အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား

ဇန်နဝါရီ ၂၄၊ ၂၀၂၆။ သောင်ရင်းသတင်းလွှာ

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရှူးက ၁၉၂၇ ခုနှစ်ထဲက”ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်သည် နယ်ချဲ့အရင်းရှင်လက်ဟောင်း ဗြိတိန်နှင့်နယ်ချဲ့အရင်းရှင်လက်သစ်အမေရိကန်တို့ပူးပေါင်းပြီး ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ပြီးကျွန်ဘဝမှလွတ်မြောက်လိုသောကြောင်ရုန်းကန်တိုက်ပွဲဝင်နေသော နိုင်ငံများကို ကြီးမားသောဖိအားဖြင့် ဖိနှိပ်ထားရန်ဖြစ်သည်”ဟု မျော်မြင်သုံးသပ်ပြခဲ့ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က”အမေရိကန်မှာ အစိုးရလုပ်သူဟာWASP(တိုက်ရိုက်ဘာသာပြန်ရင် နကျယ်၊နကျီကောင်) ဆိုတဲ့ဝေါဟာရတောင်ပေါ်ခဲ့ပါတယ်။(W) ဖြူရမယ်၊(As)အင်ဂလိုဆက်စွန်မျိုးနွယ်(အင်္ဂလိပ်မျိုးနွယ်)၊(P) ခရစ်ယာန်(ပရိုစတက်စတင့်ဂိုဏ်းသား)ဖြစ်မယ်လိုတောင်ပြောရတဲ့အထိပဲ”လို့ဆိုခဲ့ပါတယ်။” အမေရိကန်ဟာ လူမည်းတွေပါသမ္မတဖြစ်ခွင့်ရှိ့လာပေမယ့် အမေရိကန်အစိုးရဆိုတာ စီမံခန့်ခွဲရေးအတွက်သာဖြစ်ပါတယ်။အမေရိကန်ကို အဓိကချဲလှယ်ထားတာက‌ မော်ဂန်၊ရော့ချိုင်းတို့လို ငွေဘီလူးမိသားစုကြီး ၂၀၀ ကျော်လောက်ပဲဖြစ်ပြီး အမေရိကန်မှာ ကြိုက်တဲ့သူကြိုက်တဲရာထူးယူလို့ရပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ အဆိုပါမိသားစုဝင်တွေထဲကပဲအလှည့်ကျယူထားတာလို့ နီကိတင်ရဲ့ နိုင်ငံရေးဘောဂဗေဒစာအုပ်မှာ ဖွင့်ဆိုရှင်းလင်းထားပါတယ်။ ယခု ထရန်လက်ထက်မှာ အမေရိကန်ရဲ့အပြု့အမှုများဟာ ဗျောင်ကျကျဗိုလ်ကျစိုးမိုးရေးဆန်လာပါတယ်။ ထရန့်က UN လက်အောက်ခံအဖွဲ့အစည်းတွေကနေ နှုတ်ထွက်လိုက်ပြီး ရံပုံငွေထည့်ဝင်တော့မှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်UN ကို ပစ်ပယ်လိုက်ပြီး ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်ကို ချမှတ်ဖို့ ခြေလှမ်းစလှမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က (Board of Peace) ဆိုပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို တင်လာပါတယ်။အမေရိကန်ဘာလုပ်လုပ်၊အဆိုတင်တင် နောက်ကထပ်ချပ်မခွာလိုက်နေတာက အင်္ဂလန်နဲ့ဩစတေးလျားပဲဖြစ်ပါတယ်။

အမေရိကန်ဟာ အမေရိကတိုက်ပထဝီဝင်ဖြစ်ပါတယ်။အင်္ဂလန်က ဥရောပပထဝီဖြစ်ပါတယ်။ဩစတေးလျားကအာရှဒေသအတွက် ပထဝီအချက်အချာဖြစ်နေပါတယ်။ အားလုံးက အင်ဂလို-ဆက်ဆွန်ကိုလိုနီဟောင်းတွေဖြစ်လို့ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ဖို့ဆိုတာထက် (Powerful Anglo-Saxon Axis) ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန် ဝင်ရိုးတန်းကို ဦးတည်နေတယ်လို့ မြင်ရပါတယ်။ ဝင်ရိုးတန်းတွေနောက်ကို စပိန်တို့ဟန်ဂေရီတို့လိုက်သလိုခေတ်သစ်ဝင်ရိုးတန်းနောက်လိုက်တွေကလည်း သူ့အကြောင်းနဲ့သူ လိုက်ပါစုဖွဲ့နေကြတာ BOP အစည်းအဝေးတက်တဲ့နိုင်ငံတွေစာရင်းမှာတွေ့နိုင်ပါတယ်။အလားတူ လက်မခံနိုင်တဲ့အုပ်စုများ၊နိုင်ငံများကိုလည်းတွေ့နိုင်ကြပါတယ်။ဒါဟာ အနာဂါတ်စုဖွဲ့မှု့ ကို တင်ကြိုတွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။

*အမေရိကန်ရဲ့(Board of Peace) အစီအစဉ်ဟာ

*ပုံဖျက်ထားတဲ့ ဝင်ရိုးတန်းအစီအစဉ်(Axis Order) ဆိုရင် လာမယ့်ကမ္ဘာ့အခင်းအကျင်းမှာ *ဝင်ရိုးတန်းမဟာမိတ်တွေ ဆက်တိုက်ပေါ်ထွက်လာနိုင်ပါတယ်။

အမေရိကန်၊ထရန့်ရဲ့ Board of Peace ဟာ(Powerful Anglo-Saxon Axis)အင်ဂလို-ဆက်ဆွန်ပါဝါလား
———————————————–

ပထမကမ္ဘာစစ်ပြီးတော့ အမေရိကန်ဟာ ထိပ်သီးနိုင်ငံဖြစ်သွားပြီး အင်္ဂလန်က ထိပ်သီးနေရာကကျသွားတယ်လို့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီးနေရှုးကဆိုခဲ့ပါတယ်။ အင်္ဂလန်ဟာ ကိုလိုနီနယ်များကိုထိမ်းထားနိုင်မှသာ ဒုတိယအဆင့်ကိုထိမ်းနိုင်မှာဖြစ်တယ်၊ကိုလိုနီနယ်တွေသာ လက်လွတ်လိုက်ရရင် ကမ္ဘာ့အဆင့် သုံး၊လေး နေရာမက ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။အမေရိကန်ဟာ အင်္ဂလန်ကိုကျော်တက်လာပြီး နယ်ချဲ့ပထမနိုင်ငံကြီးဖြစ်လာတယ်လို့လည်း သုံးသပ်ပြခဲ့ပါတယ်။ အမေရိကန်ဟာ ဥရောပပြသနာများကိုဝင်မပါပေမယ့် မွန်ရိုးဝါဒနဲ့ အမေရိကတိုက်ထဲမှာနယ်ချဲ့နေခဲ့တာပဲဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးကာလမှာ နှစ်ဖက်စလုံးကို လက်နက်၊လောင်စာနဲ့ကုန်စည်တွေရောင်းပြီး အမြတ်ထုတ်ခဲ့ပါတယ်။ဒါအပြင် အမေရိကန်သမ္မတ ဝီဆင်လ်က သူ့အခြေခံမှု ထုတ်ပြန်ပြီး ဥရောပကကိုလိုနီနိုင်ငံတွေကိုလွတ်လပ်ရေးပေးဖို့ ထုတ်ပြန်ပါတယ်။ နိုင်ငံပေါင်းချုပ်အသင်းကြီး(L N )ဖွဲ့ဖို့ဆော်ဩခဲ့ပေမယ့် လက်တွေ L N ဖွဲ့တော့ မပါခဲ့ပါဘူး။ အမေရိကန်ဟာ ကွန်မွန်ဒိုပယ်ရီနဲ့အတင်းတံခါးဖွင့်စေခဲ့တဲ့ ဂျပန်ကို ခေတ်မှီဖွံ့ဖြိုးအောင်လုပ်ပေးပါတယ်။ဖွံ့ဖြိုးလာတဲဂျပန်ဟာ ဈေးကွက်နဲ့ကုန်ကြမ်း အတွက် ကိုလိုနီဝေစု အတွက် တရုတ်၊ကိုရီးယား၊မန်ချူးတို့ကို ကျူးကျော်ပါတယ်။LN က မမြင်ချင်ယောင်ဆောင်ပေးခဲ့ပါတယ်။ ဂျပန်ကိုအမေရိကန်တံခါးဖွင့်ပေးတာကိုက အာရှကုန်းမကြီးနဲ့ကုန်သွယ်ရာမှာ ကြားထောက်စခန်းအဖြစ်သုံးဖို့၊ဇာဘုရင်နဲ့ဆိုဗီယက်(ရုရှား)တို့ ပစိဖိတ်ထဲကျွံဝင်မလာဖို့ အစောင့်နိုင်ငံအဖြစ်၊အမေရိကန်ရဲ့ Conner Stone State အဖြစ်အသုံးချဖို့ရည်ရွယ်ပါတယ်။

ဂျပန်ကလည်း ရုရှားနဲ့စစ်ပွဲတစ်ပွဲဆင်နွဲပြီး အနိုင်ယူခဲ့ပါတယ်။ရုရှား-ဂျပန်စစ်ပွဲမှာ ဂျပန်ကို အမေရိကန်၊ဂျာမဏီ၊အီတလီ၊အင်္ဂလန်စသဖြင့် ကိုလိုနီအင်ပါယာတွေက လက်နက်ခဲယမ်း၊ငွေကြေးစသဖြင့် အကြီးအကျယ်ထောက်ပံ့ကြပါတယ်။ဂျပန်အတွက် အမေရိကန်က ဟောင်ဝတ်စ်ဇာ အမြောက်ကြီး ကျည်ပေါင်း ၈ သိန်း သင်းဘောနဲ့တစ်ခါပို့တာဖတ်မှတ်ရပါတယ်။
ရုရှား-ဂျပန်စစ်ဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်ခဲယမ်း၊ငွေကြေးနဲ့ဂျပန်စစ်သားတွေကတစ်ဖက် ရုရှားကတစ်ဖက်ဖြစ်တဲ့ Proxy War ကြားခံစစ်ပွဲ(ယနေ့ ယူကရိန်း-ရုရှားစစ်ပွဲ ကဲသို)လိုပဲ ဆိုရမှာဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်တော့ ဂျပန်ဟာမဟာမိတ်ဖက်ကပါခဲ့ပေမယ့် ပထဝီကြောင့်ခွဲတန်းဝေစုမရဘူးလို့ ခံပြင်းနေပါတယ်။တရုတ်ကိုကျူးကျော်ပါတော့တယ်။ထိုစဉ်က ဂျပန်ရဲ့ကျူးကျော်စစ်ကို LN ကဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ပါတယ်။လေ့လာရေးကော်မရှင်တွေ၊စာထုတ်တာတွေကတော့ ယနေ့ UN လိုပဲလုပ်ပေးပါတယ်။ ပထမကမ္ဘာစစ်ပြီးတော့ စစ်နိုင်နိုင်ငံတွေစုပေါင်းပြီး ကမ္ဘာ့လုံခြုံရေးစနစ်အဖြစ် နိုင်ငံပေါင်းချူပ်အသင်းကြီး LN ဖွဲ့ပါတယ်။အဓိကစစ်ရှုံးသူ ဂျာမဏီကို နလံမထူနိုင်အောင် ဗာဆိုင်း စာချုပ်နဲ့ကန့်သတ်ပါတယ်။ ဂျာမန်ဝိုင်မာသမ္မတနိုင်ငံဟာ ဗာဆိုင်းစာချုပ်ကိုမလွန်ဆန်နိုင်တာကြောင့် ဂျာမန်မှာ အကြီးအကျယ် ငွေကြေးဖောင်းပွပြီး စီးပွားရေးအခြေအနေဆိုးရွားလာပါတယ်။ဂျာမန်ရဲ့ ဆိုးရွားလှတဲ့စီးပွားရေးအခြေအနေကြောင့်ဗာဆိုင်းစာချုပ်ကိုဆုတ်ဖြဲမယ့် လက်ယာစွန်းဝါဒီဟစ်တလာအာဏာရလာပါတယ်။ဟစ်တလာဟာ ဂျာမန်ရဲ့စစ်အင်အားကိုတိုးချဲ့လာပြီး နောက်ထပ်စစ်ကြီးတစ်ခုအတွက်စစ်ပြင်ဆင်ပါတော့တယ်။

အီတလီမှာလည်း လက်ယာစွန်း မူဆိုလီနီအာဏာရလာပါတယ်။အလားတူ ဂျပန်မှာလည်း ကိုလိုနီတိုးချဲ့ရေးကိုလိုလားတဲ့ လက်ယာစွန်းစစ်အုပ်စုက ထိမ်းချုပ်လာပါတယ်။ ဥရောပနိုင်ငံများအရေးနဲ့ပက်သက်လို့ ဂျာမန်နဲ့အီတလီတို့ပွတ်တိုက်မှု့ရှိ့ကြပေမယ့် နောက်ဆုံး ဘာလင်-ရောမ ဝင်ရိုးတန်း(Axis)ဖွဲ့နိုင်ခဲ့ပါတယ်။အဆိုပါဝင်ရိုးတန်းမှာ ဂျပန်ကလည်းပါဝင်လာပြီး ရောမ-ဘာလင်-တိုကျို ဝင်ရိုးတန်းမဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ ဝင်ရိုးတန်းမဟာမိတ်ဖွဲ့ရခြင်းရဲ့ကနဦးရည်ရွယ်ချက်က ဆိုဗီယက်ဆန့်ကျင်ရေး၊ကိုမင်တန်(နိုင်ငံတစ်ကာကွန်မြူနစ်လှုပ်ရှားမှု့)ဆန့်ကျင်ရေးနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတို့ဖြစ်ပါတယ်။ ဝင်ရိုးတန်းပါဝါရဲ့ အဓိက ဦးတည်ချက်က ကိုလိုနီနယ်မြေချဲ့ထွင်ရေးပဲဖြစ်ပါတယ်။ကမ္ဘာ့တိုက်ကြီးတွေမှာ အခြားကိုလိုနီအင်ပါယာတွေလက်ဦးထားလို့ အိမ်နီးချင်းတွေကို နယ်ချဲ့ဖို့ ဝင်ရိုးတန်းမဟာမိတ်ဖွဲ့ကြတာဖြစ်ပါတယ်။ ဥရောပသမိုင်းအချိုးအကွေ့ဟာ ဂျာမန်ဝင်ရိုးကိုဖြတ်သွားရတာကြီးပဲဆိုတဲ့အခြေခံပေါ်မှာ ဂျာမဏီနဲ့အီတလီ ဝင်ရိုးဖွဲ့ကြတာဖြစ်ပါတယ်။ယနေ့ကမ္ဘာ့စနစ်အစီအစဉ်ဖြစ်တဲ့ ဝတ်စ်ဖေးလီးယန်း နိုင်ငံတစ်ကာစနစ်ဟာ ပရိုတက်စတင့်ဂျာမန်မင်းသားနယ်များနဲ့ရောမကျောင်းတော် အားပြိုင်မှု့ကနေ နှစ် ၃၀ နှင်းဆီဘာသာရေးစစ်ပွဲပြေငြိမ်းပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဥရောပမှာ ကျောင်းတော်နိုင်ငံရေးနဲ့ရောမ အင်ပါယာပြိုဆင်းသွားပေမယ့် ဥရောပါအင်ပါယာရှင်များက ရောမဧကရာဇ် ဆီဇာကိုဆက်ခံသူတွေအဖြစ် ဇာ ရူးရူးကြပါတယ်။ရုရှားအင်ပါယာက ဇာဘုရင်တွေလည်း ရောမဆက်ခံသူ ဇာ ဘုရင်ခံယူပါတယ်။ဂျာမန် ကိုင်ဇာကလည်း ဇာပါပဲ။ဩစထရို-ဟန်ဂေရီကလည်း ဇာ ဆက်ခံသူပါပဲ။ ဟစ်တလာကတော့ ရောမ ဆီးနိပ်တွေအလေးပြု့ပုံကိုယူပါတယ်။အခန်းအနား၊အဆောက်အဦ၊အဆောင်အယောင်တွေမှာ ရောမမင်းခန်းမင်းနားပုံစံအပြည့်လုပ်ပါတယ်။အီတလီက မူဆိုလီနီတို့က ရောမစစ်တပ်အလေးပြု့ပုံနဲ့အဆောင်အယောင်တွေယူကြပါတယ်။

ဥရောပ မှာ အင်္ဂလန်ကို သိပ်တန်းမထားကြပါဖူး။ဂျာမန်အစွယ်အပွား အိမ်ဂျဲလ် တွေရွေ့ပြောင်းအခြေချတာကို အစွဲပြု့ပြီး အင်္ဂလန်လို အမည်တွင်တာဖြစ်တော့ ဂျာမန်တွေက သူတို့ထက်နိမ့်တဲ့သူတွေလို့မြင်ကြပါတယ်။ နယ်ချဲ့ဝါဒ၊စက်မှု့တော်လှန်ရေးနဲ့ကိုလိုနီနယ်များကြောင့် အင်္ဂလန်ဟာ ဥရောပမှာ ရှေ့တန်းရောက်လာတာဖြစ်ပါတယ်။ ပြင်သစ်ကလည်း နပိုလီယံလက်ထက်က (Contenaital Law)ထုတ်ပြီး ဥရောပတစ်တိုက်လုံး အင်္ဂလိပ်နဲ့ကုန်သွယ်‌ ရေး လုပ်ရင် ပြင်သစ်က တားဆီးပိုင်ခွင့်ရှိ့တယ် လုပ်ခဲ့ပါတယ်။ အင်္ဂလန်ဂာ သူနဲအစဉ်မပြေတဲ့ ဥရောပကုန်းမကြီးအတွက် ဟန်ချက်ထိမ်းရေး ပေါ်လစီများနဲ့ ကစားခဲ့ပါတယ်။ဥရောပဟန်ချက်မှာ ပြင်သစ်အားကြီးလာရင် ဂျာမန်၊ရုရှားတို့နဲ့မဟာမိတ်လုပ်ထိန်းညှိသလို၊ဂျာမန်အားကြီး လာရင် ရုရှားနဲ့ဟန်ချက်ထိမ်းပါတယ်။ အင်္ဂလိပ်နဲ့ပြင်သစ်ရဲ့ဘုံအကျိုးစီးပွားကလည်း ဥရောပကုန်းမြေပေါ်မှာ ဂျာမဏီနဲ့ရုရှားပူးပေါင်းမသွားရေးဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ပြီးတော့ အင်္ဂလန်ဟာ ကိုလိုနီအင်ပါယာ ပထမအဆင့်နေရာကို သူ့ကိုလိုနီဟောင်း အမေရိကန်ကိုလွဲပေးလိုက်ရပါတယ်။ဒုတိယကမ္ဘာ့စစ်ပြီးတော့ ဥရောပ ပါဝါနိုင်ငံတွေအားလုံး အားအင်ချိနဲ့သွားပြီး အမေရိကန်ကဦးဆောင်သူဖြစ်လာပါတယ်။ ဆိုဗိယက်ကလည်း အရှေ့ဥရောပ၊ဗဟိုအာရှ၊ဘောလကန်ဒေသများကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့အတွက် ဆိုရှယ်နယ်ချဲ့အင်ပါယာ ပါဝါတစ်ဦးဖြစ်လာပါတယ်။ စစ်အေးခေတ်မှာ အမေရိကန်နဲ့ဆိုဗီယက်တို့အားပြိုင်တဲ့ ဝင်ရိုးနှစ်ခု(Bipolar) စနစ်နဲ့နိုင်ငံတစ်ကာစနစ် ကုလသမဂ္ဂ UN,UNSC စနစ်တို့နဲ့ ဆိုဗီယက်ပြိုကျတဲ့ကာလအထိဖြတ်သန်းခဲ့ကြပါတယ်။ စစ်အေးခေတ်ပြီး ကမ္ဘာ့အစီအစဉ်သစ်အတွက်အားပြိုင်မှု့ကာလ‌ကြီးထဲရောက်နေပါတယ်။ထွန်းသစ်စ တရုတ်၊အိန္ဒိယ၊ဘရာဇီးလ်၊အင်ဒို၊တောင်အာဖရိက၊မက္ကစီကို စသဖြင့်နိုင်ငံတွေက ဝင်ရိုးစုံ ဗဟုဝင်ရိုးကမ္ဘာစနစ်ကို ကြိုးပန်းနေကြပါတယ်။အမေရိကန်ကလည်း သူသာလျင် စူပါပါဝါဖြစ်တဲ့အတွက် ဧကဝင်ရိုး(Unipolar) စနစ်ကျင့်သုံးဖို့အားထုတ်နေပါတယ်။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးနေရှူးက ၁၉၂၇ ခုနှစ်ထဲက”ယခုအခါ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ်သည် နယ်ချဲ့အရင်းရှင်လက်ဟောင်း ဗြိတိန်နှင့်နယ်ချဲ့အရင်းရှင်လက်သစ်အမေရိကန်တို့ပူးပေါင်းပြီး ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ပြီးကျွန်ဘဝမှလွတ်မြောက်လိုသောကြောင်ရုန်းကန်တိုက်ပွဲဝင်နေသော နိုင်ငံများကို ကြီးမားသောဖိအားဖြင့် ဖိနှိပ်ထားရန်ဖြစ်သည်”ဟု မျော်မြင်သုံးသပ်ပြခဲ့ပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က”အမေရိကန်မှာ အစိုးရလုပ်သူဟာWASP(တိုက်ရိုက်ဘာသာပြန်ရင် နကျယ်၊နကျီကောင်) ဆိုတဲ့ဝေါဟာရတောင်ပေါ်ခဲ့ပါတယ်။(W) ဖြူရမယ်၊(As)အင်ဂလိုဆက်စွန်မျိုးနွယ်(အင်္ဂလိပ်မျိုးနွယ်)၊(P) ခရစ်ယာန်(ပရိုစတက်စတင့်ဂိုဏ်းသား)ဖြစ်မယ်လိုတောင်ပြောရတဲ့အထိပဲ”လို့ဆိုခဲ့ပါတယ်။” အမေရိကန်ဟာ လူမည်းတွေပါသမ္မတဖြစ်ခွင့်ရှိ့လာပေမယ့် အမေရိကန်အစိုးရဆိုတာ စီမံခန့်ခွဲရေးအတွက်သာဖြစ်ပါတယ်။အမေရိကန်ကို အဓိကချဲလှယ်ထားတာက‌ မော်ဂန်၊ရော့ချိုင်းတို့လို ငွေဘီလူးမိသားစုကြီး ၂၀၀ ကျော်လောက်ပဲဖြစ်ပြီး အမေရိကန်မှာ ကြိုက်တဲ့သူကြိုက်တဲရာထူးယူလို့ရပေမယ့် ဘဏ္ဍာရေးဝန်ကြီးကတော့ အဆိုပါမိသားစုဝင်တွေထဲကပဲအလှည့်ကျယူထားတာလို့ နီကိတင်ရဲ့ နိုင်ငံရေးဘောဂဗေဒစာအုပ်မှာ ဖွင့်ဆိုရှင်းလင်းထားပါတယ်။ ယခု ထရန်လက်ထက်မှာ အမေရိကန်ရဲ့အပြု့အမှုများဟာ ဗျောင်ကျကျဗိုလ်ကျစိုးမိုးရေးဆန်လာပါတယ်။ ထရန့်က UN လက်အောက်ခံအဖွဲ့အစည်းတွေကနေ နှုတ်ထွက်လိုက်ပြီး ရံပုံငွေထည့်ဝင်တော့မှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့အစီအစဉ်UN ကို ပစ်ပယ်လိုက်ပြီး ကိုယ်ပိုင်ကမ္ဘာ့အစီအစဉ်ကို ချမှတ်ဖို့ ခြေလှမ်းစလှမ်းလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်က (Board of Peace) ဆိုပြီး ငြိမ်းချမ်းရေးအစီအစဉ်သစ်ကို တင်လာပါတယ်။အမေရိကန်ဘာလုပ်လုပ်၊အဆိုတင်တင် နောက်ကထပ်ချပ်မခွာလိုက်နေတာက အင်္ဂလန်နဲ့ဩစတေးလျားပဲဖြစ်ပါတယ်။

အမေရိကန်ဟာ အမေရိကတိုက်ပထဝီဝင်ဖြစ်ပါတယ်။အင်္ဂလန်က ဥရောပပထဝီဖြစ်ပါတယ်။ဩစတေးလျားကအာရှဒေသအတွက် ပထဝီအချက်အချာဖြစ်နေပါတယ်။ အားလုံးက အင်ဂလို-ဆက်ဆွန်ကိုလိုနီဟောင်းတွေဖြစ်လို့ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန်ဘလော့(Powerful Anglo-Saxon bloc)ကိုထူထောင်ဖို့ဆိုတာထက် (Powerful Anglo-Saxon Axis) ပါဝါကြီးမားသော အင်ဂလို-ဆက်ဆွန် ဝင်ရိုးတန်းကို ဦးတည်နေတယ်လို့ မြင်ရပါတယ်။ ဝင်ရိုးတန်းတွေနောက်ကို စပိန်တို့ဟန်ဂေရီတို့လိုက်သလိုခေတ်သစ်ဝင်ရိုးတန်းနောက်လိုက်တွေကလည်း သူ့အကြောင်းနဲ့သူ လိုက်ပါစုဖွဲ့နေကြတာ BOP အစည်းအဝေးတက်တဲ့နိုင်ငံတွေစာရင်းမှာတွေ့နိုင်ပါတယ်။အလားတူ လက်မခံနိုင်တဲ့အုပ်စုများ၊နိုင်ငံများကိုလည်းတွေ့နိုင်ကြပါတယ်။ဒါဟာ အနာဂါတ်စုဖွဲ့မှု့ ကို တင်ကြိုတွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။

*အမေရိကန်ရဲ့(Board of Peace) အစီအစဉ်ဟာ

*ပုံဖျက်ထားတဲ့ ဝင်ရိုးတန်းအစီအစဉ်(Axis Order) ဆိုရင် လာမယ့်ကမ္ဘာ့အခင်းအကျင်းမှာ *ဝင်ရိုးတန်းမဟာမိတ်တွေ ဆက်တိုက်ပေါ်ထွက်လာနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ပထဝီအခြေအနေနဲကမ္ဘာ့အခြေအနေဖြစ်ထွန်းမှု့အသစ်‌တွေအရ အတော်ဂရုစိုက်ခင်းကျင်းရတော့မှာဖြစ်ပါတယ်။* ဝင်ရိုးတန်းပါဝါ(Axis Power)စုဖွဲ့မှု့ဆိုတာ နယ်ချဲ့တာ၊နယ်မြေတွေ စိတ်ပိုင်းတာကိုအပြန်အလှန်အသိအမှတ်ပြု့တာပါ။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အိန္ဒိယ၊တရုတ်တို့ဟာ အင်ဂလို-ဆက်ဆွန် ခြိမ်းခြောက်မှု့ဒဏ်ရာဟောင်းများနဲ့တိုင်းပြည်ဖြစ်တာကို သတိပြု့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံစစ်အာဏာရှင်စနစ်ဖြုတ်ချရေးတိုက်ပွဲကာလနဲ့ကမ္ဘာအခင်းအကျင်းသစ်အားပြိုင်လွန်ဆွဲနေတဲ့ကာလထဲရောက်နေတာက အကျဉ်းအကြပ်ဖြစ်နေပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလကလည်း မကြာမီက ပထဝီနိုင်ငံရေး အကျပ်အတည်းကိုအကြောင်းကို ပြောဆို သတိပေးသွားခဲ့ပါတယ်။ ယခင်ကာလက အာရုံစိုက်ခဲ့တဲ့ တရုတ်-အမေရိကန်လွန်ဆွဲပွဲအပြင် ယခုအခါ အကျိုးစီးပွားအားပြိုင်လွန်ဆွဲမှု့အလိုက် တူရာ၊တူရာ အုပ်စုဖွဲ့ဝင်ရိုးတန်းဖွဲ့တဲ့ Axis Game ကိုထည့်တွက်ဖို့လိုအပ်လာပြီလို့ ယူဆရပါတယ်။ဒီနေရာမှာ ရဲဘော်ဖိုးသံချောင်းရဲ့ကိုယ်နိုင်ငံလမ်းကြောင်းကိုအင်အားကြီးနိုင်ငံတွေရဲ့သေနင်္ဂဗျူဟာလုပ်ငန်းစဉ်နဲ့ချည်မထားသင့်ဘူး။ ကိုယ့်ယာမအောင်ရင် မိုးကိုဆဲ၊ နေကိုမဲ လုပ်တတ်တဲ့လူတွေ လောကမှာ မနည်းပါဘူး။ အလားတူပဲ တချို့လူတွေဟာ ဒီနေ့ ပြည်တွင်းနိုင်ငံရေးမှာလည်း ဘာလုပ်ရမှန်းမသိရင် တရုတ်ကိုဆဲ၊ ကုလားကိုမဲ မမှားဘူးဆိုတာမျိုးနဲ့ စခန်းသွားနေကြပါတယ်။ ခုနက ယာသမားလိုပဲ အရည်မရ၊ အဖတ်မရသာ ဖြစ်မှာပါ။ ဆိုတဲ့ သတိပေးချက်ကို လေးနက်စွာ ဆင်ခြင်ကြည့်ကြဖို့ပါ။

ထရန့်ရဲ့ BOP ကြောင့် ဝင်ရိုးတန်းသစ်များပေါ်မပေါ်
“မြင့်မြင်တက်၊ဝေးဝေးကြည့်” ကာလံ၊ဒေသ၊ပရောဂ မှန်ကန်စွာတွက်ချက်ခင်းကျင်းနိုင်ပါစေကြောင်း။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ပုဂ္ဂလိကအာဘော်သာဖြစ်သည်။

ကိုးကား။ ။-အိန္ဒိယကို ထူထောင်ခြင်း(ကိုကိုလေး/ပြန်)
-ပြည်သူ့အာဏာဆောင်းပါးများ(ရဲဘော်ကြင်မောင်)

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.