ဆောင်းပါး

အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ

အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ

ဖေဖော်ဝါရီ ၈၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ လမ်းကြား​တွေထဲ မှာလှုံ့​ဆော်မှု စရမယ်ဆိုတာကလည်း ကြိုတင်ပြင်ဆင်ချက်ပါပဲ။ရန်သူအလွယ်တကူ မဝင်​​​ရောက်နိုင်၊မဖြိုခွဲနိုင်ဖို့၊လူထုရဲ့သတင်း​ပေးမှုနဲ့ လုံခြုံနိုင်ဖို့၊ လူထုကိုယ်တိုင် တိုက်ပွဲအစမှာ လုံလုံခြုံခြုံပါဝင်နိုင်ဖို့ စီစဥ်ထားကြတာပါ။ လူထုတကယ်ပါဝင်လာမယ်လို့လည်း ယုံကြည်ထားလို့ပါ။တကယ်လည်း တိုက်​တွေ ​ပေါ်က ​ပြေးဆင်းလာကြ ၊ လမ်းကြား​တွေထဲက ​ပြေးထွက်လာကြ၊ဝရန်တာ​တွေ​ပေါ်က လက်ခုပ်ဝိုင်းတီး၊ လက်​ဝှေ့ရမ်း ​အော်ဟစ်​ကြွေး​ကြော်နှုတ်ဆက်ကြတာပါပဲ။ လူ ၁၀၀ ပတ်ချာလည်နဲ့စထွက်တဲ့ သပိတ်စစ်​ကြောင်း​​​လေးဟာ...စမ်း​ချောင်း၊အလုံ ကြည့်မြင်တိုင် ည​စျေးအ​ရောက်မှာ လူ​သောင်း​ကျော်တဲ့ သပိတ်စစ်​ကြောင်းကြီး ဖြစ်သွားပါပြီ။ ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ်_ ABFFU ​ခေါင်း​ဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူကို​ဌေး​အောင်တို့ တခြားနာမည်​မ​ဖော်ပြနိုင်​သေးတဲ့သူ​တွေက အသင့်ပြင်ဆင်ပြီး ပူး​ပေါင်းခဲ့ကြပါတယ်။ ကျ​နော်တို့စထွက်လာတဲ့ ဦး​ဆောင်သူတချို့က ​နောက်​နေ့အတွက် ​ပြင်ဆင်ဖို့ လူစုခွဲလိုက်​ပေမယ့် လူထုကြီးက​တော့ ၆ရက်​နေ့ ည​နေ မြို့​တော်ခန်းမဆီ ဦးတည်ချီတက်သွားပါပြီ။ အဲ့ည​နေမှာပဲ....ကိုမင်းကိုနိုင်လည်း မြို့​​တော်ခန်းမ​ရှေ့ လူထုကြားထဲက ပြန်ထွက်​ပေါ်လာပါပြီ....။ အဆုံးသတ်တိုက်ပွဲ ဘယ်သူ​တွေဘယ်လိုနွှဲမလဲ ---------------------------------------- ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၆ရက်​နေ့နဲ့ပက်သက်ပြီးပဲ ​ပြောမှာမဟုတ်ဘူးဆိုတာ ကြို​ပြောထားပါရ​​စေ။ ကိုယ့်ဘာကိုယ် စိတ်အားတက်ရတာလေးတချို့နဲ့ ​ပြန်​တွေးမိတာ​လေး​တွေ ပြောပြမယ်ဗျာ...။ လှည်တန်းကိစ္စက ကျ​နော်တို့ ထဲထဲဝင်ဝင် မပါဖြစ်လိုက်တာပါ။ ကျ​နော်တို့က လှုပ်ရှားမယ့်ပုံစံချင်းမတူလို့နဲ့ တခြား​ရွေးချယ်မှုရှိလို့ အဲ့​ကော်မတီထဲမပါပဲ၊ တခြားစုဖွဲ့မှုနဲ့ သွားဖို့ဆုံးဖြတ်ပါတယ်။ သူတို့ထဲက ကိုယ်စားလှယ်တ​ယောက်နဲ့လည်း အဲ့ညဘက်​ထိ အ​ကြေအလည်​ဆွေး​နွေးကြပါ​သေးတယ်။ ၆ရက်​နေ့ မနက်အထိလည်း သူတို့ ​ဂရုထဲ ကျ​နော်ရှိခဲ့ပါ​သေးတယ်။ စစ်​ကြော​ရေးမှာလည်း အဲ့ကိစ္စ အထုခံရပါ​သေးတယ် ။ ​နောက်ပိုင်း​တော့ သူတို့လည်း အဖွဲ့ကွဲသွားကြပါတယ်။ အဲ့ကိစ္စ​တွေ အများစု​တော့ ငြင်းကြခုန်ကြဖြစ်ပြီးကြ​​ရော​ပေါ့... ကျ​နော်လည်း အထဲမှာ ၄နှစ်​ကျော်ကြာသွား​တော့ အထဲမှာတုန်းကကျ…
Read More
ခုနှစ်ပြည်ထောင်မင်းအပေါင်းနဲ့တော်လှန်ရေးအလွမ်းဇာတ်တစ်ကြောမပြန်ရန်

ခုနှစ်ပြည်ထောင်မင်းအပေါင်းနဲ့တော်လှန်ရေးအလွမ်းဇာတ်တစ်ကြောမပြန်ရန်

ဖေဖော်ဝါရီ ၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ အင်္ဂလန်သံရုံးက တတိယအတွင်းဝန်က လက်ခံတွေ့ဆုံပါတယ်။မိမိတို့သတင်းအဖွဲ့က - ငြိမ်းချမ်းရေးက အပြီးမရသေးဖူး ဘာဖြစ်လို့ နိုင်ငံတွေ၊အန်ဂျိုတွေ၊ဖောင်ဒေးရှင်းတွေက ဖွံ့ဖြိုးရေးလုပ်ပေးမယ်ကြီး လောနေကြပါသလဲ။ -နိုင်ငံတွေ၊INGO,NGO,တွေ၊ဖောင်ဒေးရှင်းတွေက မင်ဒါနာအိုကျွန်းမပေါ်မှာ၊ကျွန်းစုတွေမှာ ဇုန်တွေ၊ခရိုင်တွေခွဲပြီး သီးခြားစီဖွံ့ဖြိုးရေး လုပ်ဖို့ အဆိုပြု့ကြတာ ဘာလို့ပါလည်းမေးဖြစ်ပါတယ်။ သံအရာရှိ့က -ဒီလိုမေးတာကောင်းပါတယ်။ သူတို့အင်္ဂလန်ဆို အရှေ့ဖက်ကမ်းခြေဒေသ၊ဇုန်တစ်ခုကို ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း တစ်ထောင်နီးပါးထည့်ဝင်လုပ်ဆောင်ဖို့ ရှိ့ပါတယ်။ -အင်္ဂလန်က ဖွံ့ဖြိုးရေးလုပ်မယ့်ဒေသဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ မထိမတို့ရသေးတဲ့၊ကမ္ဘာ့အပျိုစင်အဖြစ်ဆုံး ကမ်းခြေတွေ၊ကျွန်းစုတွေ ရှိ့ပါတယ်။ -အင်္ဂလန်ဟာ အဆိုပါကမ်းခြေတွေကျွန်းစုတွေ မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အဓိကရင်းနီုးမြုပ်နှံလုပ်ကိုင်သွားဖို့ရှိ့ပါတယ်။ လို့ဖြေခဲ့ပါတယ်။ သူမက ဆက်ပြီး-အဲ့လိုပဲ မင်ဒါနာအိုကျွန်းမှာ လုံးဝတူးဖော်ထုတ်လုပ်ရခြင်းမရှိ့သေးတဲ့ သဘာဝသယံဇာတတွေ များစွာရှိ့ပါတယ်။ -နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားဖြစ်မယ့်၊သူတို့အလိုရှိ့တဲ့ သယံဇာတအပေါ်မူတည်ပြီး ၊သူတို့လိုချင်တဲ့ ဇုန်အလိုက်၊ဒေသအလိုက်ကို ဖွံ့ဖြိုးရေးလုပ်ကြမှာဖြစ်ပါတယ်။ -အချို့နိုင်ငံတွေကတော့ ဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေးအကြောင်းခံနဲ့ ဖွံ့ဖြိုးရေး ရံပုံငွေထည့်ဝင်လုပ်ကိုင်ကြတာဖြစ်ပါတယ်လို့ အလင်းပြပါတယ်။ ခုနှစ်ပြည်ထောင်မင်းအပေါင်းနဲ့တော်လှန်ရေးအလွမ်းဇာတ်တစ်ကြောမပြန်ရန် ----------------------------------------------- စစ်အုပ်စု ဘာတွေခင်းကျင်းနေလည်း၊ဘာတွေဆက်လုပ်နိုင်လည်း၊ဆိုတာ သူ့နောက်ကွယ်မှာ ဘယ်သူတွေဝိုင်းရံထားလည်းဆိုတာနဲ့ပါထည့်သွင်းစဉ်းစားရမယ်ထင်ပါတယ်။ ပြီးစီးသွားတဲ့ စကစ ရွေးကောက်ပွဲကို တရုတ်က မယုတ်မလွန်တုံ့ပြန်နေတာတွေ့ရပါတယ်။မီဒီယာအချို့နဲ့တရုတ်ထိုးနှက်‌ရေးလော်ဘီပလက်ဖောင်းအချို့က လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုတာကို အတည်ကြီးထည့်တွက်ဖို့ခက်ပါလိမ့်မယ်။သူ့ဆန်စားရဲရပေသကို ။ အာဆီယံ၊EU ဖက်က တုံ့ပြန်မှု့က ပိုရှင်းလင်းပါတယ်။ အမေရိကန်ဖက်က တစ်ခုခုအသံထွက်တာ၊တုံ့ပြန်တာမတွေ့ရပါဘူး။ဒါကလည်းထရမ့်တက်ကထဲက နိုင်ငံတစ်ကာရွေးကောက်ပွဲကိစ္စတွေမှာ ဘာမှဝင်မပါဖို့ ပေါ်လစီနဲ့ တားမြစ်ထားလို့လဲဖြစ်နိုင်ပါတယ်။ဒါပေမယ့် အီရတ်ရွေးကောက်ပွဲရလာဒ်နဲ့ဝန်ကြီးချုပ်လောင်းကိစ္စတော့ ထရမ့်ကမကျေမချမ်းအသံထွက်ပါတယ်။သို့ပေမယ့် မြန်မာပြည်ရွေးကောက်ပွဲကိစ္စတော့ အသံမထွက်ပြန်ပါဘူး။ ထရမ့်က ဘတ်ဂျက်လက်မှတ်ထိုးတဲ့အထဲမြန်မာပြည်အတွက်လဲပါလာပါတယ်။လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဝပ်ရှော့တွေ၊ဆယ်မီနာတွေ၊သတင်းစာကွန်ဖရင့်တွေနဲ့ တွေ့လာရပါတယ်။(အရင်လို ဖောဖောသီသီမသုံးစွဲနိုင်လောက်ပေမယ့် ချွေချွေတာတာသုံးရင် တော်လှန်ရေးဘဝတွေနဲ့စာရင် Revolution Lower Upper Class…
Read More
ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း

ကော့စမတ်တစ် ဆာဂျရီနှင့် တော်လှန်ရေးခရီးကြမ်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အတွေး၊ သူ့အမြင်) တော်လှန်ရေးသမားတယောက်ရဲ့ အယူအဆကို မပြောခင် အဖြစ်အပျက်လေးတခုကို အရင်ဆုံး ပြောပြချင်ပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ PLA ယာယီစခန်းချထားတဲ့ တောစပ်ကနေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ရွာကလေးမှာ ကျနော် နေခဲ့ပါတယ်။ ဒီရွာကတော့ မိုင်းလုံမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့ ဖိုခနောက်ဆိုင်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး နမ့်ပိုင်ချောင်းနဲ့ နီးပါတယ်။နမ့်ပိုင်ချောင်းကိုကျော်ပြီး မိုးမိတ်ဘက်သွားတဲ့ လမ်းပေါ်က တောင်ပေါ်ကချင်ရွာတွေဘက်မှာ MOD ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ KIA နဲ့အတူ တွဲပြီး စခန်းချထားပါတယ်။ တနေ့တော့ ကျနော်ထိုင်ပြီး စာဖတ်နေတဲ့ ခြံထဲကို MOD ရင်းက ရဲဘော်လေးတွေ ဝင်လာပြီး ​ခြံဝင်းထဲပေါက်နေတဲ့ ဌက်ပျောပင်က ဌက်ပျောဖူးတွေ လာတောင်းခူးပါတယ်။သူတို့အတွက် ဟင်းစားအခက်အခဲရှိလို့ လာတောင်းတာ စသဖြင့်ပြောလို့ ကျနော်လည်း ရှိတဲ့ ငါးခြောက်တွေ တချို့ ကြာရှည်ခံအစားအစာတွေပါ ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အပိုချဲ့ကားပြောတာ ဘာတခုမှ မပါပါဘူး။တောထဲမှာနေတဲ့ ရဲဘော်တွေ တကယ်ငတ်တာပါ။ တော်လှန်ရေးသမားအချင်းချင်း ကိုယ်ချင်းစာပါတယ်။ကျနော်တို့လည်း ကောင်းကောင်းစားနေရတာမျိုး မဟုတ်လို့ပါ။တော်လှန်ရေးထဲမှာ အေးအေးဆေးဆေး ခံစားစံစားနေရတဲ့ ရေပေါ်ဆီတွေဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းတဲ့ကိစ္စလို့ ပြောရပါလိမ့်မယ်။ ဒီတော့ အိသဥ္ဇာမောင် တကယ်ပဲ ကော့စမတ်တစ် ဆာဂျရီလုပ်ပြီး မျက်နှာကို အနုစိတ်ပြင်ဆင်ထားသလားဆိုတာ ကျနော် အတိအကျမသိပါဘူး။တကယ်လို့များ( တကယ်လို့များလို့ စကားပလ္လင်ခံထားပါတယ်) ဟုတ်နေခဲ့ရင်တော့ တော်တော်ပြဿနာရှိတဲ့ကိစ္စဖြစ်ပါတယ်။ လစာမရှိတဲ့ ရဲဘော်တွေ စားရမဲ့သောက်ရမဲ့ဖြစ်နေတုန်းမှာ လစာရတဲ့ ဝန်ကြီး ဝန်ကလေးတွေက ဇိမ်ခံနေတယ်ဆိုရင် ကျနော်တို့ မေးခွန်းထုတ်ကြရပါလိမ့်မယ်။ဘယ်သူတွေက မေးခွန်းထုတ်ရမှာလဲ။…
Read More
သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ

သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်၊သူ့အတွေး) သမန်းဝံပုလွေအခွင့်အရေးတက်ကြွလှုပ်ရှားသူ ------------------------------------ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်း ကျနော် ဘာဆက်လုပ်မှာလဲလို့ ချစ်ရတဲ့မိတ်ဆွေအရင်းအချာတယောက်မက မေးမြန်းကြတယ်။ဒီမေးခွန်းကို ကျနော် ခုလို ပြန်ဖြေကြားလိုပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ ပုန်းလျှိုးကွယ်လျှိုး သွားလာနေထိုင်နေကြရတဲ့ သမန်းဝံပုလွေတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ကျနော် ဆက်ပြီး တိုက်ပွဲဝင်မှာဖြစ်တယ်။ လပြည့်ညရဲ့ သန်းခေါင်ယံအချိန် အေးစက်တဲ့ လေထုထဲက ပျံ့လွင့်လာတဲ့ အူသံသဲ့သဲ့ကို ကြားမိတိုင်း ရင်ခုန်သံမြန်လာတတ်တဲ့ ကျနော့်အတွက် ဗီဇစိတ်ရဲ့နှိုးစက်နာရီသံလို ဆူညံနေတဲ့ အာလျဆန္ဒတခုကို ဖြည့်ဆည်းဖို့လိုအပ်နေပါတယ်။ အစိုးရအဆက်ဆက်ရဲ့ နိုင်ငံသားဥပဒေပြဌာန်းချက်တွေမှာ ဖယ်ထုတ်တားမြစ်ခံထားရတဲ့ သမန်းဝံပုလွေတွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိစေဖို့ ကျနော် တတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။ မြို့ပြင်ဘက်က ကျောက်လိုဏ်ဂူကြီးတခုထဲမှာ ဖွင့်လှစ်ထားမယ့် ကျနော့်ရဲ့ ရုံးခန်းထဲမှာ ကျောက်စားပွဲခုံတလုံးရှိမယ်။စားပွဲပေါ်မှာတော့ "ဖန်နရီယာ"ရဲ့ ကိုယ်တပိုင်းပုံရုပ်ထုကို အလှဆင်ထားမယ်။ စာရွက်စာတမ်းပေါင်းစုံနဲ့ ရေးလက်စပိုစတာတွေမှာ သမန်းဝံပုလွေပုံ ရောင်စုံပန်းချီစုတ်ချက် ကြမ်းကြမ်းတွေနဲ့ ကြွေးကြော်သံစာသားတွေ ပြည့်နှက်နေမယ်။ ညလူခြေတိတ်ချိန် ချီတက်ပြေးလွှားပွဲတွေနဲ့ သံပြိုင်အူသံတွေဟာ သွေးစည်းညီညွတ်တဲ့ သမန်းဝံပုလွေထုကို လှုပ်နှိုးလိုက်တဲ့ စစ်ချီသံတွေပဲဖြစ်တယ်။ ပါလီမန်ရှေ့မှာ စုဝေးနေတဲ့ သမန်းဝံပုလွေတွေကြားမှာ ကင်မရာကိုချိန်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခါ သမန်းဝံပုလွေအခွင့်အရေးကို ပိတ်ပင်တဲ့ မျိုးစောင့်ဥပဒေတွေကို ဖျက်သိမ်းဖို့ တောင်းဆိုရမယ်။ (more…)
Read More
အာဏာရှင် နဲ့ လူထုအောင်ပွဲ (တူနီးရှား)

အာဏာရှင် နဲ့ လူထုအောင်ပွဲ (တူနီးရှား)

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ   လွတ်မြောက်ရာ စျေးဝယ်သူ၊ရောင်းသူတွေနဲ့ စည်ကားနေတဲ့လမ်းမထက်တနေရာမှာ လူတယောက်ရဲ့မထင်မှတ်တဲ့ အပြုအမူကြောင့် လူတွေရဲ့အာရုံကသူ့ဆီစုသွားပါတယ်။ အဲဒီလူက လက်ထဲမှာကိုင်ထားတဲ့ ပုံးထဲကအရည်တွေကို ခန္ဓာကိုယ်ပေါ်လောင်းချလိုက်ချိန်မှာ လမ်းမထက်ကလူတွေကသူ့အနားဝိုင်းအုံသွားပါတယ်။ ပြီးတော့ မီးခြစ်ကို ခြစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတို့လိုက်တဲ့နောက် မီးတောက်တွေကခန္ဓာကိုယ်တခုလုံးတောက်လောင်သွားပါတယ်။ အဲဒီ ကိုယ့်ကိုကိုယ် မီးရိူ့လိုက်သူက ဘွဲ့ရရှိထားပြီး လမ်းဘေးမှာ သစ်သီးရောင်းနေတဲ့ အသက်၂၆နှစ်အရွယ် မိုဟာမက်ဘူဇီဇီပါ။ ၂၀၁၀ဒီဇင်ဘာ ၁၇ရက်ကတူနီးရှားနိုင်ငံရဲ့ မြို့တမြို့ရဲ့ လူစည်ကားရာလမ်းမထက်မှာ သူ့ကိုယ်သူမီးရိူ့ပြီး နိုင်ငံမှာ ဆင်းရဲကြပ်တည်းမူဆိုးရွားစွာဖြစ်နေတာကို ထောက်ပြ​တဲ့အနေနဲ့ ဒီနည်းလမ်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ မီးလောင်ဒါဏ်ရာကြောင့်သီတင်းတပတ်အကြာမှာ ဘူဇီဇီသေဆုံးသွားခဲ့ပြီး သူ့ရဲ့လုပ်ရပ်ကကြပ်တည်းဆင်းရဲတဲ့ဒါဏ်အလူးအလဲခံနေရတဲ့ တူနီးရှားနိုင်ငံသားတွေရဲ့အစိုးရအပေါ်မကျေနပ်စိတ်ကိုနိုးဆွလိုက်ပါတယ်။ တူနီးရှားနိုင်ငံကိုသမ္မတဘန်အာလီကအာဏာရှင်ဆန်ဆန် ၂၃နှစ်အကြာ အုပ်ချုပ်နေတာဖြစ်ပါတယ်။ သူ့အုပ်ချုပ်တဲ့ကာလအတွင်းမှာ အလုပ်လက်မဲ့နှုန်းနဲ့ကုန်စျေးနှုန်းက အကြီးအကျယ်မြင့်တက်နေလို့ ဆင်းရဲနွမ်းပါးမူကတိုးသထက်တိုးလာသလို အဂတိလိုက်စားမူအဆိုးဆုံးအခြေအနေရောက်ရှိနေပါတယ်။ ဘန်အာလီကိုယ်တိုင်က နိုင်ငံဘဏ္ဍာကိုကိုယ်ပိုင်ငွေလိုသဘောထားသလို သူ့နောက်လိုက်တွေကလည်း အကျင့်ပျက်ခြစားမူကို ထမင်းစား၊ရေသောက်လို လွယ်လွယ်ကျူးလွန်နေတာဖြစ်ပါတယ်။ (more…)
Read More
ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း

ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း

ဖေဖော်ဝါရီ ၁၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင် သူ့အတွေး) ပုဂ္ဂိလ်ရေးအချက်အလက်များပေါက်ကြားမှုနဲ့ ချွတ်ခြုံကျလူ့အဖွဲ့အစည်း --------------------------------------------------- ဒီနေ့ဟာ စစ်အာဏာသိမ်း ငါးနှစ်ပြည့်တဲ့နေ့ပါ။ ဒါပေမယ့် လိုင်းပေါ်မှာ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေထက် အညှီအဟောက်သတင်းတွေက ပိုပြီး ပြန့်နှံ့နေပါတယ်။ စစ်အာဏာရှင်စနစ်ကို ဝေဖန်ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က ကြေညာချက်တွေ၊အရေးအသားတွေ၊ ဗွီဒီယို ကလစ်တွေ သိပ်ပြန့်နှံ့တာမတွေ့ရဘဲ စပွန်ဆာရှာတဲ့ ဖုဘလော့ဂါနဲ့ တည သိန်းတရာပေးနိုင်တဲ့ အခွန်ဦးစီးမှုးဆိုတဲ့ အလေဏတောပြဿနာက ပိုပြန့်နှံ့နေတာကို တွေ့ရပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းအရင်းကို ဆန်းစစ်အဖြေရှာကြည့်ရင် တွေ့ရမှာတွေက (၁) ဒီလိုအချိန်မှာ အညှီအဟောက်သတင်းအသံဖိုင်တွေ လိုင်းပေါ်အချိန်ကိုက်တင်တာဟာ စစ်ထောက်လှမ်းရေးရဲ့ လက်ချက်ဖြစ်နိုင်တယ်။ (၂) ဗမာပြည်လူ့အဖွဲ့အစည်းမှာ အခွန်ဦးစီးမှုးတယောက်က လစာထက်မကတဲ့ ငွေကြေးပမာဏတွေကို သုံးပြီး မိန်းမတယောက်ကို ပေးကမ်းနေတာ စစ်အာဏာရှင်စနစ်ရဲ့ အကျင့်ပျက်ခြစားမှုတွေ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ (၃) food blogger ဆိုတဲ့ အလုပ်အကိုင်ဟာ စျေးကွက်စီးပွားရေးစနစ်၊အရင်းရှင်စနစ် ပိုမိုချောမွတ်အောင်လည်ပတ်ရေးအတွက် စျေးကွက်ရှာဖွေပေးရတဲ့ ကြော်ငြာလုပ်ငန်းတမျိုးဖြစ်ပြီး စားသုံးသူဝါဒကို အရှိန်ကောင်းအောင် မီးထိုးပေးတဲ့လုပ်ဟန်တမျိုးဖြစ်တယ်။ (၄) မိမိကိုယ်ကို ထုတ်ဖော်ကြေညာရတဲ့ Personal branding လုပ်ရတဲ့ ဘလော့ဂါဆိုသူတွေဟာ လူအထင်ကြီးအောင် အကောင်းစားပစ္စည်းတွေသုံးပြပြီး အဆင်မြင့်တဲ့ လူနေမှုဟန်ပန်တွေ ( luxurious life style) ကို ဖော်ကျူးပြသကြရတယ်။ဒီအခြေအနေကို ပြသနိုင်ဖို့ ကြံမိကြံရာ စပွန်ဆာရှာတာတွေဖြစ်ကုန်ကြတာမျိုးတွေ ရှိမယ်။တချို့တလေလည်း ဖြစ်မယ်။အကုန်လုံးကို သိမ်းကြုံးမပြောပေမယ့် ဘဝကပေးတဲ့အသိအရာမှာတော့ သိပ်များများစားစား ကွာခြားသွားလိမ့်မယ် မထင်ဘူး။ (more…)
Read More
တော်လှန်စစ်နဲ့ သုံ့ပန်းအရေး

တော်လှန်စစ်နဲ့ သုံ့ပန်းအရေး

ဇန်နဝါရီ ၂၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ(သူ့အမြင်သူ့အတွေး) ဖမ်းမိတဲ့လူကို စစ်ကြောရေးလုပ်တဲ့နေရာမှာ မဆီမဆိုင်မေးခွန်းတွေမေးတာကို တွေ့ရတာ အဆင်မပြေပါဘူး။သီတာယုမွန်ယောကျ်ားကို မေးတဲ့နေရာမှာ "ခင်ဗျား သမီး ချောလား"ဆိုတဲ့ မေးခွန်းမျိုးကို ကြားလိုက်ရပါတယ်။ဒါမျိုး မေးခွန်းဟာ တော်လှန်ရေးနဲ့ လားလားမှမဆိုင်သလို မိမိတို့ဘက်က နိုင်ငံရေးသိက္ခာကိုလည်း အတိုင်းအတာတခုထိ ထိခိုက်စေပါတယ်။ ရန်သူဘက်က ကျနော်တို့ကို ပြန်ထိုးနှက်လာနိုင်တဲ့လုပ်ရပ်ဖြစ်သလို PDF ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမ္မာန်ပေါ်မှာ ဖိနပ်ကြိုးချည်တဲ့ ကျော်စိုးဦးတို့အဆင့်မျိုးကို ရောက်ရှိသွားတဲ့သဘောဖြစ်နေပါတယ်။ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ပုခုံးဖက်ပြီး ညီအကိုလို ဆက်ဆံတာမျိုး ဗွီဒီယိုဖိုင်တွေ တက်လာတာကို တွေ့ပါတယ်။ဒါဟာလည်း မိမိတို့ဘက်က သဘောထားကြီးကြောင်း အပြသက်သက်ဖြစ်ပေမယ့် မလိုအပ်ပါဘူးလို့ ယူဆပါတယ်။ဖမ်းမိတဲ့သူတွေကို ထွက်မပြေးနိုင်အောင် ချက်ချင်းနေရာရွှေ့ပြီး လုံခြုံတဲ့နေရာရောက်မှ စစ်ဆေးမေးမြန်းပြီး လိုအပ်ရင် ဆေးကုသမှုပေးတာမျိုး၊ ရန်သူရဲ့ မကောင်းမှုတွေ အမှားအယွင်းတွေကို ဖော်ထုတ်ပြောဆိုတဲ့ ဗွီဒီယိုမျိုးတွေ ပြန်တင်တာမျိုးပဲ လုပ်သင့်ပါတယ်။ တော်လှန်စစ်နဲ့ သုံ့ပန်းအရေး ------------------------------------------ ကျောက်ခေတ်မှာ ကျောက်တုံးတွေဟာလက်နက်ပဲ ငါတို့ခေတ်မှာ မေတ္တာတရားကိုလက်နက်လို အသုံးချရမယ် ပိုင် မွန်ဂို ၁၀၀ မှ တော်လှန်စစ်ကို တိုက်တဲ့အခါ အရေးအကြီးဆုံး ကိစ္စက သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းကြမလဲဆိုတာလည်း ထိပ်ဆုံးကပါတယ်။ ဟိုတလောက မယ်စဲ့အချုပ်ကနေ စစ်ကောင်စီတပ်သားသုံ့ပန်းတွေ အများကြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားရတယ်။ ထောင်ဖောက်မှုမဖြစ်ခင် မြင်းခြံ PDF က ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ယောကျ်ားကို ဖမ်းမိတဲ့ သတင်းတက်လာတာကိုလည်း တွေ့တယ်။သီတာယုမွန်ယောကျ်ားကို တချက်မှမရိုက်နှက်လို့ မကျေနပ်သူတွေလည်းရှိသလို ဘော်ဒါပေါင်းပေါင်းပြီး ဟေးလေးဟားလားတွေ အတူတူပြောလို့ ဝေဖန်နေကြသူတွေလည်း…
Read More
ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ဇန်နဝါရီ ၂၅၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ WHOကပဲထွက်ထွက်၊UN ကပဲထွက်ထွက် ကမ္ဘာအရင်းရှင်(တရုတ်ပါ)အချင်းချင်း ဈေးကွက်ဝေစုနဲ့ ကုန်ကြမ်းအဝေမတည့်မှု့ကနေ အခြေခံတာကို ယူကရိမ်းစစ်ပွဲနဲ့ ပက်သက်ပြီး ထရမ့်က မြေရှားကိစ္စ တောင်းတာကို ကြည့်ရင်မြင်နိုင်ပါတယ်။ ရုရှားနဲ့အမေရိကန် မြေရှားအတူ မျှသုံးကြရအောင်လေဆိုရင်း ယူကရိမ်း ပြည်သူတွေအဖို့တော့ ဟာသ သရုပ်ဆောင်တစ်ယောက်ကို ရွေးချယ်မိတဲ၊ဂျူး တစ်ယောက်ကို ရွေးချယ်မိတဲ့ အမှားလို့ပဲပြောရပါတော့မယ်။ ယူကရိမ်းစစ်တပ်က မှားသွားမှန်းသိပေမယ့် ရပ်လို့ မရတော့ ဒရင့်တိုက်လိုက်ရင်းနဲ့ပဲ ယူကရိမ်းထောင်းလမောင်းကြေသွားတာပါပဲ။ မြန်မာနိုင်ငံက ဒီမိုကရက်အာဂျင်ဒါ ပေးစာ၊ကမ်းစာ သမားတွေ အခု ထရမ့်ရဲ့ ယူကရိမ်း မြေရှားကိစ္စမှာ ဘာအသံမှ မထွက်တာကို ကြည့်ရင် တရားရစရာပါ။ ဒီမိုကရက်ပေးစာကမ်းစာသမားတွေခမျာလည်း ထရမ့် စိတ်မဆိုးအောင် နေတတ်သလို ကြည့်နေနေကြရတာကြည့်ပြီးမျိုချနေရတဲ့ ဟိုအခွင့်အရေး၊ဒီအခွင့်ရေး၊ပါပီလေး၊ပူစီလေး အခွင့်အရေးတွေကို ကြည့်ပြီး စိတ်ထဲတယ် မကောင်းလှပါဘူး။ အမေရိကန်မှာ ဖြစ်ပျက်သမျှတွေဟာ ဒီ ထရမ့်ကြီးကြောင့်လိုပဲ အတွေးတိမ်နေဦးမယ်ဆို ထရမ်းက အော်ခိုင်းတာ ပြောင်းအော်ကြရဦးမယ်သူတွေအနေနဲ့ အခကြေးစား ဘာ၊ညာ ဝါဒီများ ဘဝ ဒီတစ်ခါ တစ်ကယ် ပြည်သူက မြင်သွားကြမှာဖြစ်ပါတယ်။ ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာ ပင်လယ်ဒမြ ဝါဒအထိ ဆိုတော့ ----------------------------------- WHO ကနေ ထရမ့်နှုတ်ထွက်တာနဲ့ပက်သက်ပြီး ဆေးကုန်သည် ဝထ္တုရယ်၊ကိုဗစ်ကာလကထွက်တဲ့ မိစ္ဆာရယ် တွဲဖတ်ရင်တော့ တစ်ခုခုရမယ်ထင်ပါတယ်ဗျ။ ဆေးကုန်သည် ဝတ္ထုကြီးထဲမှာ အမေရိကန် FDA ရယ်၊WHO ရယ်၊ ဆေးကုမ္ပဏီတွေရဲ့ လူမဆန်တဲ့ ကစားကွက်တွေရယ်ကို လေ့လာမှတ်သားရပါတယ်ဗျ။ ထရမ့်နဲ့ ဒီမိုကရက်တွေကြားထဲမှာ ကိုဗစ်ကာလ ကျမ်းမာရေးစောင့်ရှောက်မှု့နဲ့ကာကွယ်ဆေးထိုးနှံပေးရေး ကြားထဲမှာ တိုက်ပွဲအကြီးကြီးဖြစ်ခဲ့တာကို…
Read More
အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရှူးက ၁၉၂၇ ခုနှစ်ထဲက"ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်သည် နယ်ချဲ့အရင်းရှင်လက်ဟောင်း ဗြိတိန်နှင့်နယ်ချဲ့အရင်းရှင်လက်သစ်အမေရိကန်တို့ပူးပေါင်းပြီး ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ပြီးကျွန်ဘဝမှလွတ်မြောက်လိုသောကြောင်ရုန်းကန်တိုက်ပွဲဝင်နေသော နိုင်ငံများကို ကြီးမားသောဖိအားဖြင့် ဖိနှိပ်ထားရန်ဖြစ်သည်"ဟု မျော်မြင်သုံးသပ်ပြခဲ့ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က"အမေရိကန်မှာ အစိုးရလုပ်သူဟာWASP(တိုက်ရိုက်ဘာသာပြန်ရင် နကျယ်၊နကျီကောင်) ဆိုတဲ့ဝေါဟာရတောင်ပေါ်ခဲ့ပါတယ်။(W) ဖြူရမယ်၊(As)အင်ဂလိုဆက်စွန်မျိုးနွယ်(အင်္ဂလိပ်မျိုးနွယ်)၊(P) ခရစ်ယာန်(ပရိုစတက်စတင့်ဂိုဏ်းသား)ဖြစ်မယ်လိုတောင်ပြောရတဲ့အထိပဲ"လို့ဆိုခဲ့ပါတယ်။" အမေရိကန်ဟာ လူမည်းတွေပါသမ္မတဖြစ်ခွင့်ရှိ့လာပေမယ့် အမေရိကန်အစိုးရဆိုတာ စီမံခန့်ခွဲရေးအတွက်သာဖြစ်ပါတယ်။အမေရိကန်ကို အဓိကချဲလှယ်ထားတာက‌ မော်ဂန်၊ရော့ချိုင်းတို့လို ငွေဘီလူးမိသားစုကြီး ၂၀၀ ကျော်လောက်ပဲဖြစ်ပြီး အမေရိကန်မှာ ကြိုက်တဲ့သူကြိုက်တဲရာထူးယူလို့ရပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ အဆိုပါမိသားစုဝင်တွေထဲကပဲအလှည့်ကျယူထားတာလို့ နီကိတင်ရဲ့ နိုင်ငံရေးဘောဂဗေဒစာအုပ်မှာ ဖွင့်ဆိုရှင်းလင်းထားပါတယ်။ ယခု ထရန်လက်ထက်မှာ အမေရိကန်ရဲ့အပြု့အမှုများဟာ ဗျောင်ကျကျဗိုလ်ကျစိုးမိုးရေးဆန်လာပါတယ်။ ထရန့်က UN လက်အောက်ခံအဖွဲ့အစည်းတွေကနေ နှုတ်ထွက်လိုက်ပြီး ရံပုံငွေထည့်ဝင်တော့မှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်UN ကို ပစ်ပယ်လိုက်ပြီး ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်ကို ချမှတ်ဖို့ ခြေလှမ်းစလှမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က (Board of Peace) ဆိုပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို တင်လာပါတယ်။အမေရိကန်ဘာလုပ်လုပ်၊အဆိုတင်တင် နောက်ကထပ်ချပ်မခွာလိုက်နေတာက အင်္ဂလန်နဲ့ဩစတေးလျားပဲဖြစ်ပါတယ်။ အမေရိကန်ဟာ အမေရိကတိုက်ပထဝီဝင်ဖြစ်ပါတယ်။အင်္ဂလန်က ဥရောပပထဝီဖြစ်ပါတယ်။ဩစတေးလျားကအာရှဒေသအတွက် ပထဝီအချက်အချာဖြစ်နေပါတယ်။ အားလုံးက အင်ဂလို-ဆက်ဆွန်ကိုလိုနီဟောင်းတွေဖြစ်လို့ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ဖို့ဆိုတာထက် (Powerful Anglo-Saxon Axis) ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန် ဝင်ရိုးတန်းကို ဦးတည်နေတယ်လို့ မြင်ရပါတယ်။ ဝင်ရိုးတန်းတွေနောက်ကို စပိန်တို့ဟန်ဂေရီတို့လိုက်သလိုခေတ်သစ်ဝင်ရိုးတန်းနောက်လိုက်တွေကလည်း သူ့အကြောင်းနဲ့သူ လိုက်ပါစုဖွဲ့နေကြတာ BOP အစည်းအဝေးတက်တဲ့နိုင်ငံတွေစာရင်းမှာတွေ့နိုင်ပါတယ်။အလားတူ လက်မခံနိုင်တဲ့အုပ်စုများ၊နိုင်ငံများကိုလည်းတွေ့နိုင်ကြပါတယ်။ဒါဟာ အနာဂါတ်စုဖွဲ့မှု့ ကို တင်ကြိုတွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။ *အမေရိကန်ရဲ့(Board of Peace) အစီအစဉ်ဟာ *ပုံဖျက်ထားတဲ့…
Read More
လူထုက နိုင်ငံရေးကို တကယ်စိတ်မဝင်စားဘူးလား

လူထုက နိုင်ငံရေးကို တကယ်စိတ်မဝင်စားဘူးလား

ဇန်နဝါရီ ၂၀၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ ကိုကိုကြီးရဲ့ စကားကို ချေပဖို့ သူ့လုပ်ရပ်ကိုပဲ မေးခွန်းပြန်ထုတ်ရမှာပါ။ ပေါကားမရိုက်ဘူးဆိုတဲ့ ကိုကိုကြီးတို့လူစုရဲ့ လုပ်ရပ်ဟာ ပေါကားဆိုတဲ့ စကားလုံးထက် ပိုပြီး နိမ့်ကျနေပါတယ်။ပိုပြီး အပေါစားဆန်နေပါတယ်။စစ်အုပ်စုကို ခြေသလုံးဖက်တဲ့ လုပ်ရပ်ဟာ အဆင့်အတန်းမရှိတဲ့ နိုင်ငံရေးပါ။ စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့လူတွေကို အပြစ်ဖို့တဲ့စကားတွေ သူက ခဏခဏ ပြောလေ့ရှိပါတယ်။ လူထုက နိုင်ငံရေးကို တကယ်စိတ်မဝင်စားဘူးလား -------------------------------------------------- လူထုက နိုင်ငံရေးကို စိတ်မဝင်စားဘဲ အပေါ်ယံဗန်းပြ အနစ်နာခံပြတဲ့ ဖက်ရှင်ဆန်ဆန်လုပ်ရပ်တွေကိုပဲ စိတ်ဝင်စားနေကြတယ်လို့ မြင်ပါသလား။ ပြည်သူ့ပါတီ ဦးကိုကိုကြီးကတော့ လူထုအကြိုက်လုပ်ပြတဲ့ နိုင်ငံရေးပေါကားတွေမရိုက်ဘူးလို့ ပြောလာပါတယ်။သူရည်ညွှန်းတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို စောင်းပါးရိပ်ခြေပုတ်ခတ်သလိုဖြစ်နေပြီး မီးပျက်ရင် ဖယောင်းတိုင်ထွန်းပြီးလုပ်ပြတာ ဝန်ကြီးချုပ်ကိုယ်တိုင် အမှိုက်သိမ်းပြတာ စတာတွေကို နိုင်ငံရေးပေါကားလို့ ဝေဖန်ထားပါတယ်။ နိုင်ငံရေးပေါကားလို့ ပြောတာနဲ့ နောက်ဆက်တွဲ လူထုဟာ ဘာနိုင်ငံရေးမှမရှိဘူး၊ခပ်ပိန်းပိန်း ခပ်ပေါပေါ အမျိုးအစားထဲကပဲလို့ သွယ်ဝိုက်ပြစ်တင်ဝေဖန်သွားသလို ဖြစ်နေပြီး လက်ရှိတော်လှန်ရေးထဲပါနေတဲ့ လူထုကိုလည်း ဥာဏ်ရည်နိမ့်နေတယ်လို့ စော်ကားလိုက်သလို ဖြစ်နေပါတယ်။ တကယ်တော့ ဗမာပြည်လူထုဟာ သူပြောသလောက်လည်း နုံချာနေတာမဟုတ်ပါဘူး။စစ်အာဏာရှင်ကို အသက်စွန့်ပြီး တိုက်နေတဲ့ တော်လှန်လူငယ်တွေ၊ ဘဝအပျက်ခံပြီး စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်လာတဲ့ CDM တွေဟာ နိုင်ငံရေးဂုရုကြီးတွေ မဟုတ်ပေမယ့် ပေါတောတော နုံတုံတုံ အတတလူတွေတော့ ဟုတ်မနေပါဘူး။ အဖြစ်မှန်က ဒီနိုင်ငံမှာ လူထုအများစုဟာ နိုင်ငံရေးနဲ့ ကင်းကွာနေကြတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာကိုတော့ သိကြတဲ့သူတွေ ရှိပါသေးတယ်။ လူထုက ဘာကြောင့်…
Read More
No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.