08
Feb
ဖေဖော်ဝါရီ ၇၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ NCGUB ဝန်ကြီးချုပ်၊အာဇာနည် ဦးဘဝင်းသား၊ ဒေါ်အောင်ဆန်းစုကြည်စုရဲ့အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်း လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဒီနေ့ အမေရိကန်စံတော်ချိန် နံနက် ၇ နာရီမှာ ဒေါက်တာစိန်ဝင်းဟာ မေရီလင်း ပြည်နယ်၊ ဘာသက်စ်ဒါမြို့၊ Suburban ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့သိရပါတယ်။ "အာဇာနည်မျိုး သေရိုးမရှိပါ။ ဆရာဟာ 88မှာ NCGUB ရဲ့ပဲ့ကိုင်ပါ။ ကျနော်တို့ ကျောင်းသားလိုင်းက ရဲဘော်တွေ အားလုံး မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုမှာ ဆရာတာဝန်ယူ လုပ်ဆောင်ခဲ့တာတွေကို အမြဲအမှတ်ရနေမှာပါ"လို့ ၈၈မျိုးဆက် တဦးကပြောပါတယ်။ (more…)