မြေကြီး၊ မြေပုံတည်မြဲရေးအတွက် မြင့်မြင့်တက်၊ ဝေးဝေးကြည့် နိုင်ကြပါစေကြောင်း

မြေကြီး၊ မြေပုံတည်မြဲရေးအတွက် မြင့်မြင့်တက်၊ ဝေးဝေးကြည့်နိုင်ကြပါစေကြောင်း
———————————————–
ဒီဇင်ဘာ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမေရိကန်က ငွေလိမ်ဂိုဏ်းတွေနှိမ်နင်းဖို့ အထူးအလုပ်အဖွဲ့ ဖွဲ့တယ်။ဥပဒေပြဌာန်းတယ်။စကမ ပြောရေးဆိုခွင့် ဇော်မင်းထွန်းက Hidden Agenda ဖုံးကွယ်ထားတဲ့၊လျှိုဝှက်အစီအစဉ်ရှိတယ်လို့ထွက်ပြောပါတယ်။ နောက်ဆက်တွဲသတင်းမျိုးစုံတွေကတော့ ကျားဖျန့်တွေ ရန်ကုန်နဲ့မြန်မာပြည်အတွင်းပိုင်းမြို့ကြီး‌တွေကို ပြောင်းရွေ့အခြေစိုက်တဲ့သတင်းတွေတက်လာပါတယ်။ နောက် ထူးခြားချက်တစ်ခုကတော့ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ကွန်ဒိုအထပ်မြင့်အိမ်ရာအရောင်းမြင့်တင်ရေးကြေငြာတွေ အုံနဲ့ကျင်းနဲ့တက်လာတာကိုတွေ့ရပါတယ်။
တရုတ်ရဲ့ဖိ့အားနဲ့ကျားဖျန့်နိုမ်နင်းရေးကတော့ ကရင်ပြည်နယ် KK Parkနဲ့ရွှေကုက္ကိုလ်က ကျားဖျန့်စင်တာတွေဖျက်ဆီးပြတဲ့သတင်းနဲ့အချိန်ကိုက်ဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီးက ဘားအံနဲ့မော်လမြိုင်ကို လက်တလောသွားပါတယ်။လန်းချန်း-မဲခေါင် စီမံကိန်းတွေ အတွက်ပြောကြားသွားတာ တွေ့ရပါတယ်။ တရုတ်က သူ့ရဲ့ ၅ နှစ်စီးပွားရေးစီမံကိန်းနဲ့ အိမ်နီးနားချင်းများပူးတွဲ အကျိုးခံစားခွင့်ဆိုတာကိုလည်း လက်တလော သံရုံးက ပြောကြားနေတာလည်း တွေ့ရပါတယ်။ နောက် တော်လှန်ရေးအဖွဲ့တွေရဲ့ ၁၉ဖွဲ့ တပ်ပေါင်းစုသတင်းက ရှေ့တန်းရောက်လာပါတယ်။NUG အပါအဝင်၊အဖွဲ့အများစုက အားပေးတဲ့သဘော စာထုတ်ကြတာကို တွေ့ရပါတယ်။ ပြောရေးဆိုခွင့် ခွန်ဘီထူးကလည်း NUG အပါအဝင်၊EROs များနဲ့လည်း ဆွေးနွေးခဲ့တဲ့အကြောင်းပါပါတယ်။


ကျားဖျန့်တွေ ရန်ကုန်နဲ့မြို့ကြီးတွေကိုရွေ့ပြောင်းလာတာနဲ့ပတ်သက်ပြီး စစ်ဖက်က မင်္ဂလာဒုံ တပ်နယ်မှူးနဲ့အုပ်ချုပ်ရေးမှူးကို အရေးယူပြတဲ့သတင်းအရ သေချာတဲ့သဘောမှတ်ယူရပါတယ်။ ကျားဖျန့် ကစားပွဲဟာ နယ်စပ်ကနေ ရန်ကုန်အပါအဝင် အတွင်းပိုင်းကို ရွေ့လာနိုင်မယ်ထင်ပါတယ်။အမေရိကန်ကျားဖျန့်နှိမ်နင်းရေးနဲ့တရုတ်ကျားဖျန့်နှိမ်နင်းရေးတို့ ပြည်တွင်းကျားဖျန့်ကစားပွဲမှာ ဘယ်လိုကစားကြမယ်မသိရသေးပါဘူး။ ရန်ကုန်နဲ့ပြည်တွင်းကိုရွေ့လာတဲ့ ကျားဖျန့်နှိမ်နင်းရေးဟာ အမေရိကန်ကျားဖျန့်နှိမ်နင်းရေးနဲ့ခရီးဆက်မလား၊တရုတ်ကျားဖျန့်နှိမ်နင်းရေးနဲ့ ခရီးဆက်မလား။ စစ်အုပ်စု စကမ က ရန်ကုန်အပါအဝင်မြို့ကြီးတွေကို ရွေ့ပြောင်းလာတဲ့ကျားဖျန့်နှိမ်နင်းရေးမှာ တရုတ်နဲ့ပူးပေါင်းမလား၊အမေရိကန်ကျားဖျန့်ကို ဝိုင်းကူမှာလားစိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ရက် စကမ သတင်းစာရှင်းလင်းပွဲမှာ ဇော်မင်းထွန်းက သွေးဆိုးတွေဖောက်ထုတ်ရမယ် ပြောပါတယ်။စစ်အုပ်စုအတွင်းမှာ ကျားဖျန်းအကြောင်းပြပြီး ဖြုတ်၊ထုတ်၊ရှင်း တွေလုပ်လာနိုင်မလား၊လက်ဦးသူ အပြန်အလှန် ဖြုတ်၊ထုတ်၊သတ် တွေဖြစ်လာနိုင်မလား မှန်းဆကြည့်ရပါတယ်။ အမေရိကန်ကျားဖျန့်နှိမ်နင်းရေး၊တရုတ်ကျားဖျန့်နှိမ်နင်းရေး၊၁၀၂၇ ကျားဖျန့်စစ်ဆင်ရေး၊ကရင်ပြည်နယ်ကျားဖျန့်နှိမ်နင်းရေးစသဖြင့်ကျားဖျန့်ကစားကွင်းနဲ့ ဇော်မင်းထွန်းပြောတဲ့ Hidden Agenda တွေက စိတ်ဝင်းစားစရာပါ။ နိုင်ငံရေးမှာ မတော်တစ်ဆ တိုက်ဆိုင်သာမရှိ နိုင်ငံရေးဆိုတာ မမြင်ရတဲ့ အင်အားစုတွေ တွန်းထို့ရုန်းကန်လှုပ်ရှားမှု့ကို ရင်ဆိုင်ထိမ်းချုပ်ရတဲ့အလုပ်ဖြစ်တယ် ဆိုတဲ့ အဆိုအမိန့်တွေအရ သိမ်မွေ့လာပြီဖြစ်ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင် က ပြည်ချစ်ဝါဒမှာ မြန်မာပြည်ရဲ့မြေကြီးမြေပုံ တည်မြဲရေးကို အသေအချာသတိ့ပေးခဲ့ပါတယ်။ တရုတ်-အမေရိကန် ပါဝါပျော့လွန်ဆွဲပွဲက ကြာမယ်၊တော်တော်နဲ့ပြီးမယ်မဟုတ်လို့ဆိုခဲ့ပါတယ်။

မြန်မာပြည်စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ပင်မရေစီး နိုင်ငံရေး၊ပင်မရေစီး တော်လှန်ရေးအဖွဲ့အသီးသီး‌အနေနဲ့ NUG ,PDF တပ်ဖွဲ့များဖြစ်စေ၊လိုကယ် အဖွဲ့မျိုးစုံဖြစ်စေ၊တပ်ပေါင်းစုမျိုးစုံဖြစ်စေ”မြန်မာပြည် မြေကြီး၊မြေပုံ တည်မြဲရေး”ဆိုတဲ့ သံမဏိ့စည်းမျဉ်း၊အနီရောင်လိုင်း၊ထမင်းရည်ပူစည်း အနေနဲ့ မှုဝါဒ၊ပြတ်ပြတ်သားသားထုတ်ပြန်ပေးကြဖို့ လိုအပ်လာတယ်လို့ယူဆပါတယ်။ နိုင်ငံတစ်ကာ ကစားကွက် ရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိတို့က ရိုးရိုးကြီး တွေးခေါ်လုပ်ကိုင်နေ၍မရလို့ ရဲဘော်ဗိုလ်ကြင်မောင်က သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒ အနှစ်ချုပ်ဟာ မြေကြီး၊မြေပုံတည်မြဲရေး လို့ပုဂ္ဂလိကသဘော်ပေါက်မိပါတယ်။ ရဲဘော်ဗိုလ်ကျင်မောင်က ပြည်ချစ်ဝါဒ မှာအကျိုးမရှိ့တဲ့စစ်ကိုတိုက်မှာမဟုတ်ပေမယ့်အကျိုးရှိ့တဲ့စစ်ဆို ဘယ်သူတိုက်တိုက်၊မတိုက်တိုက်မိမိတို့ကတိုက်မှာဖြစ်တယ်လို့ နက်နဲတဲ့အဓိပ္ပါယ်နဲ့ဆိုခဲ့ပါတယ်။ မှီခိုသူရဲ့သုခ နဲ့ မှီခိုသူရဲ့ ဒုက္ခအကြောင်းကိုလည်း သူတို့ကိုယ်ပိုင်ဘဝပေးအသိ့နဲ့ သတိပေးခဲ့ပါတယ်။ နောက်နိုင်ငံတစ်ကာ နိုင်ငံကြီးတွေအလိုကျ လိုက်လုပ်နေရတဲ့ “နိုင်ငံတစ်ကာ ကိုပြာတာ”တွေဖြစ်သွားကြမှာလည်းသတိ့ပေးခဲ့ပါတယ်။ အခြေအနေတွေရှုတ်ထွေးပြီး လမ်းပျောက်နေရင်”မြင့်မြင့်တက်၊ဝေးဝေးကြည့်”ဖို့ သွန်သင်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရယ်၊ကျားဖျန့်တွေ မြန်မာပြည်အောက်ပိုင်းမြို့ကြီးတွေကို အခြေစိုက်လာတာရယ်၊အမေရိကန်ရဲ့ ကျားဖျန့်နှိမ်နင်းရေး အထူးအဖွဲ့နဲ့ ဥပဒေရယ် စသဖြင့် စသဖြင့်-တရုတ်၊အမေရိကန် ကျားဖျန့်ကစားပွဲ အရှိန်ရလာတာနဲ့အမျှ အခြေအနေ အပြောင်းအလဲသစ်တွေ အများကြီးဖြစ်နေပါတယ်။

မြေကြီး၊မြေပုံ တည်မြဲရေး အခိုင်အမာရပ်တည်ချက်နဲ့
မြင့်မြင်တက်၊ဝေးဝေးကြည့် နိုင်ကြပါစေကြောင်း။
အကျိုးရှိ့တဲ့ စစ်ကိုတိုက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် နိုင်ကြပါစေကြောင်း။

စိမ်းမောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.