ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း တုပ်ကွေးရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၀၇,၅၇၀ ရှိကြောင်း မှတ်တမ်းတင်ထားပြီး ကိုးဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်၀ါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟုThe Nation သတင်းကဖေါ်ပြသည်။
လူနာသစ်များသည်တစ်ပတ်လျှင်၁၅၀၀၀ ခန့် တိုးလာကြောင်း ၂၀၂၄ခုနှစ် အလားတူကာလအတွင်း တစ်ပတ်လျှင် 10,000 နှင့် နှိုင်းယှဉ်ပါကများပြားကြောင်းရောဂါထိန်းချုပ်ရေးဌာန (DDC) မှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Jurai Wongsawat က ပြောသည်။
အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေးများတွင် ကူးစက်မှု အများဆုံးဖြစ်ပြီး ယင်းနောက်တွင် လေးနှစ်အောက် နှင့် အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား ကလေးများ အသီးသီး ရှိသည်။ အဖြစ်အများဆုံး အမျိုးဗိုင်းရပ်စ်အမျိုးအစားမှာ A/H1N1 (၂၀၀၉) ဖြစ်သည်။ သေဆုံးသူ ကိုးဦးတွင် အငယ်ဆုံးမှာ ၁၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၈၆ နှစ်ဖြစ်ကြောင်း Jurai မှ ပြောကြားခဲ့ပါသည်။ အားလုံးမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပြီးပြီဖြစ်သည်။
တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးခရိုင်၁၀ ခုမှာ ဖရာအို၊ လပူန်၊ ချင်းရိုင်၊ ဖူးခက်၊ ချင်းမိုင်၊ လိုင်ပန်၊ ဘန်ကောက်၊ နန်၊ ဥဘွန်ရတ်သ်သီနီနှင့် နွန်သဘူရီတို့ ဖြစ်ကြောင်းသိရသည်။ ကျောင်းများ၊ အကျဉ်းထောင်များနှင့် စစ်စခန်းများတွင် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် Covid-19 အစီအမံများကို လျှော့ပေါ့ပေးပြီးနောက် တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် နှစ်စဉ်မြင့်တက်နေကြောင်း Jurai မှပြောကြားခဲ့သည်။
ထို့အပြင်၊ အထူးသဖြင့် မနှစ်ကလည်း ကာလတာရှည်အအေးဒဏ်ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ တိုးပွားလာသောအခါတွင် ပတ်ဝန်းကျင်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟုဆိုသည်။ “ကိန်းဂဏန်းတွေအရ တုပ်ကွေးဟာ ကလေးတွေကြားမှာ လျင်မြန်စွာ ပျံ့နှံ့နေပါတယ်။ ကျောင်းများမှာရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ တင်းကျပ်တဲ့အစီအမံများ ချမှတ်ရန် အကြံပြုထားပါတယ်။ ကလေးမှာ တုပ်ကွေးရောဂါဖြစ်ရင် နောက်ထပ်မပြန့်ပွားအောင် ကာကွယ်ဖို့ အိမ်မှာ အနည်းဆုံး ၃ရက်ကနေ၅ ရက်လောက် နေသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
အထူးသဖြင့် အသက် ၆ လမှ ၂နှစ်ကြား ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် နာတာရှည် ကျန်းမာရေး ပြဿနာရှိသူများ အပါအဝင် အန္တရာယ်ရှိသော အုပ်စုဝင်များသည်တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးသင့်သည်ဟု ၎င်းက ဆက်လက်ပြောသည်။