လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေ

ဒီဇင်ဘာ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အာဏာလုစစ်အုပ်စုဘက်က မန္တလေး ဈေးချိုမှာ ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဆုကြေးငွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့မန္တလေး လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရတယ်လို့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ပြည်သူကို အသိပေးထုတ်ပြန်ထားပါတယ်။ မနေ့က ထုတ်ပြန်ချက်အရ ဆုကြေးငွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့မန္တလေး လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီး သူ့အတွက် အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ မန္တလေး လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို အာဏာလုစစ်အုပ်စုဘက်က ပြင်းထန်တဲ့ ရိုက်နှက်ထိုးကြိတ်တာတွေပြုလုပ်ခဲ့တာကြောင့် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။


ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC- MDY)နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိ နှိုင်းရေးအင်အားစု (GSCB)တို့ရဲ့ အဖွဲ့ဝင်တဦးဖြစ်တယ်လို့သိရပါတယ်။ ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စုကသာ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ် တယ်လို့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂက သတိပေးထုတ်ပြန်ထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *

No widgets found. Go to Widget page and add the widget in Offcanvas Sidebar Widget Area.