ဇန်နဝါရီ ၂၉၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
စစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပြုပေးထားတဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီမိသားစုဝင် ၁၁ဦးကို တရုတ်ဘက်က ကျားဖြန့်ကိစ္စနဲ့ပတ်သတ်ပြီး သေဒဏ်ပေးလိုက်ပြီလို့ သတင်းတွေကဖော်ပြထားပါတယ်။ မြီမိသားစုဝင်တွေကို တရုတ်တရားရုံးဘက်က သတ်ဖြတ်မှု၊ ဒဏ်ရာရစေမှု၊ တရားမဝင် ဖမ်းဆီးမှု၊ လိမ်လည်မှု၊ လောင်းကစားမှု တွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ပေးလိုက်တာလို့သိရပါတယ်။
အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေကနေ တဆင့် ဒေါ် လာ ၁ ဒသမ ၄ ဘီလီယံအထိ ရရှိခဲ့တဲ့ မြီမိသားစုဟာ တရုတ်တရားရုံထံ အယူခံဝင်ခဲ့ပေမယ့် တရားရုံးဘက်က ပယ်ချခဲ့ပြီး ဝမ်ကျိုးတရားရုံးကနေ သေဒဏ်စီရင်ခဲ့တာလို့သိရပါတယ်။ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် မြီမိသားစုရဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်းကြောင့် တရုတ်နိုင်ငံသား ၁၄ဦးသေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

#သောင်ရင်းသတင်းလွှာ #ကိုးကန့် #မြီမိသားစု #တရုတ် #သေဒဏ်ချမှတ်