ဖေဖော်ဝါရီ ၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က မြန်မာနယ်စပ်ဒေသသို့ ထိုင်းလျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဖြတ်တောက္မည်ကိုအတည်ပြုပြောကြားကြောင်း ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) မှ တာဝန်ရှိသူများကပြောကြားသည်ဟု The Nation သတင်းက ဖေဖော်ဝါရီ ၄ ရက်ကဖော်ပြသည်။
အိမ်နီးချင်း မြန်မာနိုင်ငံ မြဝတီ နယ်စပ်မြို့နယ်တွင် လည်ပတ်နေသော တယ်လီကွန်း လိမ်လည်မှု စင်တာများကို နိုင်ငံစုံက ပူးပေါင်းနှိမ်နင်းမှုတွင် ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုသတင်းကဆိုသည်။
အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ Phumtham က အဆိုပါပြဿနာသည် ထိုင်းနိုင်ငံအတွက် ဆိုးရွားစွာ အကျိုးသက်ရောက္မှုရှိစေကြောင်း အလေးပေးပြောကြားခဲ့ပြီး ဇွန်လအတွင်း ထိုင်းလူမျိုး ၅၀၀,၀၀၀ ကျော်သည် call center လိမ်လည်မှု၏ သားကောင်များဖြစ်လာကြောင်း ပြောကြားခဲ့သည်။
Call Center လိမ်လည်မှုများသည် နိုင်ငံအတွက် ဘတ်ဘီလီယံ ၆၀ ကျော် နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း Cyber Crime Investigation Bureau မှ အချက်အလက္များကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။ နိုင်ငံ၏လုံခြုံရေးကို ထနခိုက်ပါကNSC သို့မဟုတ် အစိုးရအဖွဲ့ မှ အမိန့်မစောင့်ဆိုင်းဘဲ PEA မှ ဓာတ်အားဖြတ်တောက်ရန် အခွင့်အာဏာရှိကြောင်း ၎င်းက အတည်ပြုပြောကြားသည်။
“မြဝတီမြို့ကို ဓာတ်အား ဖြတ်တောက်သင့်သည်တယ်လို့ ဒီနေ့မှာNSC မှ PEA ကိုအကြောင်းကြားပြီး လိုက်နာရန် ပျက်ကွက်သူ ဘယ်သူမဆို ထိုင်းနိုင်ငံသို့ ဖုန်းခေါ်ဆိုလိမ်လည္သည့့် ဂိုဏ်းများကထိခိုက်စေမှုကိုခွင့်ပြုတာကြောင့် အရေးယူခံရမှာဖြစ်တယ်”၎င်းက သတိပေးပြောဆိုသည်။
အဂတိလိုက်စားမှုဟာ မြန်မာနိုင်ငံအတွက် လျှပ်စစ်မီးရရှိရေးမှာ အထောက်အကူဖြစ်စေမလားဆိုတာ မသေချာပေမယ့် လာဘ်ပေးလာဘ်ယူမှုကိုတော့ သည်းခံမှာမဟုတ်ဘူးလို့သူကဆက် ပြောပါတယ်။
ရွှေကုက္ကို၊ KK Park နှင့် မြဝတီအပါအဝင် ဓာတ်အားဖြတ်တောက်မည့်နေရာများကို သက်ဆိုင်ရာ အေဂျင်စီများက သတ်မှတ်ပေးသင့်သည်ဟု Phumtham က ပြောသည်။ အိမ်နီးနားချင်းမြန်မာဘက္မှမြို့ သုံးမြို့သည် လိမ်လည်မှုနှင့် လူကုန်ကူးမှုများအတွက် အချက်အချာနေရာများအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ မြဝတီမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက္မှု ရှိ၊ မရှိ မေးမြန်းရာတွင် အဆိုပါနေရာမှ အိမ်ထောင်စုများအား ထိခိုက်စေနိုင်ပြီး မြန်မာအစိုးရအနေနှင့် မြန်မာပြည်သူများကို ဂရုစိုက်သင့်ကြောင်းနှင့် ၎င်း၏ နယ်မြေတွင် ရာဇ၀တ်ဂိုဏ်းများ ကျူးလွန်ခွင့်ပေးခြင်းအတွက် တာဝန်ယူသင့်ကြောင်း ၎င်းက ပြောသည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာစစ်အစိုးရနှင့် မဟာမိတ်ပြုထားသော ကရင်နယ်ခြားစောင့်တပ်၏ စီရင်ပိုင်ခွင့်အောက်တွင် လည်ပတ်နေကြသည်။
Ratchamanu Taskforce မှ တာ့ခ်ခရိုင် မဲဆောက်တွင် စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။
PEA အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကမြဝတီမြို့နှင့် ကပ်လျက်အဆိုပါ ဧရိယာကို ကိုယ်တိုင် စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
#သောင်ရင်းသတင်းလွှာ #မြဝတီ #ထိုင်း #မီးဖြတ် #ကျားဖြန့်