချင်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ PLA ယာယီစခန်းချထားတဲ့ တောစပ်ကနေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ရွာကလေးမှာ ကျနော် နေခဲ့ပါတယ်။ ဒီရွာကတော့ မိုင်းလုံမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့ ဖိုခနောက်ဆိုင်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး နမ့်ပိုင်ချောင်းနဲ့ နီးပါတယ်။နမ့်ပိုင်ချောင်းကိုကျော်ပြီး မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်က တောင်ပေါ်ကချင်ရွာတွေဘက်မှာ MOD ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ KIA နဲ့အတူ တွဲပြီး စခန်းချထားပါတယ်။ တနေ့တော့ ကျနော်ထိုင်ပြီး စာဖတ်နေတဲ့ ခြံထဲကို MOD ရင်းက ရဲဘော်လေးတွေ ဝင်လာပြီး ​ခြံဝင်းထဲပေါက်နေတဲ့ ဌက်ပျောပင်က ဌက်ပျောဖူးတွေ လာတောင်းခူးပါတယ်။သူတို့အတွက် ဟင်းစားအခက်အခဲရှိလို့ လာတောင်းတာ စသဖြင့်ပြောလို့ ကျနော်လည်း ရှိတဲ့ ငါးခြောက်တွေ တချို့ ကြာရှည်ခံအစားအစာတွေပါ ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အပိုချဲ့ကားပြောတာ ဘာတခုမှ မပါပါဘူး။တောထဲမှာနေတဲ့ ရဲဘော်တွေ တကယ်ငတ်တာပါ။ တော်လှန်ရေးသမားအချင်းချင်း ကိုယ်ချင်းစာပါတယ်။ကျနော်တို့လည်း ကောင်းကောင်းစားနေရတာမျိုး မဟုတ်လို့ပါ။တော်လှန်ရေးထဲမှာ အေးအေးဆေးဆေး ခံစားစံစားနေရတဲ့ ရေပေါ်ဆီတွေဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းတဲ့ကိစ္စလို့ ပြောရပါလိမ့်မယ်။

ဒီတော့ အိသဥ္ဇာမောင် တကယ်ပဲ ကော့စမတ်တစ် ဆာဂျရီလုပ်ပြီး မျက်နှာကို အနုစိတ်ပြင်ဆင်ထားသလားဆိုတာ ကျနော် အတိအကျမသိပါဘူး။တကယ်လို့များ( တကယ်လို့များလို့ စကားပလ္လင်ခံထားပါတယ်) ဟုတ်နေခဲ့ရင်တော့ တော်တော်ပြဿနာရှိတဲ့ကိစ္စဖြစ်ပါတယ်။ လစာမရှိတဲ့ ရဲဘော်တွေ စားရမဲ့သောက်ရမဲ့ဖြစ်နေတုန်းမှာ လစာရတဲ့ ဝန်ကြီး ဝန်ကလေးတွေက ဇိမ်ခံနေတယ်ဆိုရင် ကျနော်တို့ မေးခွန်းထုတ်ကြရပါလိမ့်မယ်။ဘယ်သူတွေက မေးခွန်းထုတ်ရမှာလဲ။ ကျနော်တို့လို တော်လှန်ရေးသမားအချင်းချင်းရော၊ တော်လှန်ပြည်သူတွေကပါ မေးခွန်းထုတ်ကြရပါမယ်။ ဘာမေးခွန်းတွေ ထုတ်မှာလဲဆိုတော့ တကယ်ပဲ မျက်နှာကို ခွဲစိတ်အလှပြင်ပါသလား၊ ဘယ်လောက်အကုန်ကျခံခဲ့ရပါသလဲ၊ ဘယ်ကရတဲ့ ဝင်ငွေနဲ့ အလှပြင်ထားပါသလဲ။ဒီမေးခွန်းသုံးခုကိုပဲ မေးမြန်းချင်ပါတယ်။

နိုင်ငံရေးကျင့်ဝတ်ရှုထောင့်မှ ချဥ်းကပ်ခြင်း
—————————————————————-
နိုင်ငံတကာမှာ လူတိုင်း ကျန်းမာရေး အခမဲ့မရနေပါဘူး။တချို့ နိုင်ငံတွေမှာ အစိုးရက ပြည်သူ့ကျန်းမာရေးကို အခမဲ့ တာဝန်ယူပါတယ်။ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုတွေ အခမဲ့ရနေသလဲဆိုတော့ သေကောင်းပေါင်းလဲဖြစ်တဲ့ ရောဂါဝေဒနာသည်တွေနဲ့ အရေးပေါ်ကိစ္စတွေမှာ အခမဲ့ကုသပေးတာမျိုးတွေရှိတတ်ကြပါတယ်။ ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတာနဲ့ ကျောင်းကျန်းမာရေးလုပ်ငန်းတွေအတွက် အစိုးရဘတ်ဂျတ်တွေသုံးရပါတယ်။ဒါပေမယ့် အလှအပရေးရာကိစ္စတွေအပြုပြင်တဲ့ကမျက်ရစ်ဖော်တာအဆုံးဏ္ဍတွေမှာတွက်တော့ နိုင်ငံတော်က အခမဲ့ကုသခွင့်ကို ခွင့်မပြုထားပါဘူး။ဘယ်လောက်ရာထူးရှိရှိ အာဏာရှိရှိ အလှအပအတွက် အစိုးရဘတ်ဂျတ်ထဲက အကုန်အကျခံလို့မရပါဘူး။ဒါကို ကျနော်တို့အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ သွားမညီတာကို အလှပြင်တဲ့ စတီးကြိုးထည့်တာကအစ လှဖို့ပဖို့ ကိုယ်ပိုင်ငွေကြေးနဲ့ စျေးကြီးပေးပြီး လုပ်ရတာမို့လို့ တော်ရုံတန်ရုံလူတိုင်း မတတ်နိုင်ကြပါဘူး။ကျိကျိတက်အောင် ချမ်းသာတဲ့သူတွေပဲ လုပ်နိုင်တဲ့ကိစ္စတွေပါ။ တော်လှန်ရေးသမားတယောက်အဖြစ် ခံယူထားရင်တော့ ပိုမလုပ်သင့်ပါဘူး။ကိုယ့်တိုင်းပြည်က ပြည်သူတွေ ဆင်းရဲငတ်ပြတ်နေတဲ့အချိန်မှာ နိုင်ငံတကာပတ်သွားပြီး ဇိမ်ကျကျနေရတာမျိုး၊ စျေးကြီးပေးပြီး လှပအောင် ခွဲစိတ်ပြုပြင်တာမျိုး၊ ပြည့်တန်ဆာတွေ မူးယစ်ဆေးဝါးတွေ ဖောဖောသီသီသုံးစွဲပြီး အပျော်ရှာတာမျိုးတွေကို ဒီလိုတော်လှန်ရေးကာလကြီးအတွင်းမှာ လုံးဝမလုပ်သင့်တာပါ။

အထူးသဖြင့် မအိသဥ္ဇာမောင်တို့လို ကလေးသူငယ်နဲ့ မိခင်တွေကို ကိုယ်စားပြုထားတဲ့သူတယောက်အနေနဲ့ ပိုလို့တောင် မလုပ်သင့်ပါဘူးခင်ဗျာ။ ကျနော့်မိတ်ဆွေ တအာင်းစစ်မေတယောက်ဆို ကလေးမီးမဖွားခင်အထိ တောထဲမှာပဲ ဆင်းဆင်းရဲရဲနေရရှာလို့ ဆေးရုံရောက်တဲ့အခါ မိခင်ရော ကလေးပါ ဆုံးပါးသွားခဲ့ရပါတယ်။စိတ်မကောင်းစရာအဖြစ်အပျက်တွေက ကျနော်တို့ ရင်ကို ပြင်းထန်တဲ့ ပေါင်ငါးရာဗုံး အလုံးရေ ရာထောင်ချီကြဲသလို အညှာတာကင်းမဲ့စွာ ထိုးနှက်တိုက်ခိုက်လို့ နေပါတယ်။ ပြည်သူနဲ့ အစိုးရ၊ မိုးနဲ့မြေလို ကွာဟနေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ မနေလိုလို့ ​ကျနော်တို့ တော်လှန်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရတရပ်ဟာ ပြည်သူနဲ့တသားတည်းရှိဖို့လိုပါတယ်။ပြည်သူတွေက သူတို့ကိုယ်တိုင် မုန်ညှင်းချဥ်နဲ့စားပြီး တော်လှန်ရေးသမားတွေကို အိမ်ဦးခန်းမှာ အမဲသား၊ဝက်သားနဲ့ ကျွေးနေတယ်ဆိုတာ ကျနော် အသိဆုံးပါ။ လိုတာထက်ပိုရင် ဘယ်အရာမှ မကောင်းပါဘူး။ ဒါကြောင့် အားလုံးရဲ့ကိုယ်စား ဒီအပေါ်က မေးခွန်းတွေကို ကျနော်မေးလိုက်ရပါတယ်။ မအိသဥ္ဇာမောင်အနေနဲ့ တကယ်ပဲ ကော့စမတ်တစ်ဆာဂျရီ လုပ်မလုပ် ရိုးသားစွာ ပြန်လည်ဖြေကြားပေးဖို့ လိုပါတယ်။ ကျနော့်လို အတိုက်အခံနိုင်ငံရေးပါတီတခုက ရဲဘော်တယောက်ကို တကူးတက ပြန်ဖြေပေးဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ကြီးမြတ်တဲ့ တော်လှန်ပြည်သူတရပ်လုံးကို ပြန်လည်ဖြေကြားပေးဖို့ တောင်းဆိုနေတာပါ။ မအိသဥ္ဇာမောင်ရဲ့ အဖြေကို ပြည်သူလူထုတရပ်လုံးက သိချင်နေကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖလို့ တခါက ကြွေးကြော်ခဲ့ဖူးသော ပြည်သူ့သမီးရတနာလို့ ခံယူခဲ့သူဖြစ်ရင် အဆိုပါ ကော့စမတ်တစ်ဆာဂျရီပုစ္ဆာကို တော်လှန်ရေးလှိုင်းကြမ်းလေကြမ်းကြားက ပြန်လည်ဝိသဇ္ဇာပြုနိုင်မယ်လို့ ထင်မြင်ယူဆမိပါကြောင်း။

ကျော်ကိုကို
ဖေဖော်ဝါရီ ၆ ၊၂၀၂၆
(သမိုင်း-လှည်းတန်း လူထုချီတက်ပွဲ
ငါးနှစ်ပြည့် အမှတ်တရ)

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.