ခုနှစ်ပြည်ထောင်မင်းအပေါင်းနဲ့တော်လှန်ရေးအလွမ်းဇာတ်တစ်ကြောမပြန်ရန်

ဖေဖော်ဝါရီ ၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

အင်္ဂလန်သံရုံးက တတိယအတွင်းဝန်က လက်ခံတွေ့ဆုံပါတယ်။မိမိတို့သတင်းအဖွဲ့က

– ငြိမ်းချမ်းရေးက အပြီးမရသေးဖူး ဘာဖြစ်လို့ နိုင်ငံတွေ၊အန်ဂျိုတွေ၊ဖောင်ဒေးရှင်းတွေက ဖွံ့ဖြိုးရေးလုပ်ပေးမယ်ကြီး လောနေကြပါသလဲ။

-နိုင်ငံတွေ၊INGO,NGO,တွေ၊ဖောင်ဒေးရှင်းတွေက မင်ဒါနာအိုကျွန်းမပေါ်မှာ၊ကျွန်းစုတွေမှာ ဇုန်တွေ၊ခရိုင်တွေခွဲပြီး သီးခြားစီဖွံ့ဖြိုးရေး လုပ်ဖို့ အဆိုပြု့ကြတာ ဘာလို့ပါလည်းမေးဖြစ်ပါတယ်။ သံအရာရှိ့က -ဒီလိုမေးတာကောင်းပါတယ်။ သူတို့အင်္ဂလန်ဆို အရှေ့ဖက်ကမ်းခြေဒေသ၊ဇုန်တစ်ခုကို ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း တစ်ထောင်နီးပါးထည့်ဝင်လုပ်ဆောင်ဖို့ ရှိ့ပါတယ်။

-အင်္ဂလန်က ဖွံ့ဖြိုးရေးလုပ်မယ့်ဒေသဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ မထိမတို့ရသေးတဲ့၊ကမ္ဘာ့အပျိုစင်အဖြစ်ဆုံး ကမ်းခြေတွေ၊ကျွန်းစုတွေ ရှိ့ပါတယ်။

-အင်္ဂလန်ဟာ အဆိုပါကမ်းခြေတွေကျွန်းစုတွေ မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အဓိကရင်းနီုးမြုပ်နှံလုပ်ကိုင်သွားဖို့ရှိ့ပါတယ်။
လို့ဖြေခဲ့ပါတယ်။ သူမက ဆက်ပြီး-အဲ့လိုပဲ မင်ဒါနာအိုကျွန်းမှာ လုံးဝတူးဖော်ထုတ်လုပ်ရခြင်းမရှိ့သေးတဲ့ သဘာဝသယံဇာတတွေ များစွာရှိ့ပါတယ်။

-နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားဖြစ်မယ့်၊သူတို့အလိုရှိ့တဲ့ သယံဇာတအပေါ်မူတည်ပြီး ၊သူတို့လိုချင်တဲ့ ဇုန်အလိုက်၊ဒေသအလိုက်ကို ဖွံ့ဖြိုးရေးလုပ်ကြမှာဖြစ်ပါတယ်။

-အချို့နိုင်ငံတွေကတော့ ဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေးအကြောင်းခံနဲ့ ဖွံ့ဖြိုးရေး ရံပုံငွေထည့်ဝင်လုပ်ကိုင်ကြတာဖြစ်ပါတယ်လို့ အလင်းပြပါတယ်။

ခုနှစ်ပြည်ထောင်မင်းအပေါင်းနဲ့တော်လှန်ရေးအလွမ်းဇာတ်တစ်ကြောမပြန်ရန်
———————————————–

စစ်အုပ်စု ဘာတွေခင်းကျင်းနေလည်း၊ဘာတွေဆက်လုပ်နိုင်လည်း၊ဆိုတာ သူ့နောက်ကွယ်မှာ ဘယ်သူတွေဝိုင်းရံထားလည်းဆိုတာနဲ့ပါထည့်သွင်းစဉ်းစားရမယ်ထင်ပါတယ်။ ပြီးစီးသွားတဲ့ စကစ ရွေးကောက်ပွဲကို တရုတ်က မယုတ်မလွန်တုံ့ပြန်နေတာတွေ့ရပါတယ်။မီဒီယာအချို့နဲ့တရုတ်ထိုးနှက်‌ရေးလော်ဘီပလက်ဖောင်းအချို့က လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုတာကို အတည်ကြီးထည့်တွက်ဖို့ခက်ပါလိမ့်မယ်။သူ့ဆန်စားရဲရပေသကို ။ အာဆီယံ၊EU ဖက်က တုံ့ပြန်မှု့က ပိုရှင်းလင်းပါတယ်။ အမေရိကန်ဖက်က တစ်ခုခုအသံထွက်တာ၊တုံ့ပြန်တာမတွေ့ရပါဘူး။ဒါကလည်းထရမ့်တက်ကထဲက နိုင်ငံတစ်ကာရွေးကောက်ပွဲကိစ္စတွေမှာ ဘာမှဝင်မပါဖို့ ပေါ်လစီနဲ့ တားမြစ်ထားလို့လဲဖြစ်နိုင်ပါတယ်။ဒါပေမယ့် အီရတ်ရွေးကောက်ပွဲရလာဒ်နဲ့ဝန်ကြီးချုပ်လောင်းကိစ္စတော့ ထရမ့်ကမကျေမချမ်းအသံထွက်ပါတယ်။သို့ပေမယ့် မြန်မာပြည်ရွေးကောက်ပွဲကိစ္စတော့ အသံမထွက်ပြန်ပါဘူး။

ထရမ့်က ဘတ်ဂျက်လက်မှတ်ထိုးတဲ့အထဲမြန်မာပြည်အတွက်လဲပါလာပါတယ်။လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဝပ်ရှော့တွေ၊ဆယ်မီနာတွေ၊သတင်းစာကွန်ဖရင့်တွေနဲ့ တွေ့လာရပါတယ်။(အရင်လို ဖောဖောသီသီမသုံးစွဲနိုင်လောက်ပေမယ့် ချွေချွေတာတာသုံးရင် တော်လှန်ရေးဘဝတွေနဲ့စာရင် Revolution Lower Upper Class တော်လှန်ရေးအထက်တန်းလွှာအောက်အဆင့် အထက်တော့ လူနေ့မှု့အဆင့် Living Standard နဲ့ ဘဝနေထိုင်မှု့ပုံစံ Life Styles ကို ထိမ်းထားနိုင်ပါသေးတယ်။ စစ်ကောင်စီရွေးကောက်ပွဲနဲ့ရှေ့ဆက်လက်လုပ်ဆောင်လာမယ့် အစီအစဉ်တွေမှာ-အမေရိကန် ဖက်က တစ်ခုခု ပြတ်ပြတ်သားသား အသံမထွက်သ၍၊တရုတ်နဲအိန္ဒိယ ထံက ပြတ်ပြတ်သားသားအသံ ထွက်ကြမှာ မဟုတ်ပါဘူး။ အာဆီယံ၊Eu၊ဂျပန်တို့အသံထွက်ကြတာ အမေရိကန်၊တရုတ်၊အိန္ဒိယ က ဘုံအကျိုးအမြတ်တစ်ခုခု အမြတ်ထုတ်သွားမှာကို တွက်ချက်မိနိုင်တာလည်းဖြစ်နိုင်ပါတယ်။ ပြန်ကောက်ရရင် စစ်အုပ်စုနောက်ကွယ်က လက်မည်းတွေက ဘာတွေဖြစ်နိုင်မလည်း။တွက်ချက် ဆဝါးကြည့်ရမှာပါပဲ။


ဦးသိန်းစိန်နဲ့ NCA ငြိမ်းချမ်းရေးကာလမှာ ဖိလစ်ပိုင်နိုင်ငံ၊မင်ဒါနာအိုကျွန်းကို ဖိလစ်ပိုင်အစိုးရနဲ့မိုရိုအစ္စလန်းမစ် အဖွဲ့တို့ရဲ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်လေ့လာရေး သတင်းစာအဖွဲ့နဲ့လေ့လာခွင့်ရခဲ့ပါတယ်။ကွယ်လွန်သူ ဆရာမုံရွာ ဦးအောင်ရှင်က ဦးဆောင်ပါတယ်။ မင်ဒါနာအိုကျွန်းမှာ တစ်ပတ်ခန့်နေရပြီး မိုရိုအဖွဲ့ထိမ်းချုပ်ရာ ဧရိယာများ၊စခန်းအချို့ကို လိုက်ပို့ပါတယ်
မိုရိုအဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက သတင်းစာလေ့လာ‌ရေးအဖွဲ့ကို လက်ခံတွေ့ဆုံဖြေကြားပေးပါတယ်။ မင်ဒါနာအိုမြို့တော်မှာ တိုင်းစစ်ဌာနချုပ်နဲ့ပြောရေးဆိုခွင့်တို့က တွေ့ဆုံဖြေကြားပေးပါတယ်။ မင်ဒါနာအိုဖွံ့ဖြိုးရေးဧဂျင်စီကို လေ့လာရပါတယ်။ ဒီဧဂျင်စီက မိုရိုအစ္စလန်းမစ်ရဲ့ အန်ဂျီအိုအချုပ် လိုပဲဆိုနိုင်ပါတယ်။နိုင်ငံတစ်ကာအကူအညီအားလုံးကို သူကနေတစ်ဆင့်စီမံရတဲ့ အခရာပါပဲ။ နောက် မနီလာမှာ လေ့လာရပါတယ်။INGO,NGO,ဖောင်ဒေးရှင်းတွေအများကြီးပတ်တွေ့ရပါတယ်။မှတ်မိသမျှကတော့ နိပွန်းဖောင်ဒေးရှင်း၊အေးရှားဖောင်ဒေးရှင်း၊OIC,EU,ဖို့ဖောင်ဒေးရှင်း၊ကာတာဖောင်ဒေးရှင်း စသဖြင့်အ‌တော်စုံစုံလင်လင် ပါပါတယ်။သံရုံးတွေအနေနဲ့ အင်္ဂလန်သံရုံး၊မလေးသံရုံး စသဖြင့်ပါပါတယ်။
ပြည်တွင် NGO,CSO, ACTIVE အဖွဲ့တွေနဲ့လည်းတွေ့ရပါတယ်။

(တည်းခို၊နေထိုင်ရေး အဆင့်မြင့် အစဉ်ပြေပါတယ်။နေ့စဉ်အသုံးစားရိပ် (ပါတီယံ )ကနဲတော့ နေ့လယ်စာ၊ညစာဈေးသက်သာတဲ့ ဆိုင်တွေပတ်ရှာစားရပါတယ်။ ဖိုက်စတားဟိုတယ်ကြီးပေါ်ကနေ ညစာကို ဟိုတယ်ရှေ့ ပလက်ဖောင်းပေါ်က ကွပ်တီယိုဆိုင်မှာ စားရတဲ့ ထိုင်းကသင်တန်းတွေလိုပါပဲ။ဟိုတယ်စားသောက်ခန်းမရှေ့တောင်မကပ်နိုင်ပါဘူး။စုစုပေါင်းစာရင်းချုပ်တော့ ၄သိန်းလောက် အိပ်စိုက်လိုက်ရပါတယ်။တစ်ကယ်ပဲ ယူတိုအန်ဂျိုလောကကို စိတ်ကုန်တယ်။ တွေ့သမျှ INGO,NGO,ဖောင်ဒေးရှင်းတွေအကုန်လုံးက မင်ဒါနာအိုကျွန်းဖွံ့ဖြိုးရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီ သုံးကြမှာကြီးပဲ ပြောကြပါတယ်။သန်းရာဂဏန်းလောက်တောင်မျက်နှာငယ်နေသလိုပါပဲ။ငြိမ်းချမ်းရေးရပြီးရင် မင်ဒါနာအိုကျွန်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ဂတိကဝတ်က အ‌မေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖြစ်ပါတယ်။ မြန်မာငြိမ်းချမ်းရေးရပြီးရင် ထိုစဉ်က ဖွံ့ဖြိုးရေးဂတိကဝတ်က ၃ ဘီလီယံကစပါတယ်။‌ေနာက် ၇ ဘီလီယံဖြစ်လာပါတယ်။နောက်ထပ်တိုးလာပြီး ၁၃ ဘီလီယံနဲ့စာရင်းပိတ်ထားပါတယ်။(A BANK တို့ ရွေဘဏ် တို့စောင့်နေပါတယ်။MPC(ကလူတွေ) BANK လည်း မှတ်ပုံတင်ထားတယ်လို့ကြားပါတယ်။

အင်္ဂလန်သံရုံးက တတိယအတွင်းဝန်က လက်ခံတွေ့ဆုံပါတယ်။မိမိတို့သတင်းအဖွဲ့က

– ငြိမ်းချမ်းရေးက အပြီးမရသေးဖူး ဘာဖြစ်လို့ နိုင်ငံတွေ၊အန်ဂျိုတွေ၊ဖောင်ဒေးရှင်းတွေက ဖွံ့ဖြိုးရေးလုပ်ပေးမယ်ကြီး လောနေကြပါသလဲ။

-နိုင်ငံတွေ၊INGO,NGO,တွေ၊ဖောင်ဒေးရှင်းတွေက မင်ဒါနာအိုကျွန်းမပေါ်မှာ၊ကျွန်းစုတွေမှာ ဇုန်တွေ၊ခရိုင်တွေခွဲပြီး သီးခြားစီဖွံ့ဖြိုးရေး လုပ်ဖို့ အဆိုပြု့ကြတာ ဘာလို့ပါလည်းမေးဖြစ်ပါတယ်။ သံအရာရှိ့က -ဒီလိုမေးတာကောင်းပါတယ်။ သူတို့အင်္ဂလန်ဆို အရှေ့ဖက်ကမ်းခြေဒေသ၊ဇုန်တစ်ခုကို ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း တစ်ထောင်နီးပါးထည့်ဝင်လုပ်ဆောင်ဖို့ ရှိ့ပါတယ်။

-အင်္ဂလန်က ဖွံ့ဖြိုးရေးလုပ်မယ့်ဒေသဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ မထိမတို့ရသေးတဲ့၊ကမ္ဘာ့အပျိုစင်အဖြစ်ဆုံး ကမ်းခြေတွေ၊ကျွန်းစုတွေ ရှိ့ပါတယ်။

-အင်္ဂလန်ဟာ အဆိုပါကမ်းခြေတွေကျွန်းစုတွေ မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ အဓိကရင်းနီုးမြုပ်နှံလုပ်ကိုင်သွားဖို့ရှိ့ပါတယ်လို့ဖြေခဲ့ပါတယ်။ သူမက ဆက်ပြီး-အဲ့လိုပဲ မင်ဒါနာအိုကျွန်းမှာ လုံးဝတူးဖော်ထုတ်လုပ်ရခြင်းမရှိ့သေးတဲ့ သဘာဝသယံဇာတတွေ များစွာရှိ့ပါတယ်။

-နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားဖြစ်မယ့်၊သူတို့အလိုရှိ့တဲ့ သယံဇာတအပေါ်မူတည်ပြီး ၊သူတို့လိုချင်တဲ့ ဇုန်အလိုက်၊ဒေသအလိုက်ကို ဖွံ့ဖြိုးရေးလုပ်ကြမှာဖြစ်ပါတယ်။

-အချို့နိုင်ငံတွေကတော့ ဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေးအကြောင်းခံနဲ့ ဖွံ့ဖြိုးရေး ရံပုံငွေထည့်ဝင်လုပ်ကိုင်ကြတာဖြစ်ပါတယ်လို့ အလင်းပြပါတယ်။

(*အော် !!! အဲ့လိုလား!! ဖိုက်စတားဟိုတယ်ရှေ့ ရိုးရာမုန့်ဈေးတန်းလေးမှာ ညစာစားရတဲ့ ဘဝကိုပါလေ့လာခိုင်းတဲ့ မြန်မာပြည်က ငြိမ်းချမ်းရေး လူကြီးမင်းများကို မေတ္တာတွေ၊မေတ္တာတွေ ပွားရပါတယ်။ မင်ဒါနာအိုကျွန်းလေ့လာရေးအစီအစဉ်မှာ ဆော်ဒီအိမ်ရှေ့စံလှုဒါန်းထားတဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံး၊အခန်းနားဆုံး ဗလီကြီး ကိုလေ့လာခွင့်ရခဲ့ပါတယ်။ မင်ဒါနာအိုကျွန်းရဲ့ကျေးရွာများနဲ့လူမှု့စီးပွားဘဝတွေက မြန်မာပြည်နဲ့မကွာလှတာမို့ “ရွှေကျောင်းပြောင်ပြောင်၊ဝမ်းခေါင်ခေါင်”ဆိုတဲ့ မြန်မာဆိုစကားနဲ့မြန်မာပြည်လိုပါပဲ၊သိပ်မကွာလှပါဘူး။


စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်မည်-လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ဆိုတာကြီးလုပ်ပါတယ်။-NCA ပွဲတွေလုပ်ပါတယ်။

-လုပ်သမျှပွဲ ရန်ကုန်သံတမန်အသိုင်းအဝိုင်းက မတက်ဖူးဆိုတာ ဘယ်နိုင်ငံသံရုံးကထုတ်ပြန်တယ်မကြားမိပါဘူး။ မှန်းဆကြည့်ရတာတော့ -စစ်အုပ်စု အခင်းအကျင်းသစ်ပြီးတော့ Peace Call ငြိမ်းချမ်းရေးခေါ်သံလာမယ် မှန်းပါတယ်။(ဦးသိန်းစိန်နဲ့၂၀၁၀ အခင်းအကျင်းကရွက်ကင်းလျောက်၊တစ်ပတ်လည်)

-EROs တွေကို ဈေးပိုပေးပါလိမ့်မယ်။
(တရုတ်နယ်စပ်၊ထိုင်နယ်စပ် မှီခိုများ China Order,USA Order လိုက်နာကြရပါမယ်။)
စောဆန်းအောင်ပြောသလို”ဘယ်တတ်နိုင်မလဲလေ၊တို့ဘဝတွေက ဒီလိုပဲလေ”ပြောလာကြရပါလိမ့်မယ်။

-ပင်မတော်လှန်ရေးထဲမှာ နဝတ၊နအဖ ခေတ်က EROs တွေရခဲ့တဲ့ တပ်တည်ရှိ့ခွင့်၊နယ်မြေထိမ်းသိမ်းခွင့်၊စီးပွားရေးလုပ်ခွင့်နဲ့ခွဲထုတ်၊ဖဲ့ထုတ်ရေး လုပ်လာနိုင်ပါတယ်။(ဖွဲ့စည်းပုံ တစ်ရပ်ရပ်‌ဘောင်ထဲ သွင်းလာနိုင်ပါတယ်၊)

-ပြည်မနဲ့တိုင်းရင်းသားလူငယ်အင်အားစုများကအချို့ကို “ငြိမ်းချမ်းရေးအပျော်တန်းကြိုးဝိုင်း ” အတွင်း ဒွန်ကင်းတို့ ရုံသွင်းဖို့ ဖြစ်လာမှာဖြစ်ပါတယ်။

-၈၈၊၉၆ စသဖြင့် အပါအဝင် မျိုးဆက်အသီးသီးထဲကအချို့ “ငြိမ်းချမ်းရေးလက်မှက် ” ကိုင် ဆောင်ပြီးပွဲခင်းထဲ ဖျာဝင်ခင်းနိုင်ပါတယ်။

-ငြိမ်းချမ်းရေးဟာ အန္တရာယ်လဲကင်း၊ကုသိုလ်လဲရ၊ဝမ်းလဲဝ အသက်မွေးဝမ်း‌ကြောင်းလုပ်ငန်း(ငြိမ်းချမ်းစီးပွား)တစ်ခုဖြစ်လာနိုင်ပါတယ်။

စစ်အုပ်စုအတွင်းပိုင်းပြသနာကို-ဖိလစ်ပိုင်အစိုးရတပ်နဲ့မိုရိုအစ္စလန်းမစ် တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးယူစဉ်ကျင့်သုံးခဲ့တဲ့ “ငြိမ်းချမ်းရေးထိုးစစ်”အမှတ်ပေးစနစ်ကျင့်သုံးလာနိုင်ပါတယ်။

-ဖိလစ်ပိုင်စစ်တပ်ဟာ “ငြိမ်းချမ်းရေး စစ်ဆင်ရေး” စတာနဲ့*နယ်မြေအလိုက်၊တပ်ဖွဲ့အလိုက် ငြိမ်းချမ်းအောင်လုပ်နိုင်တာကို ရာထူးတိုးရေးအတွက် အမှတ်ပေးစနစ်အဖြစ်သက်မှက်ပါတယ်။

*အောက်ခြေအဆင့်ကစပြီး တပ်ရင်း၊တပ်ဖွဲ့ နယ်မြေအလိုက် တစ်ဖက်က မိုရိုအစ္စလန်းမစ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ဆဲရေး ထူထောင်ခိုင်းပါတယ်။

*အပစ်အခတ်ရပ်ဆဲရေးစေ့စပ်နိုင်တဲ့ တပ်နယ်တွေအလိုက် ဖိလစ်ပိုင်စစ်တပ်က အရာရှိ့တွေနဲ့မိုရိုအစ္စလန်းမစ်ဖက်က အရာရှိ့တွေ အတူတစ်ကွတွဲလျက်ပုံတွေကို
ဗီနိုင်းဆိုင်းဘုတ်ကြီးတွေ ထောင်ကြပါတယ်။(စစ်နယ်အလိုက် ရာထူးကြီးတွေဆို မြို့ကြီး၊ရွာကြီးတွေမှာ ကိုကာကိုလာ ကြေငြာဆိုင်းဘုတ်လို အကြီးကြီးထောင်ကြပြီး၊နယ်ငယ် ရာထူးငယ်တွေလည်း မြိုငယ်၊ရွာငယ်များမှာ ပိုးသတ်ဆေး၊အပင်အားတိုးဆေး ကြေငြာဆိုင်းဘုတ်တွေလောက် ထောင်ကြပါတယ်။)

*နောက် NGO,CSO,ဖောင်ဒေးရှင်းပေါင်းစုံက အကောင်အထည်ဖော်မယ့် ဒေသဖွံ့ဖြိူရေး အလုပ်တွေကို နှစ်ဖက် စစ်အရာရှိ့တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပူးပေါင်းလုပ်ဖို့တွန်းအားပေးပါတယ်။

*စစ်ပြိုင်ဖက်နှစ်ဖက်ဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတူတွဲလုပ်ရင်း တစ်ဦးကိုတစ်ဦးနားလည်လာက လုပ်ဖော်ကိုင်ဖက် ညီရင်းအစ်ကိုတွေဖြစ်သွားစေပါတယ်။(ခေတ်စကားနဲ့ဆို အစဉ်တွေကိုပြေလို့ပေါ့။

*ဖိလစ်ပိုင်စစ်တပ်မှာ ရာထူးတိုးချင်ရင် နယ်မြေငြိမ်းချမ်းရေးနဲ့နယ်မြေဖွံ့ဖြိုးရေးကို မိုရိုအစ္စလန်းမစ် ဒေသခံ အရာရှိ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ကြောင်း ပြရပါတယ်။

*ငြိမ်းချမ်းရေးထိုးစစ်အောင်မြင်မှ ဖိလစ်ပိုင် စစ်ဖက်၊အရပ်ဖက် ရာထူးတိုးပေါ်လစီကျင့်သုံးလာပါတယ်။

*အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအစီအစဉ်ကို ငြိမ်းချမ်းရေးလုပ်မှ အကောင်အထည်ဖော်နိုင်မယ်၊သပိတ်ဝင်၊အိပ်ဝင်လာမယ်ဆိုတာကို နှစ်ဖက်အဖွဲ့အစည်းတွေကို သဘောပေါက်စေပါတယ်။

စစ်အုပ်စုဘာလုပ်လာနိုင်ပါသလည်း၊နိုင်ငံတစ်ကာက ဘယ်လိုဝင်လာနိုင်ပါသလည်းဆိုတာကို ဖိလစ်ပိုင်ခရီးစဉ်အတွေ့အကြုံကနေ ဆဝါးကြည့်နိုင်ပါတယ်။ ဦးသိန်းစိန် NCA ကာလကထဲက တိုင်းရင်းသားအသီးသီးက ငြိမ်းချမ်းရေးအပြီး ဝင်လာမယ့်ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ဖွံ့ဖြိုးရေးဧဂျင်စီအသီးသီးဖွဲ့စည်းထားကြပြီးဖြစ်ပါတယ်။ အခြားတိုင်းရင်းသားများအကြောင်းမတို့ထိလိုပါဖူး။ မိမိတို့မွန်မှာတော့ ဦးသိန်းစိန်NCA ကာလကထဲက ပြည်နယ် ဖွံ့ဖြိုးရေးဧဂျင်စီဖွဲ့ထားပြီးပါပြီ။ အခုနွေဦးကာလမှာ ပြည်နယ်ဖက်ဒရယ်အစိုးရဆိုတာမှာလည်း အဲ့ဒီဧဂျင်စီက လူကြီးမင်းများကပဲ အမြင့်ဆုံးရာထူးတွေယူထားကြပါတယ်။ မော်စီတုန်းက စာလေးတွေအကြောင်းလေ့လာကြလို့ လူကြီးပေါ်လစီစကားပြောပါတယ်။အောက်ကကေဒါအဆင့်ဆင့်တွေက စာ‌လေးတွေ အုပ်လိုက်ကြီးဖမ်းပြီး လေ့လာကြနဲ့ဗျောင်းသတ်နေပါတယ်။ဒါကိုသိ့တော့ ဥက္ကဌမော်က စာလေးတွေကိုလေ့လာကြဆိုတာ စာကလေးတစ်ကောင်ကို ဖမ်းဆီးပြီး အသေစိတ်လေ့လာလိုက်ရင် ရပါပြီ၊အခြားစာလေးတွေအကြောင်းသိ့နိုင်ပါပြီလို့ ဟန့်တားယူရပြန်ပါတယ်။ ဥက္ကဌေမော်ရဲ့သီအိုရီအရ ဖက်ဒရယ်ကောင်စီများ၊ ဖက်ဒရယ်အစိုးရများ၊ဖက်ဒရယ်ယူနစ်များ ဆိုသည်များအကြောင်း အကုန်အစင်လေ့လာသိနိုင်ဖို့မဖြစ်နိုင်ပါဖူး။မိမိတို့ မွန်စာကလေးအကြောင်းကပဲလေ့လာကြည့်ပြီး ကျန်တဲ့စာကလေးတွေအကြောင်းသိ့ကြည့်ရတာပါပဲ။

အမေရိကန်သခင်ကိုယ်တော်မှိုင်းကြီးကတောင် ဧရာဝတီကောင်စီမှာလှမ်းပါထားတာမျိုး၊အသစ်ဖွဲ့လာတဲ့နယ်စပ်ကအစိုးရ ဆိုတာမျိုးတွေအကြောင်းဆက်လက်လေ့လာကြည့်ရတာပါ။ ထရမ့်ချပေးမယ့် မြန်မာဘတ်ဂျက်က ဘာသုံးရမယ်ခေါင်းစဉ်တွေခွဲပေးထားပါတယ်။ စစ်ရာဇတ်မှု့နဲ့လူ့အခွင့်ရေး ဘာရေး၊ညာရေးနဲနဲခွဲပေးထားပါတယ်။အသံလည်းထွက်လာပါတယ်။
တော်လှန်ရေးအင်အားစုတွေကို အမေရိကန်လိုသလို တံဆိပ်ကပ်လို့ရအောင်(အကြမ်းဖက်ပါအပါ) အချက်အလက်စုပေးကြဖို့ဗျောင်ကျကျတောင်ထုတ်ပြောပေးရတာ ကြားကြမှာပါ။
သစ္စာ ဆိုတာ ဂျိုနဲ့လားလို့မေးရမှာပါပဲ။ ဘယ်သူတွေကို ဘယ်လိုတံဆိပ်ကပ်ပြီးဖယ်ထုတ်မယ်၊ဘယ်သူတွေတော့ ကျန်အောင်ချန်မယ် ဆိုတဲ့ နိုင်ငံကြီးတွေ အလုပ်ကို ငွေအတွက်ဝိုင်းလုပ်ကြရင်တော့ သစ္စာကျိမ်စာစူးရောက်မှာပါ။

ဆက်ရရင်-မြန်မာပြည်ကို ပပဝတီလိုသဘောထားပြီး ခုနှစ်ပြည်ထောင် အိမ်မက်ကြီးကလည်း အသံတွေထွက်လာပါတယ်။

-မြန်မာပြည်တစ်ပိုင်း(တောင်ပိုင်း) ခုနှစ်ပြည်ထောင်ဖက်ဒရယ် အယူအဆကို သွေးတိုးစမ်း မရဲတရဲ တင်လာကြပါတယ်။(အမေရိကားအခြေစိုက်တွေက အစပြု့လာပါတယ်)

-စစ်အုပ်စုရဲ့ အလှည့်အပြောင်းမှာ
“ငြိမ်းချမ်းရေးလက်ပံပင်၊ဇရက်ကျ” ကြပါမယ်။

-ခုနှစ်ပြည်ထောင်ဖက်ဒရယ်အယူအဆကြီးကလည်း တစ်ပြည်ထောင်၊ဖွံ့ဖြိုးရေး ဧဂျင်စီတစ်ခု၊ဖွံ့ဖြိုးရေးရံပုံငွေပေးသူတစ်နိုင်ငံနဲ့ ဆိုရင် ကြည့်တော့ကောင်းမှာပါ။

-စကမ ရဲ့ အခင်းအကျင်းနဲ့ ခုနှစ်ပြည်ထောင်တို့ ဘယ်လိုခရီးဆက်မယ်ဆိုတာ တွေးကြည့်လိုပဲရပါမယ်။ အရပ်စကားပဲဖြစ်နေသေးပြီး လက်တွေ့ဖြစ်မလာသေးတော့ ပြေးကြည့်တာတော့ လုပ်မရသေးပါဘူး။

ဆဝါးတွက်ချက်ကြည့်ရတဲ့ အနာဂတ္တိ ဗေဒင်က ဗေဒင်သက်သက်ပါ။လက္ခဏာတွေကြည့်ပြီး ဟောကိန်းထုတ်ရတဲ့သဘောပါပဲ။အမျိုးမျိုးအဖြေထွက်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထဝီအပေါ်အခြေခံပြီး နိုင်ငံကြီးတွေက သူတို့အကျိုးစီးပွားအတွက် သူ့အပိုင်းနဲ့သူ အသုံးချစရာ စီမံကိန်းတွေရှိ့ထားကြပြီးသားပါ။ဥပမာ။တရုတ်က ကျောက်ဖြူ-ကူမင်း။ဂျပန်က ထားဝယ်-သီလဝါ၊အိန္ဒိယက ကုလားတန် -ရှေ့မျော်နဲ့ ဘိုကလေး ရေနံဓါတုနဲ့သံမဏိ့ဇုန် စသဖြင့် စီမံကိန်းကြီးတွေရှိ့ကြပြီးသားပါ။စီမံကိန်းကြီးတွေ ကိုယ့်အပိုင်းနဲ့ကိုယ် မျှမျှတတလုပ်ခွင့်လည်းခွဲပေးထားပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအကျိုးစီးပွားပြိုင်ပွဲနဲ့တိုးလာတဲ့အတွက် ငါကိုလုပ်ခွင့်မပေးရင်၊မင်းလည်းမလုပ်နဲ့ တွန်းကျတိုက်ကြရင်းကြားညှပ်နေပုံရပါတယ်။ ငါ့အပိုင်းနဲ့ငါအစဉ်ပြေသလို ခွဲလုပ်မယ်လို့စဉ်းစားကြလည်း ဘယ်သူမှ အေးအေးငြိမ်းငြိမ်းလုပ်ခွင့်ရမှာ မဟုတ်တာသေချာပါတယ်။ မြန်မာပြည်သူတွေနဲ့တော်လှန်ရေးအပေါ်ခုတုံးလုပ်ကိုယ်ကျိုးရှာပြီး စစ်အင်ပါယာအောက်က မြို့ပြပဒေသရာဇ်ငယ်များဘဝကို သာယာသွားနိုင်သူတွေကိုသတိပြု့သင့်ပါတယ်။ လက်တွေ့ပြေလယ်မှာလည်းမဟုတ်ပဲ တိုင်းပြည်နဲ့ပြည်သူပဲ နိုင်စုံဘုံကျွန်ဘဝရောက်သွားပြီး လွတ်မြောက်ရေးအတွက် ရှုန်းကန်ရင်း ပွတ်ပွတ်ဆူနေမှာပါ။

စစ်အုပ်စုက “သူ့အုပ်စိုးမှု့ကို ဗဟိုပြု့ထားရင်”

“အသိ့အမှတ်ပြု့ထားရင်”

ဘာပဲဖြစ်ဖြစ်၊တိုင်းပြည်အချုပ်အခြာအာဏာကို ထိုးအပ်ဖို့ ကို ကြိုးပန်းနေတာကို မြင်အောင်ကြည့်ကြဖို့ပါ။ ပင်မတော်လှန် ရေးလမ်း ကြောင်းကတော့ အပြောင်းအလဲမြန်တတ်တဲ့ မှီခိုနေရသူတို့ထံက ခွာကြရဖို့အခြေအနေ ပေါ်ပေါက်လာမှာပါ။ ပင်မတော်လှန် ရေးဟာ ယခင်အခါများကဲ့သို့ “တော်လှန်ရေးအလွမ်းဇာတ်” ထပ်မခင်းရဖို့အတွက်ဆို- “ကိုယ်နိုင်ငံလမ်းကြောင်းကိုအင်အားကြီးနိုင်ငံတွေရဲ့သေနင်္ဂဗျူဟာလုပ်ငန်းစဉ်နဲ့ချည်မထားသင့်ဘူး။ ” (ရဲဘော်ဖိုးသံချောင်း) ဆိုတာကို လေးနက်စွာဆင်ခြင်ပြီးမြေကြီးမြေပုံ တည်မြဲရေး ရဲဘော် ဗိုလ်ကြင်မောင်တင်သွင်းတဲ့” ပြည်ချစ်ဝါဒ “အခြေခံနဲ့ လမ်းစဉ်များချမှတ်နိုင်ကြပါစေကြောင်း။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်သည်။

ဓါတ်ပုံစာ-ဖိလစ်ပိုင် ငြိမ်းချမ်းရေးလိုလားသူများ

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.