ဇန်နဝါရီ ၂၆၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ဒီနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘာမင်ဂရက်ဆေးရုံမှာ ဆေးဝါးကုသနေတဲ့ ဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေး ကွယ်လွန်သွားတာလို့သိရပါတယ်။
ဒေါက်တာမြင့်ထွေးဟာ ရခိုင်ပြည်နယ်၊ စစ်တွေဇာတိဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာလည်း အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့ရာကနေ ၂၀၂၆ခုနှစ် NLD အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အခုလိုကွယ်လွန်သွားတဲ့ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာမြင့်ထွေးအတွက် သူ့မိတ်ဆွေတွေက လူမှုကွန်ရက်ပေါ်မှာ စိတ်မကောင်းကြောင်းတွေ ဖော်ပြနေကြပါတယ်။
#သောင်ရင်းသတင်းလွှာ #NLD #ကျန်းမာရေးဝန်ကြီး #ဒေါက်တာမြင့်ထွေး #ကွယ်လွန်